ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်… သတိထား!

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

စိတ်တိုလိုက်တာနော်။ဒေါသတွေဖြစ်လာပြီဆိုရင် စိတ်လေးကိုလျှော့ပါလို့ပြောပါရစေ။ အကြောင်းကတော့ Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးကိုဒေါသကြောင့် အလှပျက်မှာစိုးလို့ပါနော်။ဒေါသထွက်စိတ်ဆိုးလို့ ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါ သိပ်တော့ကောင်းလှတာမရှိပါဘူး။

ဒေါသမထွက်နဲ့…..စိတ်လျှော့ပါ…………………..

ဒေါသထွက်တယ်ဆိုတာက တစ်ခါတလေမှာရှောင်လွှဲဖို့တော်တော်လေးခက်သားနော်။နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်း အဖုံဖုံကိုး။ ဒါပမယ့်ဖြစ်နိုင်ရင်တော့ စိတ်လျှော့ပါလို့ပြောပါရစေနော်။ အခုနောက်ပိုင်းပြောင်းလဲလာတဲ့ လူနေမှုပုံစံ ကြောင့် အဝလွန်တာတွေက အဖြစ်များပါတယ်။ အားအသောက်နဲ့နေထိုင်မှုပုံစံကြောင့် ခန္ဓါကိုယ် အချိုးအစားကို ထိန်းသိမ်းဖို့ခက်ရတဲ့ ကြားထဲကမှဒေါသကြောင့် ထပ်ဝလာတာမျိုး မဖြစ်ပါစေနဲ့နော်။

လေ့လာချက်တွေအရကတော့ဒေါသထွက်တာက အစားစားချင်စိတ်ကိုပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏဒေါသထွက်တာက ဝလာစေဖို့ အစပျိုးတဲ့ အကြောင်းအရင်းပါ။ဒေါသထွက်တာကြောင့် အမျိုးသားတွေမှာ လက်မောင်း နဲ့ခြေထောက်ကြွက်သားတွေလျော့ရဲလာတာ၊ ဗိုက်မှာ အဆီတက်လာတာ၊မေးနှစ်ထပ်ဖြစ်လာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။လေဒီလေးတွေမှာတော့ဒေါသကြောင့် ဗိုက်အဆီတက်တာ၊ အသားအရေကြမ်းလာတာ၊ ဝက်ခြံတွြေဖစ်တာ၊ ခါးနဲ့နောက်ကျောမှာ အဆီတက်တာတွေဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ဒေါသကြောင့် တက်လာတဲ့ အဆီတွေက တစ်ခုမကတဲ့ဟော်မုန်းတွေပေါင်းစပ်နေတာကြောင့်ပြန်ကျစေဖို့ဆိုရင် အစားအသောက်ဂရုစိုက်တာ၊လေ့ကျင့်ခန်းလုပ်တာတွေကိုသေချာလေးလုပ်ပေးပြီးပြန်ချဖို့လိုပါမယ်။နောက်မွေထားလို့ မရတဲ့တစ်ချက်က စိတ်လေးကိုအေးချမ်းနေစေဖို့ လုပ်ဆောင်ပေးဖို့ပါ။

ကိုယ်အလေးချိန်တက်လာလို့ ချနေပေမယ့်နေ့တိုင်းလိုလိုဒေါသဖြစ်နေမယ်ဆိုရင်လည်း မဟုတ်သေးပါဘူ။ ဒါကြောင့်နေ့တိုင်းမှာ စိတ်ကလေးအေးချမ်းနေစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ တစ်နေ့တာမှာ ဒါသထွက်စရာတွေကြုံခဲ့ရင်တောင် အကာင်းဆုံးကျော်လွှားဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။

  • အိပ်ရေးဝဝအိပ်ပါ
  • တရားထိုင်ပါ
  • သီချင်းနားထောင်ပေးပါ
  • လေ့ကျင့်ခန်းလုပ်ပေးပါ
  • စာဖတ်ပါ
  • ဆုတောင်းပါ
  • စိတ်လက်ပေါ့ပါးစေမယ့် ဝါသနာပါရာတစ်ခုခုကိုလုပ်ပေးပါ။

ဒေါသထွက်တာက ဝိတ်တက်စေရုံပဲလား……..

တကယ်တော့ဒေါသထွက်တာက ဝိတ်တက်စေတာတစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာတွေကိုပါထိခိုက်စေတဲ့ အခက်တွေအများကြီးပါ။ဒေါသခဏခဏထွက်မယ်ဆိုရင်ရေရှည်မှာ

ကဲ….. လုပ်သမျှ Dietတွေလေ့ကျင့်ခန်းတွေ အလကားမဖြစ်စေဘဲ သွယ်လျလှပတဲ့ ခန္ဓါကိုယ်လေးရစေဖို့ဒေါသမထွက်နဲ့နော်…………….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 15, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 17, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။