ရေချိုးနေစဉ် ဆီးသွားသင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

လူတော်တော်များများ ရေချိုးနေရင်းနဲ့ ဆီးသွားတာမျိုး လုပ်ဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေဆို ပိုလုပ်တတ်ပါတယ်။ ဆီးဆိုတာက လူတွေရဲ့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်တာပါ။ အဲ့တော့ မေးစရာ ဖြစ်လာတာက ရေချိုးနေစဉ် ဆီးသွားတာဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ညီညွတ်ရဲ့လား။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်ရော လုပ်သင့်လား ဆိုတဲ့အချက်ပါ။

၁။ တစ်ယောက်တည်း နေသူတွေအတွက် အဆင်ပြေပါတယ်။

ကိုယ်က မိသားစု၊ လူအများနဲ့ စုနေတာမဟုတ်ဘဲ တစ်ယောက်တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။ ရေချိုးနေချိန်၊ သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။ အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်း ဆီးသွားလိုက်တော့ ချိုးလိုက်တဲ့ ရေနဲ့ ဆီးဟာ မြောပါသွားပြီး အိမ်သာရေကို ချွေတာသုံးစွဲရာ ရောက်ပါတယ်။

၂။ ပတ်ဝန်းကျင်နဲ့ တခြားသူအတွက်ဆို အဆင်မပြေပါဘူး။

ကိုယ်က မိသားစုနဲ့ နေတယ်၊ ဒါမှမဟုတ် အများသုံး ရေချိုးခန်း၊ ရေကူးကန်၊ ချွေးထုတ်ခန်းတွေမှာ ဆိုရင်တော့ ဆီးသွားချတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွက် ရွံစရာ မကောင်းဘူးဆိုရင်တောင် တခြားသူတွေဆီ ကိုယ့်ရဲ့ အညစ်အကြေးတွေ ပြန့်သွားနိုင်တာကြောင့်ပါ။

၃။ ရေချိုးခန်းထဲ ဆီးသွားလိုက်လို့ သီးသန့် ပိုးသတ်ပေးစရာ မလိုပါဘူး။

ပုံမှန်ဆိုရင်တော့ ရေချိုးခန်းကို တစ်ပတ် တစ်ကြိမ်လောက် အနည်းဆုံး ပိုးသန့်စင်ပေးခြင်းဟာ အိမ်သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ဆီးဆိုတာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးဆိုတာ မှန်ပေမယ့် မစင်လောက်တော့ ရောဂါပိုးမွှား မများပါဘူး။ ဒီတော့ ကိုယ်ရေချိုးနေတုန်း ဆီးသွားလိုက်ခြင်းဖြင့် အပိုထပ်ပြီး ပိုးသတ်ပေးစရာ မလိုပါဘူး။ ရေချိုးပြီးသွားတော့မှ ဆီးသွားလိုက်တာဆိုရင် ရေနဲ့ နည်းနည်း ပြန်လောင်းပေးရင် အနံ့အသက် စွဲကျန်ခဲ့မှာ မဟုတ်ပါဘူး။

၄။ ဆီးဟာ ရောဂါပိုးမွှား မကင်းစင်ပါဘူး။

အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်းပဲ ဆီးမှာလည်း ရောဂါပိုးမွှား အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရည်အမျိုးအစား ဖြစ်တဲ့အပြင် ပုံမှန် ရေများများသောက်ပေးတဲ့သူဆိုရင် ဆီးရဲ့ အရောင်ဟာ ဖျော့ပြီး အနံ့ရော၊ ရောဂါပိုးပါ နည်းတဲ့အတွက် အရမ်းတော့ စိုးရိမ်စရာ မလိုပါဘူး။ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေရင်တော့ ဆီးသွားပြီး၊ ရေချိုးပြီးရင် ကြမ်းပြင်ကို ရေနဲ့ တစ်ချက်လောက် ပြန်လောင်း၊ တစ်ပတ်ကို တစ်ကြိမ်လောက် ရေချိုးကို သေချာ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးရင် လုံလောက်ပါပြီ။

၅။ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

ဥပမာ ကိုယ့်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဒါမှမဟုတ် ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတယ် ဆိုကြပါစို့။ ကိုယ်နဲ့ အတူနေတဲ့ သူနဲ့ ရေချိုးခန်းတစ်ခုတည်းကို အသုံးပြုတယ်၊ သူ့ရဲ့ ခြေထောက်မှာ အနာ၊ ဒဏ်ရာတွေ ရှိနေတယ်ဆိုရင် ကြမ်းပြင်မှာ ကျန်ခဲ့တဲ့ ဆီးကနေ အနာထဲကို ဝင်ပြီး ပိုးကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မကူးနိုင်တာတော့ မဟုတ်ပါဘူး။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် တစ်ဦးတည်းနေတဲ့သူအတွက် ဒါက သိပ်ပြီး စဉ်းစားလောက်စရာ ကိစ္စမဟုတ်ပေမဲ့ ကိုယ့်မိသားစုနဲ့ အတူနေတာမျိုးဆိုရင်တော့ တစ်ဖက်လူကို ပြန်ပြီး စဉ်းစားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ရေမချိုးခင်မှာ မျက်နှာသစ်၊ သွားတိုက်၊ အပေါ့၊ အလေး သွားထားပြီးတော့မှ အေးအေးဆေးဆေး ရေချိုးတာက ကိုယ့်အတွက်ရော ကျန်တဲ့ အတူနေသူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

လိင်တံ ကျားအင်္ဂါ လိင်အင်္ဂါ ဝှေးစေ့ ယားယံခြင်း တစ်ကိုယ်ရေသန့်ရှင်းမှု ရေချိုး ဘက်တီးရီးယား အနာ ဒဏ်ရာ အရေပြားပြဿနာ အတွင်းခံ ချွေးထွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

မိန်းကလေး၊ အပြုအမူမှား၊ အလှကုန်၊ ဝက်ခြံ၊ ဆပ်ပြာ၊ လိင်အင်္ဂါ၊ sensitive area၊ အရက်သေစာ၊ အက်ဆစ်၊ အာခေါင်ခြောက်၊ ကော်ဖီ၊ ရေကူးကန်၊ ခေါင်းလျှော်ရည်၊ Conditioner

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်

ခံတက်ချဉ် ခံတက်ရွက် ခံတက်ပင် ကြက်သွန်နီ တို့စားတာ ကျန်းမာရေး အရွက် ဆေးဖက်ဝင် ဆီးလမ်းကြောင်း ဆီးရွှင်ရောင်ရမ်းမှု ဆီးကျိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ်အောင့်ခြင်း အစာအိမ် အစားအသောက် အစာအိမ်အနာ ဘက်တီးရီးယား ပဋိဇီဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Probiotics ချောကလက် အစာအိမ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
အစာအိမ်ရောင်ရမ်းခြင်း, ကျန်းမာရေးစင်တာ ဇွန် 23, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

ဆီးလမ်းကြောင်း ပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်