နောက်တစ်ချက်က စတီးရွိုက်က စားဆေး၊ ထိုးဆေး၊ ရှူဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ ဒါပေမယ့် စားဆေးကပဲ အဓိကဖြစ်တာပါ။ ကျန်တာတွေကြောင့် ဖြစ်တာက ရှားပါတယ်။
- စပ်ဆေးတွေ သောက်တာ – ဒါကတော့ ကိုယ့်သဘောကိုယ် သောက်တာပေါ့။ စပ်ဆေးမှာ စတီးရွိုက်ပါမှန်းလည်း သိချင်မှ သိမှာပါ။ ဒါပေမယ့် အညောင်းပြေတယ်၊ နေရတာ ပေါ့တယ်၊ စားဝင်အိပ်ပျော်တယ်ဆိုပြီး စွဲသောက်ရာကနေ ကိုယ်ထဲမှာ များလာပြီး ကူးရှင်း ရောဂါစုဖြစ်လာတာပါ။
စတီးရွိုက်တွေ များတဲ့အခါ ဘာလက္ခဏာတွေ ပေါ်လာတတ်သလဲ။
စတီးရွိုက်များတဲ့သူက သူ့မှာ သိသာထင်ရှားတဲ့ ပုံပန်းသဏ္ဍန်ရှိပါတယ်။ ဆေးပညာအရတော့ ဒါကို ကူးရှင်းရုပ်လို့ ခေါ်တာပေါ့။ လူကို ကြည့်လိုက်ရင်
- ဝမယ်။ ဝမ်းဗိုက်မှာ အဆီစုနေမယ်။ မျက်နှာကလည်း လပြည့်ဝန်းကြီးကို ပြည့်ဖောင်းဖောင်းဖြစ်နေမယ်။ လည်ဂုတ်မှာ အဆီတွေစုနေမယ်။ ပုခုံးနှစ်ဖက်မျာလည်း အဆီတွေ စုနေပြီး ကျွဲပုခုံးကြီးလို ဖောင်းထနေမယ်။
- ဗိုက်တွေ၊ ပေါင်တွေ၊ ရင်ဘတ်တွေ၊ လက်မောင်းတွေမှာ ခရမ်းရောင် အကြောပြတ်ရာတွေ ရှိမယ်။
- အနာတစ်ခုခုဖြစ်ရင် တော်ရုံနဲ့ ကောင်းကောင်းမကျက်ဘူး။
- ဝက်ခြံတွေ ထွက်လာမယ်။
ရုတ်တရက်ကြည့်ရင်တော့ ဆေးတွေသောက်ပြီး စားကောင်းအိပ်ပျော်လို့ ဝလာတယ်လို့ ထင်စရာရှိပါတယ်။ တကယ်က ဆေးကြောင့် အဆီတွေစုပြီး ဝနေတာပါ။ ဒါက ရောဂါပါ။ သာမန်ဝတာ မဟုတ်ပါဘူး။ ဒါ့ပြင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။