backup og meta

ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

    ဒူးနာတယ်ဆိုတာတော်တော်များများဖြစ်တတ်ကြတဲ့ပြဿနာတစ်ခုပါ။ အသက်ကြီးသူတွေမှ ဒူးနာတာမဟုတ်ပါဘူး၊ ငယ်တဲ့သူတွေလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် ဒူးနာဝေဒနာခံစားရတတ်ပါတယ်။ ဒူးကိုအားစိုက်အသုံးပြုမှုများလွန်းခြင်း(ဥပမာ -လှေကားအတက်အဆင်းများလွန်းတာ)ထိခိုက်မှုတစ်ခုခုကြောင့်၊

    အရိုးပွခြင်း ကြောင့်၊ အဆစ်နာဂေါက်ရောဂါ စတာတွေကြောင့်ပါဝင်ပါတယ်။

    ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာလာပြီဆိုရင်သက်သာအောင်အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင်ပြီးပြီပဲထင်ကြတယ်။ ခဏသက်သာလိုက်၊ပြန်နာလိုက်၊ဆေးပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီးနောက်ဆုံးအစာအိမ်ထိတဲ့အထိဖြစ်လာနိုင်ပါတယ်။ဆေးကြောင့်သက်သာနေချိန်မှာပဲဖြစ်ဖြစ်၊ နာကျင်နေချိန်မှာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင်နေနိုင်ရင်ပျောက်ကင်းဖို့ ပိုမြန်ဆန်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဒူးနာတဲ့အခါ သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို အကြံပြုပေးလိုက်ပါတယ်။

    ၁) နာတယ်ဆိုပြီး အရမ်းငြိမ်မနေပါနဲ့

    နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်တာ သင်သိရဲ့လား။ အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့်ခပ်ဖြည်းဖြည်း လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကိုအရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။

    ၂) ဒူးစွပ် စွပ်ပါ

    ဒူးက တော်တော်လေးနာတာဆိုရင် ဒူးစွပ် စွပ်ထားသင့်ပါတယ်။ ဒါမှ ဒူးဆစ်ရဲ့လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကိုအထောက်အကူဖြစ်စေမှာပါ။ အနည်းအကျဉ်းနာတာဆိုရင် ဒူးစွပ်ကြောင့် ဒူးနားတဝိုက်ကြွက်သားတွေကိုအားနည်းစေပြီး ရေရှည်မှာ နာကျင်မှုပိုဆိုးစေနိုင်လို့ အမြဲစွပ်ထားဖို့မလိုပါဘူး။

    ၃)ရေနွေးအိတ်ကပ်ပါ

    နာကျင်ကိုက်ခဲမှုနဲ့ရောင်ရမ်းမှုတွေကို ခဏတာသက်သာစေဖို့ အထောက်အကူပြုပါတယ်။ လျှပ်စစ်နဲ့ပလပ်ထိုးအပူပေးရတဲ့ရေနွေးအိတ်တွေထက်ရေနွေးပူပူထည့်ပြီးသုံးရတဲ့ရေနွေးအိတ်တွေက ဒူးဆစ်ကို အပူဓါတ်ပေးနိုင်ဖို့ အာနိသင်ပိုကောင်းပါတယ်။

    ၄) ကိုယ်အလေးချိန်လျှော့ချပါ

    ကိုယ်အလေးချိန်များနေတဲ့သူတွေဟာ ထိုက်သင့်သလောက်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အစားဆင်ခြင်တာတွေနဲ့ အဆီချသင့်ပါတယ်။ ဒါမှ ဒူးဆစ်နဲ့ခန္ဓါကိုယ်အပေါ် သက်ရောက်နေတဲ့ဝန်တွေလျော့ပါးစေမှာဖြစ်ပါတယ်။

    ၅)ဒူးဆစ်လှုပ်ရှားမှုရှိပါစေ

    နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀လောက်တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေခြေထောက်လှုပ်ရှားပေးတာ(ဒူးဆစ်လှုပ်ရှားမှုအနည်းငယ်ပါအောင် ဟိုလှုပ်ဒီလှုပ်ဆိုလည်းရပါတယ်)မျိုး လုပ်သင့်ပါတယ်။ ကြာရှည်မတ်တပ်ရပ်နေချိန်မှာ (ဥပမာ အရောင်းဝန်ထမ်းလို ပုံသေရပ်နေရတဲ့အခြေအနေမျိုး) မိနစ် ၃၀လောက်တစ်ကြိမ် ဟိုလျှောက် ဒီလျှောက်လုပ်တာ ဒါမှမဟုတ် ခဏလောက်ထိုင်လိုက်တာမျိုး လုပ်သင့်ပါတယ်။

    ၆)ရှောင်ကြဉ်ဖို့

    ဆောင့်ကြောင့်ထိုင်တာ၊ခြေထောက်ချိတ်ထိုင်တာ၊လှေကားတက်တာတွေရှောင်ကြဉ်ရပါမယ်။ မလွှဲသာလို့လှေကားတက်ရမယ်ဆိုလည်း တည့်တည့်တက်တာထက်ဘေးလေးစောင်းပြီးဖြည်းဖြည်းချင်းတက်သင့်ပါတယ်။

    ၇) ဖိနပ်

    အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုရွေးချယ်သင့်ပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျအောင်၊ ဒူးကိုဖိအားသက်ရောက်စေနိုင်တဲ့ ဖိနပ်မျိုး၊ဒေါက်မြင့်ဖိနပ်မျိုးကို မစီးသင့်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement