ခံတွင်းနံ့ ဆိုးကို ကောင်းအောင်ဘယ်လိုလုပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဆိုးဝါးသောခံတွင်းနံ့က လူတွေ၏ယုံကြည်မှုကိုထိခိုက်စေနိုင်သော အနှောင့်အယှက်ပေးသည့် ပြဿနာတစ်ခုဖြစ်သည်။ ဤဆောင်းပါးတွင် သင်၏ခံတွင်းနံ့ဆိုးကိုဘယ်လိုကောင်းအောင် ပြောင်းလဲရမလဲဆိုတာကိုပြောပြပါမည်။

သင့်သွားကိုတစ်နေ့လျှင် အနည်းဆုံး၂ကြိမ်တိုက်ပါ။

ဘက်တီးရီးယားနှင့် ဆွေးမြည့်သောအစားအစာများသည် ခံတွင်းနံ့ကို ဆိုးရွားစေသည်။ ထို့ပြင် ပါးစပ်ထဲတွင် ပိုးမွှားပေါက်ဖွားရန် အပေါက်ကလေးများနှင့် ချောင်ကြိုချောင်ကြား ရာနှင့်ချီ၍ ရှိပါသည်။ ထို့ကြောင့် ခံတွင်းနံ့ဆိုးမှကင်းဝေးရန် သွားတိုက်ခြင်းကို များစွာအာရုံစိုက်ရမည်။

• နူးညံ့၍အမွေးအမျှင်များသောသွားတိုက်တံကိုသုံးပါ။ သွားတိုက်တံကိုသွားဖုံးနှင့်၄၅ဒီဂရီ ထားပြီးကိုင်ပါ။ သွားကိုဂရုတစိုက်တိုက်ပါ။ ကြမ်းတမ်းသောသွားတိုက်နည်းက သွားဖုံးကိုထိခိုက်စေသောကြောင့် နူးညံစွာတိုက် ဖို့မမေ့ပါနှင့်။ ကောင်းမွန်သောသွားတိုက်ခြင်းသည် ၃မိနစ်ခန့်အချိန်ယူပါသည်။
• ပါးစပ်ထဲရှိနေရာအားလုံးကိုဂရုစိုက်ပါ။ ဥပမာ-သွားဖုံး၊ လျှာနှင့်သွား

လျှာသန့်ရှင်းရေးလုပ်ပါ။

သင့်လျှာတွင် အဖုအထစ်များစွာပါရှိသည့်အတွက် သွားတိုက်ရုံနှင့်မလုံလောက်ပါ။ ဆိုလိုသည်မှာလျှာသည် ပါးစပ်ရှိအခြားနေရာများထက် ဘက်တီးရီးယား ပို၍ရှိနေနိုင် သည်ဟု ဆိုလိုခြင်းဖြစ်သည်။
• လျှာကိုသန့်ရှင်းရန် သီးသန့်ပစ္စည်းတစ်ခုဝယ်ခြင်း(သို့) ပုံမှန်နူးညံ့၍အမွှေးအမျှင်ရှိသော သွားတိုက်တံကိုသုံးပါ။
• လျှာကို အနောက်မှအရှေ့သို့ သန့်ရှင်းပါ။ ပလုတ်ကျင်းပေးပါ။
• အကယ်၍ သင်သည် ပြင်းထန်စွာပျို့အန်တတ်သူဖြစ်လျှင် ဤအဆင့်သည် သင့်အတွက်သင့်တော်မှုရှိမရှိ ဆရာဝန်နှင့်ဆွေးနွေးပါ။

နေ့စဉ်သွားပွတ်ကြိုးသုံးပေးပါ။

သွားပွတ်ကြိုးသုံးခြင်းသည် သွားတိုက်သကဲ့သို့ အရေးကြီးသော်လည်း အများစုကလျစ်လျူရှူထားကြသည်။ သွားပွတ်ကြိုးကိုပထမဆုံးစတင် အသုံးပြုချိန်တွင် သင်သွားဖုံးအတွင်း အချိန်အတော်ကြာရှိနေသော အစားအစာများပြုတ်ထွက်ခြင်းကြောင့် သွေးထွက်နိုင်သည်။ အသုံးပြုပြီးနောက် သင့်သွားပွတ်ကြိုးကို နမ်းကြည့်ပါ။ သင်ဘာကြောင့်ခံတွင်းနံ့ နံရသည်ကိုသိပါလိမ့်မည်။

အာလုတ်ကျင်းဆေးရည်သုံးပါ။

မှန်မှန်ပလုတ်ကျင်းခြင်းသည် သင့်ပါးစပ်ကိုစိုစွတ်၍ ပိုးမွှားကင်းစေသည်။
• ကလိုရင်းဒိုင်အောက်ဆိုဒ်ပါဝင်သော အာလုတ်ကျင်းဆေးကိုရွေးချယ်ပါ။ ခံတွင်းနံ့နံစေသော ဘက်တီးရီးယားအများစုသည် လျှာအနောက်ဘက်တွင် နေကြသည်။ ထိုနေရာသည် ပုံမှန်သွားတိုက်ခြင်းနဲ့အလှမ်းမမီပါ။ ထို့ကြောင့်ကလိုရင်းဒိုင်အောက်ဆိုဒ်ပါသော အာလုတ်ကျင်းဆေးနှင့် မှန်မှန်ပါးစပ်ကျင်းပေးခြင်းက ထိုဘက်တီးရီးယားများကို သေစေနိုင်သည်။
• သွားမတိုက်ခင်၊ သွားပွတ်ကြိုးမသုံးခင်၊ ပါးစပ်ကို ပလုတ်အရင်ကျင်းသင့်သည်။ ပြီးမှ ဆက်လုပ်သင့်သည်။ ဤသို့အရင်လုပ်ပြီးမှ သွားတိုက်ခြင်း ၊ သွားပွတ်ကြိုးနဲ့သွားကြားသန့်ရှင်းရေးလုပ်ခြင်းကို ပြုလုပ်ပါ။ နောက်ဆုံးတွင် တစ်ခေါက် ပလုတ်ပြန်ကျင်းပါ။ ဤနည်းသည် ကျန်ရှိနေနိုင်သောဘက်တီးရီးယားအားလုံးကို ဖယ်ရှားပေးပါသည်။

ပီကေဝါးပါ။

မည်သည့်ပီကေမဆိုဝါးလျှင် ပါးစပ်ထဲတွင်တံတွေးများများထွက်အောင် လှုံ့ဆော်ပေးနိုင်သည်။ ကောင်းမွန် သင့်တော်သောပီကေများမှာ
• သစ်ကြံပိုးခေါက်အရသာရှိသော ပီကေများသည် ဘက်တီးရီးယားများကို တိုက်ခိုက်ဖို့ အတွက်အလွန်ထိရောက်သည်။
• Xylitolပါသောပီကေများက ပါးစပ်ထဲတွင်ပိုးများမပွားအောင် ကာကွယ်ပေးသောကြောင့် အခြားပီကေများထက် ပိုကောင်းမွန်သည်။

အထက်ပါအချက်များနှင့်အဆင်မပြေပါက ဆရာဝန်(သို့)သွားဆရာဝန်နှင့်တိုင်ပင်၍ အကြံဉာဏ်ယူသင့်သည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

သွားတိုက်ဆေး ခံတွင်းနံ့ဆိုး အလှအပ အသုံးဝင်ပုံ ခံတွင်းနံ့ အမဲစက် လက်ဖက်ရည်ဇွန်း သံပရိုရည် အသားဖြူစေတယ် ခရမ်းချဉ်သီး ပိုးကောင်ကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

ခံတွင်းနံ့ဆိုး အစားအစာတွေ စားစရာတွေ ရှီတာကီမှို ရေသောက်ပါ ခံတွင်းအနံ့ဆိုး အသီးအနှံတွေ ခရမ်းချဉ်သီး လျှာကို သန့်စင်ပေးပါ ဘက်တီးရီးယားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ပါးစပ် ခန္ဓာကိုယ် antibodies အစာခြေ အရသာခံ သွားဖုံး သွားပိုးစားတာ လက္ခဏာ ခံတွင်းခြောက် အင်ဇိုင်းတွေ ခံတွင်းအနံ့ဆိုး ဘက်တီးရီးယား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်

အစာအာဟာရ၊ သွားနဲ့ ခံတွင်း၊ ချို့ယွင်း၊ ခံတွင်းနံ့ဆိုး၊ ကျန်းမာရေး၊ ပန်းရောင်သန်း၊ မာကျောကြံ့ခိုင်၊ ရေခဲရေ၊ သွားဖုံး၊ သွားပိုးပေါက်၊ သွားထိန်း၊ သွားတိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 1 min read
ကျန်းခံ့သာလို့ မာပါစ

ကျန်းခံ့သာလို့ မာပါစ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2020 . 2 mins read
ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read