ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
Share now

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီကာလမျိုးပါ။ အကြောင်းရင်းကို ပြောရမယ်ဆိုရင်

  • ရာသီဥတုအေးလာတဲ့အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေထိုင်ရမှာ ပိုပျင်းလာတာ၊
  • အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ်မထွက်တော့တာ၊
  • အဆစ်အမြစ်တွေဟာ အအေးဒဏ်ကြောင့် ပိုကိုက်ခဲလာတာ၊
  • ကိုယ်ခံအားစနစ် ကျဆင်းတာ၊
  • အစာစားချင်စိတ် နည်းသွားတာ၊
  • ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။

ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။

ဆောင်းရာသီနှင့် Lifestyle ပြောင်းလဲခြင်း

ထွေထွေထူးထူးရယ်လို့ ပြောင်းစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့ မိသားစု သို့မဟုတ် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာရှိလဲဆိုတာ သိထားရင် ပြောင်းရတာ ပိုလွယ်ကူသွားနိုင်ပါတယ်။

၁။ သက်ကြီးရွယ်အိုများကို ပိုဂရုစိုက်ပေးပါ။

အသက်ကြီးတဲ့သူတွေ မကြိုက်ဆုံး ရာသီဥတုကတော့ ဆောင်းရာသီပါပဲ။ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေ ပါးပြီး အားနည်းလာသလို ငယ်စဉ်ကလောက် ကိုယ်ခံအားလည်း မကောင်းတော့တဲ့အတွက် ဖျားပြီဆိုရင် တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းကာလမှာ အသက်ကြီးပိုင်း လူကြီးတွေ၊ ဘိုးဘွားတွေကို အဝတ်အစား သေချာဆင်ပေးပါ။ လည်ပင်းရင်ဟိုက်၊ အကျီလက်တိုတွေ မဝတ်ပါစေနဲ့။ လည်ပင်းမှာ မာဖလာပတ်ထားတာ၊ သို့မဟုတ် အနွေးထည်ဝတ်ထားပေးလို့ ရပါတယ်။ ရေချိုးတဲ့အခါ ရေနွေးနဲ့သာ ချိုးစေပြီး ၁၀ မိနစ်ထက်ပိုကြာအောင် ရေချိုးတာမျိုး မလုပ်သင့်ပါဘူး။ အဆစ်အမြစ်ကိုက်တတ်တယ်ဆိုရင် ခြေထောက်၊ လက်အရိုးအဆစ်တွေကို အမြဲဆေးလိမ်းပြီး နှိပ်ပေးတာမျိုး၊ စောင်ခြုံပေးထားတာမျိုး လုပ်ပေးလို့ ရပါတယ်။

၂။ ကာကွယ်ဆေး မထိုးထားရင် ထိုးထားပါ။

အကယ်လို့ ကိုယ်က နှစ်စဉ် အအေးမိတုပ်ကွေး၊ ငှက်ဖျားကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဒီလိုအချိန်မျိုးမှာ ထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းက ကိုယ့်ကို မလိုလားအပ်တဲ့ ဖျားနာကိုက်ခဲခြင်းတွေ မဖြစ်ရလေအောင် ကောင်းစွာ ကာကွယ်ပေးနိုင်မှာပါ။

၃။ လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။

ဆောင်းတွင်း အေးလို့ဆိုပြီး အားကစား၊ လေ့ကျင့်ခန်းမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတာ၊ လှဲနေတာမျိုးက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းကျိုးမရှိစေပါဘူးနော်။ ဒါကြောင့် ဆောင်းတွင်းလိုကာလမျိုးမှာ တက်ကြွလန်းဆန်းပြီး သွေးပူနေစေဖို့ မနက်ခင်း လမ်းလျှောက်တာ၊ ပြေးတာမျိုး လုပ်လို့ရသလို ကိုယ့်ရဲ့အိမ်မှာပဲ အလေးမတာ၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အသက်ကြီးပိုင်းတွေအနေနဲ့ အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းများ လုပ်ပေးလို့ရပါတယ်။ ညနေပိုင်းထက် မနက်ခင်းစောစော လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၄။ အစာအာဟာရ လုံလောက်စွာ စားသုံးပါ။

ဆောင်းရာသီမှ မဟုတ်ပါဘူး။ ဘယ်လိုရာသီမဆို အစာအာဟာရကို လုံလုံလောက်လောက် ရနေမှသာ လူက ကျန်းမာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကြို ကောင်းစွာ ထမ်းရွက်နိုင်မှာပါ။ ဒါကြောင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ ဥ၊ နို့၊ အစေ့အဆန်၊ ဂျုံ၊ ပြောင်းတွေကို စုံလင်စွာ စားပေးပါ။ တစ်ထိုင်တည်းနဲ့ ပမာဏအများကြီး စားတာထက် ပမာဏနည်းနည်းနဲ့ အာဟာရ အစုံအလင်ပါအောင် ချက်ပြုတ်စားသုံးပါ။ အမြဲတမ်း ထမင်းပူပူ၊ ဟင်းပူပူလေးတွေကိုပဲ စားပေးပါ။

၅။ အရည်များများသောက်ဖို့ မမေ့ပါနဲ့။

ဆောင်းရာသီမှာ အပြင်ဘက်က အအေးဒဏ်ကြောင့်သာမက ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေဟာ အလုပ်လုပ်နေရတာဖြစ်လို့ ရေဓာတ်ခန်းခြောက်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ဆောင်းတွင်းအေးလို့ဆိုပြီး ရေသောက်ဖို့ မမေ့ပါနဲ့။ ရေကို တစ်နေ့ ၃လီတာ အနည်းဆုံးရအောင် သောက်ပေးပါ။ ချွေးထွက်တဲ့နေ့တွေဆို ပိုသောက်ပေးပါ။ ထပ်ဆောင်းအနေနဲ့ ရေနွေးကြမ်း၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။

၆။ ကျန်းမာတဲ့ ဆီသန့်တွေကို စားသုံးပေးပါ။

အဆီများတဲ့ ငါးတွေ၊ အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေ၊ ထောပတ်သီးအဆီအနှစ်၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ Omega-3 ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အတွက် ဆောင်းရာသီမှာ ပြင်ပကနေ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ကောင်းစွာတိုက်ထုတ်ပေးနိုင်မှာပါ။

အေးမြတဲ့ ဆောင်းဥတုမှာ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်ကမ္ဘာလုံး စိတ်ပူနေကြတာကတော့ တတိယလှိုင်းပါပဲ။ စကတည်းက ပညာရှင်တွေက ကိုဗစ်က လှိုင်းနဲ့ လာတတ်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

နှလုံးရောဂါကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိပေမယ့် အလွယ်ကူ၊ အရိုးရှင်းဆုံးနည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်နည်းဖြစ်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation

အမြဲလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read