မနက်ခင်းလေးကို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်စတင်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တစ်နေ့တာအတွက် အရေးကြီးဆုံးအချိန်က မနက်ခင်းပါ။ မနက်ခင်းကို ကျက်သရေရှိရှိလေး နိုးထမှုက တစ်နေ့တာကို စိတ်ကြည်လင်စေနိုင်ပါတယ်။ ဒီတော့ မနက်ခင်းကိုကောင်းမွန်စွာစတင်နိုင်ဖို့ ဒီအလေ့အထလေးကို မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။

မနက်ခင်းကိုလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စတင်ပါ

မနက်ခင်း အလင်းရောင်ပျို့ချိန်မှာလေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာက အခုလိုအကျိုးကျေးဇူးတွေလည်းရရှိစေနိုင်ပါသေးတယ်။

အာရုံစူးစိုက်မှုကောင်းစေတယ်

မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်တာက စိတ်ပိုင်းဆိုင်ရာကို လန်းဆန်းတက်ကြွစေပြီး တစ်နေ့တာလုံးမှာ အာရုံစူးစိုက်နိုင်တာကို ကင်းဝေးချင်ရင်တော့ မနက်ခင်းမှာ အနည်းဆုံး ၁၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပါ။

စိတ်ကြည်လင်လန်းဆန်းစေတယ်

အိပ်ရာကနိုးနိုးချင်းလေ့ကျင့်ခန်းလုပ်တာကချွေးထွက်စေပြီ ကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေသလို ဦးနှောက်ဆီကို လိုအပ်တဲ့သွေးစီးဆင်းမှုနဲ့အောက်ဆီဂျင်ကိုရောက်ရှိစေတာကြောင့် စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ တစ်နေ့တာလုံးထိုင်နေရတာကြောင့် စိတ်ညစ်ညူးမှုဖြစ်တာကို သက်သာစေချင်ရင် မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ပါ။ အလုပ်တာဝန်တွေကို အကောင်းဆုံးလုပ်နိုင်စေမှာ အသေအချာပါ.

ခန္ဓါကိုယ်ကျန်းမာစေနိုင်တယ်

ကျန်းမာဖို့က တစ်နေ့ထက်တစ်နေ့ပိုအရေးကြီးလာတဲ့အခြေအနေမှာနေ့ရက်တိုင်းကျန်းမာေနေစေဖို့ မနက်ခင်းမှာသွေးပူလေ့ကျင့်ခန်းလေးလုပ်ဖို့ မမေ့ပါနဲ့။ တစ်နေ့တာမှာ ကျန်းမာရေးနဲ့ ညီညွတ်တာရော မညီညွတ်တာရောစားမိနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အပြုအမူတွေလည်းလုပ်မိနိုင်ပါတယ်။ ဒါတွေကြောင့် ကျန်းမာရေးမထိခိုက်စေဖို့ မနက်ခင်း အိပ်ရာကထတာနဲ့လေ့ကျင့်ခန်းလုပ်ပေးပါ။

ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

လေ့ကျင့်ခန်းလုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာသိပြီးဖြစ်မှာပါ။ ဒါပေမယ့်လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ မနက်ခင်းစောစောလေ့ကျင့်ခန်းလုပ်တာက ဇီဝတွင်းဖြစ်စဉ်ကို အကောင်းဆုံးလှုံ့ဆော်ပေးနိုင်ပြီး ကျန်းမာရေဒအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။

ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

လေ့ကျင့်ခန်းလုပ်တာက ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးပြီး ခန္ဓါကိုယ်ရဲ့ စနစ်ကို ဟန်ချက်ညီစေနိုင်ပါတယ်။ ဒီအချက်အလက်တွေပြည့်စုံမှုက သင့်ကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ ညဘက်မှာကောင်းကောင်းအိပ်ပျော်တဲ့အတွက် မလိုအပ်ဘဲ ကိုယ်အလေးချိန်တက်မလာအောင်လည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။

မနက်ခင်းမှာ ၁၅ မိနစ်လောက် ကနေ ၄၅ မိနစ်လောက်အထိချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက တစ်နေ့တာအတွက်တင်မဟုတ်ဘဲ ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ရော စိတ်ကျန်းမာဖို့အတွက်ပါ အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။ ကဲ….. ဘယ်လိုလဲ။ မနက်ဖြန်မနက်ကစလို့ လေ့ကျင့်ခန်းလုပ်ကြမလား…………………….

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

ပိုးကောင် ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ တစ်နေ့တာ ခြင် ခါချဉ် အင်းဆက် အရေပြား အရည်ကြည်ဖု နီမြန်း ယားယံမယ် ဆားရည်စိမ်ပါ ဆား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စား ကိုယ်အလေးချိန် သံဓာတ် Omega 3 ကယ်လ်လိုရီ ဗီတာမင် B12 ကျန်းမာရေး ဒိန်ခဲ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ရာသီအကြို ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

လေဒီလေးတွေ ရာသီမလာခင် ဝမ်းချုပ် ဟော်မုန်း ပြောင်းလဲမှု estrogen progesterone သားဥကြွေတာ အစာခြေစနစ် ရာသီသွေး အမျှင်ဓာတ် ဝမ်းမှန်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း

စမူဆာ၊ ဟမ်ဘာဂါ၊ ကျန်းမာရေး၊ ဆီကြော်မုန့်၊ အာလူး၊ ကြက်သွန်နီ၊ ပဲ၊ အမဲသား၊ ဆိတ်သား၊ ကယ်လိုရီ၊ အဆီ၊ ဆိုဒီယမ်၊ ကာဘိုဟိုက်ဒြိတ်၊ ဖိုက်ဘာ၊ သကြား၊ ပရိုတိန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read