အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 8, 2020 . 2 mins read
Share now

အစာအိမ်ရောဂါရှိတာလား နွားနို့သောက်လေ။ နွားနို့က အစာအိမ်အတွက်ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလိုသိထားကြတာပဲ။ ဒါက တကယ်ရော မှန်ရဲ့လား။

အမှန်တော့ အစာအိမ်အက်စစ်ပြန်ဆန်တက်တဲ့ဝေဒနာကို သက်သာဖို့ နွားနို့သောက်ကြတာပါ။ ရင်ပူလာရင် အစာအိမ်အက်စစ်ထွက်တာလျော့သွားအောင် နွားနို့က ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ်အက်စစ်ထွက်တာကို ယာယီပဲလျော့စေနိုင်တာဖြစ်ပြီး တကယ်ကုသပေးနိုင်တာမဟုတ်ပါဘူး။

နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်းကြွက်သားတွေကိုအားကောင်းစေပြီး အစာအိမ်ရင်ပူခြင်း ကိုကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့အစားအသောက်တွေကြောင့် အစာအိမ်အက်စစ်ပိုထွက်စေနိုင်လို့ သောက်မယ်ဆို အဆီထုတ်နွားနို့ကမှ နည်းနည်းအဆင်ပြေနိုင်ပါတယ်။

နွားနို့လေးနည်းနည်းသောက်လိုက်ရင် ရင်ပူတာနဲ့ အစာအိမ်အက်စစ်ကြောင့်ဖြစ်တဲ့ အနာတို့ရဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သောက်တာများရင်တော့ အက်စစ်ပိုထွက်စေပြီး ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်သမားတွေအနေနဲ့ အက်စစ်ထွက်ရှိမှုထိန်းနိုင်ဖို့ နွားနို့နဲ့နို့ထွက်ပစ္စည်းတွေကို တစ်နေ့ သုံးကြိမ်ထက် ပိုမစား၊သောက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

ဘာတွေစားလို့ရမလဲ

Probiotics ပါတဲ့အစားအစာ

ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေကြောင့်

အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ

ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာ

ဗီတာမင် C က အနာကျက်စေနိုင်တဲ့အစွမ်းရှိတာမို့ ဒီဓာတ်မလုံလောက်တဲ့သူတွေမှာ အစာအိမ်အနာဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်းစားလို့ရပါတယ်။

ဒါ့ကြောင့် နွားနို့သောက်မယ်ဆို အဆီနည်းတဲ့နွားနို့ကို တော်သင့်ရုံအနည်းအကျဉ်းသောက်ပါ၊ သက်သာပါတယ်။ အစာအိမ်မကောင်းချိန်မှာ အဆီတွေ၊ မလိုင်တွေနဲ့ အဆီပြည့်နွားနို့တွေ၊ နို့ထွက်ပစ္စည်းတွေကို များများမသောက်၊ မစားပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့ အဆို့ရှင်ကြွက်သား ရှိပါတယ်။ အဆိုပါ ကြွက်သားကျဉ်းမြောင်းသွားတဲ့အခြေအနေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ရိုးသားတဲ့လူတွေဟာ ပိုကျန်းမာကြသလား

ရိုးသားတဲ့စကားတွေဟာ တစ်ဖက်သားကို စိတ်ချမ်းမြေ့စေနိုင်တယ်ပေါ့။ ဒါတင်မကပါဘူး ရိုးသားခြင်းဟာ တဖက်သားကိုသာမက ကိုယ်တိုင်အတွက်လည်း အကျိုးထူးစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူး ကြိုက်ကြလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာရေမျိုအနာဖြစ်ခြင်း

အစာရေမျိုအနာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read