backup og meta

ကင်ဆာကြောင့် နာကျင်မှုအား သက်သာအောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကြောင့် နာကျင်မှုအား သက်သာအောင် ဘယ်လိုလုပ်မလဲ

    ကင်ဆာဝေဒနာရှင်တစ်ဝက်လောက်က နာကျင်မှုကိုခံစားရပြီး ကင်ဆာကုသမှုခံယူနေတဲ့လူနာ ၃ ယောက်မှာ ၁ ယောက်က နာကျင်မှုကိုခံစားရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါရှိတဲ့သူ အများစုက ကင်ဆာကြောင့် နာကျင်မှုခံစားရတယ်ဆိုတာ အမှန်ပါဘဲ။ တကယ်လို့ သင်က အဲဒီလူအများစုထဲမှာပါနေရင်လည်း စိတ်မပူပါနဲ့။ ဒီနာကျင်မှုတွေကို ထိန်းချုပ်ဖို့နည်းလမ်း အများကြီးရှိပါတယ်။

    ဘာက နာကျင်မှုကိုဖြစ်စေတာလဲ ?

    အကြောင်းအရင်း သုံးမျိုး ရှိပါတယ်။ အကျိတ်ကြောင့်နာကျင်ခြင်း၊ ကုသမှုကြောင့်နာကျင်ခြင်း၊ ခွဲစိတ်ပြီးနာကျင်ခြင်း တို့ဖြစ်ပါတယ်။ ကင်ဆာကြောင့်နာကျင်မှုအများစုက အကျိတ်ဟာအရိုးပေါ်၊ အာရုံကြောပေါ် ဒါမှမဟုတ် တခြားကိုယ်တွင်းအင်္ဂါပေါ်ကို သွားဖိတဲ့အခါဖြစ်ပါတယ်။ နာကျင်မှုအဆင့်က နေရာကိုလိုက်ပြီးကွဲပြားပါတယ်။ ဥပမာ – အာရုံကြောနား သို့မဟုတ် ကျောရိုးနာ့ဗ်ကြောနားမှာ အကျိတ်သေးသေးလေးရှိနေရင် အရမ်းနာကျင်နိုင်ပါတယ်။ တခြားနေရာတွေမှာ အကျိတ်ကြီးကြီးဖြစ်လည်း သိပ်အနေမခက်စေပါဘူး။ နာကျင်မှုက ကင်ဆာကိုယ်တိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာနားက တစ်ရှူးတွေပျက်စီးမှုကြောင့်ပါ။ လူနာအနေနဲ့ chemotherapy၊ ဓါတ်ကင်ခြင်းနဲ့ ခွဲစိတ်ခြင်းစတဲ့ကုသမှုတွေမှာလည်း နာကျင်မှုဖြစ်နိုင်ပါတယ်။ Chemotherapy က ပါးစပ်အနာပေါက်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အာရုံကြောထိခိုက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဓါတ်ကင်ခြင်းက ပူလောင်သလိုခံစားရခြင်း၊ နာကျင်နေတဲ့အမာရွတ်တွေကျန်ခဲ့ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်မှုကတော့ ပြန်ကောင်းဖို့တော်တော်အချိန်ယူရပါတယ်။ ခွဲစိတ်မှုအပြီးမှာ နာကျင်မှုဖြစ်တာက ပုံမှန်ဖြစ်တဲအတွက်ဒီနာကျင်မှုကို အမြန်ဆုံးနဲ့အထိရောက်ဆုံး ကုသဖို့အရေးကြီးပါတယ်။

    အခုပြောပြသွားမှာကတော့ နာကျင်မှုသက်သာစေမယ့် နည်းလမ်းတွေပါ။

    ဆေးသောက်ပါ။

    နာကျင်မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ သက်သာစေဖို့ ဆေးသောက်တာက ပုံမှန်လုပ်နေကျပါ။ ဒီလိုဆေးနည်းတွေကို အသုံးပြုမယ့်လူနာတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ဆရာဝန်အနေနဲ့ လက်ရှိအခြေအနေကို တည်ငြိမ်စေဖို့အတွက် ဆေးပမာဏများများပေးရတာမျိုးလည်း ရှိပါတယ်။

    ပုံမှန်သုံးနေကျဆေးတချို့ကတော့ Aspirin၊ Paracetamolနဲ့ Opipoids စတဲ့ နာကျင်မှုကို အမှန်ဆုံး ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ သက်သာစေတဲ့ဆေးတွေပါ။ ဆေးတစ်ခုချင်းစီကတော့ သူတို့ရဲ့ကိုယ်ပိုင်သက်ရောက်မှုလေးတွေရှိပြီး ဘေးထွက်ဆိုးကျိုးလေးတွေတော့ ကိုယ်စီရှိကြပါတယ်။ အသုံးမပြုခင် သင့်ဆရာဝန်ဆီက အကြံတောင်းတာပဲဖြစ်ဖြစ် ဆေအညွှန်းကိုသေချာဖတ်တာပဲဖြစ်ဖြစ် လုပ်ပါ။ တခြား antidepressants နဲ့ antiseizure ဆေးမျိုးတွေကိုလည်း အထူးသဖြင့် အာရုံကြောနဲ့သက်ဆိုင်တဲ့ နာကျင်မှုတွေမှာ အသုံပြုနိုင်ပါတယ်။

    ဆေးမသောက်ရတဲ့ တခြားနာကျင်မှုကုသနည်းတွေ သုံးပါ။

    သင့်နာကျင်မှုကို အာရုံပြန့်စေခြင်းဖြင့် သက်သာစေတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီး အဲဒီလေ့ကျင့်ခန်းမှာဘဲ အာရုံစိုက်ထားပါ။ ရင်ဝမ်းခြားကြွက်သားနဲ့ ဝမ်းဗိုက်ကိုအသုံးပြုပြီး နည်းမှန်လမ်းမှန်အသက်ရှူခြင်းက အာရုံကြောစနစ်ကို ဖြောင့်ဖြူးစေပြီး စိတ်ဖိစီးမှုသက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ တရားထိုင်ခြင်းကလည်း စိတ်ဖိစီးမှုနဲ့ သွေးပေါင်အတက်အကျ ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှိပ်နယ်ခြင်ကုထုံးနဲ့ အပ်စိုက်ကုထုံးတွေကလည်း သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် စမ်းကြည့်သင့်ပါတယ်။

    ဆေးတစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ။

    တပယ်လို့ ဆေးကသင့်နာကျင်မှုကို မသက်သာစေဘူးဆိုရင် တခြားနာကျင်မှုသက်သာစေတဲ့နည်းလမ်းတွေ သင်စမ်းကြည့်ချင်ပါလိမ့်မယ်။ ဥပမာ – ဓါတ်ကင်ခြင်းကုသမှု၊ အာရုံကြောပိတ်ဆို့ကုသမှု၊ခွဲစိတ်မှု ဒါမှမဟုတ် အာရံကြောခွဲစိတ်မှုတို့ဖြစ်ပါတယ်။ ဓါတ်ကင်ကုသခြင်းက တစ်ခါလုပ်ရုံနဲ့ အကျိတ်ကျုံ့သွားနိုင်တဲ့ လူနာတချို့မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ Implant pain pump နဲ့ အာရုံကြောပိတ်ဆို့ကုသမှုတွေက အာရုံကြောတွေကို ခဏ သို့မဟုတ် လုံးဝပိတ်လိုက်ပြီး နာကျင်မှုကိုထိန်းချုပ်ပေးပါတယ်။ အာရုံကြောခွဲစိတ်မှုမှာတော့ နာကျင်မှုဖြစ်စေတဲ့ အာရုံကြောတွေကိုဖြတ်ခြင်းဖြင့် နာကျင်မှု သက်သာစေပါတယ်။ တခြားခွဲစိတ်မှုတွေမှာတော့ အာရုံကြောတွေ အင်္ဂါတွေအပေါ်မှာ ဖိထားတဲ့အကျိတ်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားလိုက်တာပါ။ ဒီကုသမှုတွေမလုပ်ခင်တော့ ဆရာဝန်နဲ့တိုင်ပင်တာဖြစ်ဖြစ် သင့်ဘာသာသင်လေ့လာကြည့်ထားတာပဲဖြစ်ဖြစ် လုပ်ထားပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement