စိတ်ပူပန်မှုတွေကို သက်သာစေမယ့်ဆေးတစ်လက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

စိတ်ပူပန်မှုကင်းတဲ့ လူရယ်လို့မရှိပါဘူး။ လူတိုင်းက ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင်ကိစ္စရပ်တွေကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပန်မှုက အမြဲလိုလို ရှိနေတတတ်ပါတယ်။ ဒီစိတ်ပူပန်မှုတွေက မွေးထားရင် ပိုများလာပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီစိတ်ပူပန်မှုတွေကို အနိုင်ယူနိုင်စေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဘာဖြစ်မလဲ သိချင်ရင် ဆက်ကြည့်လိုက်နော်။

စိတ်ပူပန်မှုတွေကို ကျော်လွှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု

စိတ်ပူပန်မှုကို ကျော်လွှားနိုင်စေမယ့်အကြောင်းမပြောခင် အရင်ဆုံး စိတ်ပူပန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေအကြောင်းအရင်ဆုံး ပြောပြပေးပါရစေ။ ဘယ်အရာကများသင့်ကို စိတ်ပူပန်မှုဖြစ်နေစေတယ်ထင်လဲ။ သင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတစ်ခုပေါ့။ ဒါကတော့ ခဏလောက်ပဲဆိုပြီး စာဖတ်နေမိတာ၊ အလုပ်တွေကို လက်စသတ်နေတာနဲ့ ဂိမါးဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကို အရေးပေးလုပ်ရင်း နောက်ဆုတ်လိုက်မိတဲ့ အိပ်ရာဝင်ချိန်လေးပေါ့။ ပြည့်ဝတဲ့အိပ်စက်ချိန်မရှိတာက သင့်ကို အခြားသူတွေထက် စိုးရိမ်ပူပန်မှုကို ၃၀ ရာခိုင်နှုန်းလောက် ပိုများစေနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်အရ သုတေသီတွေ အကြံပြုလိုက်တာက စိတ်ပူပန်မှုကင်းစင်တဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်ဖို့ဆိုရင် ပြည့်ဝနှစ်ခြိုက်စွာ အိပ်ဖို့ပါ။ အကြောင်းကတော့ လေ့လာမှုရလဒ်တစ်ခုမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာက စိတ်ပူပန်မှုကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်လက်ဆိုတာကို တွေ့ရှိခဲ့ရတာကြောင့်ပေါ့။ 

အိပ်ချိန်ပြည့်ဝတိုင်း စိတ်ပူပန်မှုပြေလျော့စေတာမဟုတ်ပါ

တစ်နေ့ကို ၈ နာရီ အိပ်တယ်။ ဒါဆို စိတ်ပူပန်မှုကင်းစင်တဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်နိုင်မလားလို့ မေးစရာရှိနေနိုင်ပါတယ်။ ဒါဆိုရင် ပြန်မေးချင်တာက ၈ နာရီမှာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့လားဆိုတာပါ။ လူတစ်ယောက်က နှစ်ခြိုက်စွာအိပ်ပျော်သွားမှ စိတ်ရော၊ ကိုယ်ပါအနားရသွားတာပါ။ ဒါမှ စိတ်ရော ကိုယ်ပါ အားပြည့်ပြီး ပူပန်စိုးရိမ်စိတ်ကင်းမှာပေါ့။ တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပေမယ့် ၆ နာရီလောက်က အတွေးတွေမရပ်မနားတွေးနေမယ်။ အိပ်မက်တွေမက်နေမယ်ဆိုရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့က ခက်ပြီလေ။ ဒီလို နှစ်ခြိုက်စွာ အိပ်မပျော်တာက စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဖြစ်စေပြီလေ။

ဒီတော့ ညအိပ်ရာဝင်တော့မယ်ဆိုရင် မအိပ်ခင် နာရီဝက်အလိုလောက်မှာကတည်းက စာဖတ်တာ၊ အလုပ်တွေလက်စသတ်တာ၊ ဂိမ်းဆော့တာ၊ ဖေ့ဘုတ်ခ်သုံးတာ၊ ရုပ်ရှင်ကြည့်တာတွေကို ရပ်လိုက်ပါ။ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်ထားလို့ သီချင်းလေးနားထောင်ရင်း relax လုပ်ပါ။ ပြီးရင်တော့ ဖုန်းတွေ၊ လက်ပ်တော့တွေကို အိပ်ရာနဲ့ ခပ်ဝေးဝေးမှာထားလိုပ အရည်အသွေးပြည့်မိတဲ့ အိပ်စက်ချိန်တွေရရှိအောင် ဖန်တီးလိုက်ပါ။ ဒီလိုမှမဟုတ်လည်း အိပ်ခါနီးမှာ ဝင်သက်ထွက်သက်မှတ်တာ၊ မေတ္တာပွားတာတွေလုပ်လို့ရပါတယ်။ ဒါတွေကလည်း သင့်ကို စိတ်လက်ခမ်းသာစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။

လေ့လာမှုတွေအရ ဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ထားသူတွေက အလုပ်ခွင်မှာ လန်းဆန်းတက်ကြွစွာနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ကြသလို စိုးရိမ်ပူပန်မှုကင်းနေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာ စိတ်လက်ကြည်သာစွာနဲ့ စိုးရိမ်စိတ်ကင်းကင်းဖြတ်သန်းချင်တယ်ဆိုရင်တော့ ညဘက်တိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ကြဖို့ ပြောပါရစေနော်။

ညဘက်တိုင်းမှာ နှစ်ခြိုက်စွာ အိပ်ပျော်မှုက သင့်ကို စိုးရိမ်ပူပန်မှုကင်းတဲ့ လူတစ်ယောက်အနေနဲ့ လုပ်ဆောင်နိုင်စေမယ့် ဆေးတစ်လက်ပါ…………….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ဆေးစွဲတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်မလုံခြုံမှု ကင်းဝေးစေဖို့ နည်းလမ်း ၇ ရပ်

မလုံခြုံတဲ့စိတ်ခံစားချက်ဟာ တခါတရံမှာ သာမန်အတွေးစိတ်လေးတစ်ခုလိုပါပဲ။ ဒါပေမယ့် ဖွဲမီးလိုတငွေ့ငွေ့နဲ့သင့်ရဲ့ စိတ်အလျှင်ကို ထိပါးလာပါလိမ့်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေးထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဒီလိုကာကွယ်ပါ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဒီလိုကာကွယ်ပါ။ လုပ်ခွင်ဖိအား။ နေထိုင်မှုပုံစံတွေကြောင့် ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read
စိတ်ကျန်းမာရေးအကြောင်း

စိတ်ကျန်းမာရေးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 5 mins read

ကိုဗစ်ကာလမှာ စည်သွပ်ဘူးပိတ်အစားအစာတွေကို ပြန်စားနေမိပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 1 min read