အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 1 min read
Share now

ခေါင်းစဉ်ကို ဖတ်ပြီး..အိမ်သာဆင်းမှ လက်ဆေးရမှာလေ။ အိမ်သာမဝင်ခင် လက်ဆေးရတယ်လို့ မကြားဖူးပါဘူး။ မဖြစ်နိုင်တာလို့ တွေးနေပြီလား။

ဟုတ်ပါတယ်။ ငယ်စဉ်ကတည်းကနေ တောက်လျှောက် ကြားလာခဲ့တာက အိမ်သာကအဆင်း၊ အစားအစာတွေကို မစားခင်၊ အရာဝတ္ထုတစ်ခုခု၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို သေချာ စင်ကြယ်အောင်ဆေးကြောပါဆိုတာပါ။

ဒါပေမယ့် တကယ်ကတော့ အိမ်သာ မဝင်ခင်မှာလည်း လက်ကို သေချာ ဆေးကြောဖို့လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

အိမ်သာမဝင်ခင် လက်ဆေးသင့်လား………..

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်က ကိုင်တွယ်ထိတွေ့မှု အများဆုံးဖြစ်သလို လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။

ဒီလက်တွေနဲ့ ရောဂါပိုး ဝင်ရောက်ကူးစက်လွယ်တဲ့ အမျိုးသားအင်္ဂါ၊ မိန်းမကိုယ်၊ စအိုစတာတွေကို ကိုင်တွယ်ထိတွေ့တာက ရောဂါပိုးတွေကို ကိုယ့်လက်နဲ့ကိုယ် ခန္ဓာကိုယ်ထဲ အ​ရောက်ပို့လိုက်သလို ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က အိမ်သာဝင်တဲ့အခါ ကိုင်တွယ်တဲ့ တံခါးလက်ကိုင်၊ အိမ်သာကရေပန်းတွေ နဲ့ အခြား အသုံးအဆောင်တွေမှာ ဘက်တီးရီးယားတွေရှိနေိုင်ပါတယ်။ အိမ်သာဆိုတာက ဘက်တီးရီးယား များလွန်းတဲ့နေရာပါ။ ဒီနေရာတွေကို ကိုင်တွယ်တာက လက်မှာ ဘက်တီးရီးယားတွေ ကပ်ပါလာမှာပါ။

ဒါကြောင့် အတတ်နိုင်ဆုံး ဘက်တီးရီးယားတွေကို လျှော့ချနိုင်ဖို့ အိမ်သာမဝင်ခင် ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကိုင်တွယ်ထိတွေ့မှု မလုပ်ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ သန့်စင်ပါ။

အိမ်သာကို အသုံးပြုပြီးချိန်မှာလည်း လက်ကို သေချာစွာ ဆေးကြောဖို့ လိုပါမယ်။ ဒါကတော့ မစင်တွေနဲ့ အိမ်သာက နေရာတွေမှာ ကပ်တွယ်နေနိုင်တဲ့ ရောဂါပိုးတွေဖြစ်ကြတဲ့ E. coliပိုး၊ ရေယုန်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ Streptococcus ရောဂါပိုး၊ အသည်းရောင် အသားဝါ A နဲ့ E ရောဂါပိုး အပါအဝင် အမျိုးမျိုးသော ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ပါ။

 အိမ်သာမဝင်ခင် လက်ဆေးတဲ့အခါ

အိမ်သာ အဆင်းမှတင်မဟုတ်ဘဲ အိမ်သာဝင်တဲ့အချိန်မှာပါ လက်ဆေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် စအိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ၊ မိန်းမကိုယ်ကို ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေနဲ့ အရေပြားပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

အိမ်သာအဝင်မှာ လက်ဆေးတာကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုလုပ်သင့်ပါတယ်။ အိမ်သာသွားတဲ့အခါ အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံမျိုးနဲ့ သန့်စင်ပေးပါ။ ဒါမှ ရောဂါပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း ဆိုလို့ ကာကွယ်ဆေးက ကလေးတွေပဲ ထိုးရတာလေ လူကြီးတွေထိုးဖို့လိုလို့လားဆိုတော့ လိုပါတယ်။။ ဥပမာ တုပ်ကွေးကာကွယ်ဆေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုကို ဆီးလမ်းကြောင်းပိုးဝင်တယ် ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

အပ်ကြောက် တဲ့သူတွေ ကာကွယ်ဆေးထိုးမယ်ဆို ဘာတွေ ပြင်ဆင်ထားသင့်သလဲ။ ကာကွယ်ဆေးလည်း ထိုးချင်တယ်၊ အပ်လည်းကြောက်တယ်ဆိုရင် ဘယ်လိုလုပ်လို့ရနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read