ဟမ်မာတိုးခြေချောင်းရောဂါ အကြောင်းသိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 28, 2019 . 2 mins read
Share now
ယခုဆောင်းပါးထဲတွင်

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဟမ်မာတိုးခြေချောင်းရောဂါ သည်ခြေညှိုး၊ခြေသူကြွယ်(သို့) ခြေသန်းရှိ အဆစ်တခု(သို့)နှစ်ခုတွင် ဖြစ်ပွားသော ခြေထောက်ရှိ ချို့ယွင်းမှုတခုဖြစ်သည်။ ထိုခြေချောင်းများအား တည့်မတ်အောင်ထိန်းထားပေးသော ကြွက်သားများ၊အရွတ်ပြားများတွင် မညီမျှမှုဖြစ်ခြင်းကြောင့် ဖြစ်တတ်သည်။ ထိုရောဂါသည် အများအားဖြင့် ခြေချောင်းသေးလေးများကို ဖိ၍ ကွေးစေသည့် သင့်တော်မှုမရှိသောဖိနပ်များကြောင့်ဖြစ်တတ်သည်။ ခြေချောင်းသည်ကွေး၍ အနေအထားတခုထဲတွင်သာ ကြာရှည်စွာရှိနေပါက ထိုခြေချောင်းများအား တည့်မတ်စေသော ကြွက်သားများသည် မဆန့်ထွက်နိုင်တော့ပေ။ ဒေါက်မြင့်ဖိနပ်များသည်လည်း ဖိအားများစေပြီး ခြေထောက်ကိုအောက်သို့ဖိတွန်းထားသောအခါ

ခြေချောင်းများကို ကွေးစေသည်။ နောက်ဆုံးတွင် ခြေထောက်အားအံဝင်ခွင်ကျဖြစ်စေသောဖိနပ်များစီးလျှင်ပင် ထိုခြေချောင်းကြွက်သားများသည် ခြေချောင်းများအားမဆန့်နိုင်စေတော့ပေ။

ဟမ်မာတိုးခြေချောင်းရောဂါ၏ လက္ခဏာများ

အဖြစ်အများဆုံးသော လက္ခဏာမှာ ကွေးသွားသောခြေချောင်း၏ထိပ်တွင် ပွန်းခြင်းဖြစ်သည်။ ဝေဒနာရှင်များသည် ဖြစ်ပွားသည့် ခြေချောင်းအားလှုပ်ရှားပါက နာကျင်ခြင်း(သို့)ခက်ခဲခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ထိုခြေချောင်းများသည်ရှူးဖိနပ်အတွင်းနှင့် ပွတ်တိုက်မိသောအခါ အသားမာများလည်းဖြစ်ပေါ်တတ်သည်။ စီးသောဖိနပ်အမျိုးအစားကြောင့် အမျိုးသမီးများတွင် အမျိုးသမားများထက်ဖြစ်ပွားတတ်သည်။ အထူးသ

ဖြင့်ဆီးချိုရောဂါသည်များနှင့်သွေးလည်ပတ်မှုမကောင်းသောသူများတွင်အကယ်၍လမ်းမလျှောက်နိုင်လောက်အောင်နာကျင်လာပါက ဆေးပညာအကူအညီကို ရယူသင့်ပါသည်။

ဟမ်မာတိုးခြေချောင်းရောဂါ၏အမျိုးအစားများ

ပျော့ပျောင်းသောဟမ်မာတိုးနှင့် မာကျောကာဟမ်မာတိုးဟူ၍ နှစ်မျိုးရှိသည်။ အကယ်၍ ခြေချောင်းအဆစ်အားလှုပ်ရသေးပါက ပျော့ပျောင်းဟမ်မာတိုးဟုခေါ်ပြီး ထိုအဆင့်မှာ ကုသနည်းများစွာရှိသောသိပ်မပြင်းထန်သည့် အစောပိုင်းအဆင့်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင်မာကျောဟမ်မာတိုးတွင် ခြေချောင်းသည်မာတောင့်လာပြီး အဆစ်အား ညီညာမှုမရှိစေပဲခြေချောင်းအားလှုပ်၍မရအောင်ဖြစ်စေသည်။ ထိုအဆင့်တွင်ကားခွဲစိတ်ကုသရန်လိုအပ်တတ်သည်။

ဟမ်မာတိုး၏နောက်ဆက်တွဲပြဿနာများ

အစပိုင်းတွင်ဟမ်မာတိုးသည်လှုပ်ရကာပျော့ပျောင်းနိုင်သော်လည်း ထိုခြေချောင်းများသည် ဟမ်မာတိုးအနေအထားတွင်ကြာရှည်စွာ ရှိနေပါက

ထိုခြေချောင်းများ၏အရွတ်များသည်ရှိသမျှအလျားအတိုင်းမဆန့်နိုင်၍ကျုံ့ကာမာကျောတင်းကျပ်လာသည်။ နောက်ဆုံးတွင် ထိုခြေချောင်းများသည် အံသေကွေးသွားတော့သည်။ မကုပဲထားပါက သာမာန်မပြင်းထန်သောဟမ်မာတိုးရောဂါသည် နာကျင်ကာအသားမာများဖြစ်စေသော ထာဝရအံသေသွားစေနိုင်သည့်ချို့ယွင်းမှုများ(သို့) ဖိနပ်နှင့် ပွတ်တိုက်မိနေသောနေရာတွင် ဟောင်းလောင်းပွင့်နေသည့် အနာများ ဖြစ်ပွားသွားနိုင်သည်။

ခွဲစိတ်ကုသမှုသည် ခြေချောင်းများအား နေရာမှန်စေရန်အထောက်အကူပြုသော်လည်း နောက်ဆက်တွဲပြဿနာများစွာရှိစေသည်။ ဟမ်မာတိုးအားခွဲစိတ်မှုသည် ခြေချောင်း၏အဆစ်များတွင် တင်းခြင်း၊ရောင်ရမ်းခြင်းနှင့်နဂိုထက် ပိုတိုသွားခြင်း၊(သို့) ပိုရှည်လာခြင်းတို့ကို ဖြစ်စေတတ်သည်။ ခွဲစိတ်ပြီးသော်လည်း ထပ်မံဖြစ်ပွားတတ်သေးသည်။ ဆရာဝန်မှ ခွဲစိတ်ရန်လိုမလိုကို ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    နားထဲကို ပိုးကောင် ဝင်သွားရင်

    ပိုးကောင် နားထဲပိုးကောင်ဝင် နားအူ နားပြည်ယို နားကလော် နားစည်ပေါက် နားမကြားရ ဆီထည့် နားဖာကလော် ဇာဂနာ အရေးပေါ်နည်းလမ်း first aid

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ

    အစားအသောက်တွေ အစာအဆိပ် လက်သေချာဆေးပါ ရေခဲသေတ္တာ သက်တမ်းကုန်ဆုံးရက်စွဲ အသားအစိမ်း အိမ်မွေးတိရစ္ဆာန် ဟင်းသီးဟင်းရွက်တွေ ကျန်းမာရေးနဲ့ ညီညွတ်အောင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

    သားဆက်ခြားနည်း သန္ဓေတားနည်း အရေပြား ရင်သား ရာသီသွေး သန္ဓေတားနိုင်စွမ်း လိင်ဆက်ဆံတာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

    သဘာဝနည်းလမ်းတွေ ခေါင်းကိုက်ခြင်း ရေသောက်ပါ ရေဓာတ် ယောဂ ကဖင်းဓာတ် စိတ်ဖိစီးမှု အိပ်ရေးဝပါစေ အရက်လျှော့သောက်ပါ ဓာတ်တိုးပစ္စည်းတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

    ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 ဖတ်ရန် ကြာချိန်
    ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

    ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 ဖတ်ရန် ကြာချိန်
    မျက်ကြောဆွဲခြင်း

    မျက်ကြောဆွဲ ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 5, 2020 . 2 ဖတ်ရန် ကြာချိန်
    ဘယ်ကျော် လေးတို့အကြောင်း

    ဘယ်ကျော် လေးတို့အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 4, 2020 . 2 ဖတ်ရန် ကြာချိန်