backup og meta

ငါးကြီးဆီနှင့် နှလုံးကျန်းမာရေး


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငါးကြီးဆီနှင့် နှလုံးကျန်းမာရေး

    အိုမီဂါသရီးသည် ကျန်းမာရေးနှင့်ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိသည်ဟု ဟိုးယခင်ကတည်းကပင်ဆိုခဲ့ကြသည်။ ငါးကြီးဆီစားခြင်းဖြင့် နှလုံးရောဂါကိုကာကွယ်ကုသနိုင်သည်ဟုအကြံပြုထားကြသည်။ သို့သော်လည်း ကျွန်ုပ်တို့ ခန္ဓါကိုယ်သည် Omega 3 fatty acids (ငါးကြီးဆီ) ကိုမထုတ်လုပ်နိုင်ပါဘူး။ လုံလောက်သော ပမာဏရနိုင်ရန်အတွက် ဖြည့်စွက်စာစားခြင်း (သို့) အစားအစာထဲတွင် ငါးအဆီထည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။

    အိုမီဂါ သရီး (Omega-3 fatty acids)

    အသားတွင်ရှိသော ပြည့်ဝဆီသည် သွေးအတွင်း ကိုလက်စထရောကိုတက်စေပါသည်။ သို့သော်လည်းငါးတွင် မပြည့်ဝဆီ (ငါးကြီးဆီ) ကြွယ်ဝပါသည်။ ငါးကြီးဆီသည် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးအတွင်း မကောင်းသောအဆီများကို လျော့ကျစေသည်။ သွေးခဲခြင်း၊ လေဖြတ်ခြင်းတို့ကို လျော့ကျစေပြီး သင့်ကိုကျန်းမာစေပါသည်။ ငါးကြီးဆီလုံလောက်စွာ စားသုံးသောသူများသည် နှလုံးနှင့်ပတ်သက်သောရောဂါများ

    ဖြစ်ရန်အခွင့်အလမ်း နည်းပါးပါသည်။

    ငါးနှင့် ငါးကြီးဆီ

    လုံလောက်သော ငါးကြီးဆီပမာဏ ရရန်အတွက် အဆီများသောငါးများ (ဥပမာဆော်လမွန်၊ ဆာဒင်း၊ တူနာငါး)ကို ရွေးချယ်သင့်သည်။ ပင်လယ်စာအများစုသည် ငါးကြီးဆီပမာဏအသင့်အတင့် ပါဝင်သောကြောင့် သင်ကြိုက်နှစ်သက်ရာ ပင်လယ်စာစားသုံးပါကလည်း အကျိုးကျေးဇူးရနိုင်ပါသည်။ သို့သော်လည်း ငါးခူ၊ တီလားဗီးယားငါးများ စားသုံးခြင်းကို ကန့်သတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးများတွင် ကျန်းမာရေးနှင့် မညီညွတ်သောအဆီများ ပါဝင်သောကြောင့် ဖြစ်သည်။ ငါးများကိုကြော်စားခြင်းထက် ကင်စားခြင်းသည် ပို၍ ကျန်းမာရေးနှင့် ညီညွတ်နိုင်ပါသည်။ တချို့လေ့လာချက်များအရ မွေးမြူရေးငါးမဟုတ်သောငါးအရိုင်းများသည် ကျန်းမာရေးနှင့် ညီညွတ်သည်ဆိုကြသော်လည်း မွေးမြူရေးငါးများ (ဥပမာ-ကကတစ်ငါး၊ ဆော်လမွန်ငါး)များသည် ငါးအရိုင်းများထက် ငါးကြီးဆီအမြောက်အမြားပါဝင်ပါသည်။

    ငါးပမာဏ မည်မျှစားလျှင် လုံလောက်ပါသလဲ။

    တစ်ပတ်ကို ငါးပမာဏ (၇)အောင်စသည် အရွယ်ရောက်လူတစ်ယောက်အတွက် လုံလောက်ပါသည်။ လူအများစုသည် ငါးတွင်ပါဝင်သော ပြဒါးနှင့် အခြားအဆိပ်များ သင့်မည်ကိုစိုးရိမ်ကြ သည်။ အမှန်စင်စစ် ငါးကြီးဆီစား၍ ရမည့်အကျိုးကျေးဇူးသည် ရမည့်ဆိုးကျိုးထက်ပို၍ သာလွန်ပါသည်။ ငါးကို အချိန်အကြာကြီး ပုံမှန်စားသုံးမှသာလျှင် ပြဒါးဓါတ်များခန္ဓါကိုယ်တွင်း စုပုံလာနိုင်ပါ သည်။ ပြဒါးဓါတ်သည် လူကြီးတွင်နှလုံးကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ သို့သော်လည်း ကလေးငယ်နှင့် သန္ဓေ သားကိုတော့ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များသည် ငါးကို သင့်တင့်မျှတစွာ စားသုံးသင့်ပါသည်။

    အကယ်၍ သင်သည် ငါးနှင့်ဓါတ်မတည့်သူဆိုလျှင် ငါးအစား ဖြည့်စွက်စာကို စားသုံးသင့်သည်။ အိုမီဂါ သရီး(omega 3 fatty acid)ပါသောအခြားအစားအစာများမှာ သစ်ကြားသီး၊ ပဲပိစပ် ဖြစ်သည်။ လေ့လာချက်များအရ တခြားအစားအစာမှရသော အိုမီဂါသရီးသည် နှလုံးနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးအနည်းငယ်သာရှိသည်။ သွေးတွင်း အိုမီဂါသရီးများစေနိုင်သော အခြားနည်းလမ်းမှာ အသားနှင့် ဥကိုလျော့စားခြင်း ဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement