ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

အခုတလော ဆိုရှယ်မီဒီယာတွေမှာ ကိုယ်ဝန်ဖျက်ဆေးတွေ၊ ကိုယ်ဝန်ဖျက်နည်းတွေကို ပြောင်ပြောင်တင်းတင်းရေးသားလာကြတာကို တွေ့လာရပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားဝင်ပါသလား။ ဥပဒေရှုထာင့်၊ လူမှုရေးရှုထောင့် ဘယ်လိုရှိပါသလဲ။

ကိုယ်ဝန်ဖျက်ချခြင်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ နောက်ခံအခြေအနေတွေအရ ရှုမြင်ပုံ အမျိုးမျိုးကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘာသာရေးအရ သူတပါးအသက်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ မကောင်းမှုတစ်ခုအနေနဲ့ ယူဆထားပါတယ်။

ဥပဒေနှင့် မညီပါ

ပထမဆုံးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပါတယ်။ ထောင်ဒဏ် (၃) နှစ်ကျခံနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်မာချိန် ကလေးလှုပ်ပြီဆိုရင် (၇)နှစ်ထိ ကျခံနိုင်ပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချချိန်မှာ မိခင်သေဆုံးရင် ပြစ်ဒဏ်ပိုများသွားပါတယ်။ နောက်တစ်ချက်က မိမိကိုယ်ဝန်ကိုပျက်ကျစေဖို့ ကိုယ်တိုင်အားထုတ်တယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာလည်း ဒီပုဒ်မနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဒါဆိုရင် မြန်မာပြည်မှာ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ဘယ်အခြေအနေတွေမှာရှိပါသလဲ..

ခြွင်းချက်တော့ ရှိပါတယ်။ မိခင်ရဲ့ အသက်ကို ကယ်ဆယ်ဖို့ လိုအပ်တဲ့အခြေအနေမှာ သဘောရိုးနဲ့ ကိုယ်ဝန်ပျက်စေခြင်း တစ်နည်းဆိုရင် ကုသတဲ့သဘောနဲ့ ကိုယ်ဝန်ဖျက်ချခြင်း (Therapeutic abortion) တော့ ဥပဒေအရ ခြွင်းချက်ပေးထားပါတယ်။ ဒီနေရာမှာ သဘောရိုးဆိုတဲ့ စကားလုံးဟာ ဥပဒေအသုံးအနှုန်းဖြစ်ပြီး အဓိပ္ပါယ်ကို ဆွဲဆန့်ကြည့်ရင် မိခင်ရဲ့အသက်ကို ကူညီကယ်ဆယ်လိုတဲ့ရည်ရွယ်ချက်နဲ့ ဆေးကုသခွင့်လိုင်စင်ရ ဆရာဝန်များနဲ့ အစိုးရဆေးရုံတွေမှာပဲ ပြုလုပ်ခြင်းအားဖြင့် အကျုံးဝင်တယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။

အရေးပေါ်ကျန်းမာရေးအခြေအနေအတွက်သာဖြစ်ပြီး လူမှုရေး၊ စီးပွားရေး တခြားကိစ္စတွေကို တရားဝင်ခွင့်ပြုမထားပါဘူး။

တစ်ခါက ဆိုရှယ်မီဒီယာပေါ်မှာ ငြင်းကြခုန်ကြဖြစ်ဖူးကြပါတယ်။ တချို့သော လူမှုရေးပြဿနာတွေ (ဥပမာ မုဒိန်းမှုကြောင့်ရတဲ့ ကိုယ်ဝန်) ကို ထည့်စဉ်းစားသင့်တယ်လို့ အကြောင်းပြကြပါတယ်။ အဲဒီကိစ္စရဲ့ အဖြေကတော့ လတ်တလောဥပဒေအရ မြန်မာနိုင်ငံမှာ မရပါလို့ ဆိုရမှာပါပဲ။

ဘယ်နိုင်ငံတွေမှာ ရသလဲ၊ သူတို့ဆီမှာ ကွာခြားမှုတွေရှိသလဲ

မြန်မာနိုင်ငံမှာမရဘူးဆိုတော့ ဘယ်နိုင်ငံတွေမှာရသလဲ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ လူမှုရေးပြဿနာတွေကြောင့် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ပေးထားပါတယ်။ ဥပမာ မုဒိန်းမှုကြောင့်ရတဲ့ ကိုယ်ဝန် မသန်မစွမ်းကလေးမွေးမှာ သေချာနေတဲ့ကိုယ်ဝန်၊ နောက်ဆုံး သန္ဓေတားနေလျက်က မလိုချင်ဘဲ ရသွားတဲ့ကိုယ်ဝန် စတာတွေကို တရားဝင်ဖျက်ချခွင့် ပြုထားပါတယ်။

လူဦးရေများပြားတဲ့အပြင် ဇာတ်နိမ့်မြင့်ပြဿနာတွေနဲ့ လူမှုရေးကိစ္စအလွန်များပြားတဲ့ အိန္ဒိယဟာ ၁၉၇၁ မှာ Medical Termination act of Pregnancy 1971 ကို ပြဋ္ဌာန်းပြီး ကိုယ်ဝန်ဖျက်ချခွင့်မှာ ကင်းလွတ်ခွင့်တွေ အများကြီးပေးခဲ့ပါတယ်။ ဒီဥပဒေသစ်ဟာ အိန္ဒိယမှာ ပြည်နယ်၂ခုကလွဲလို့ တစ်နိုင်ငံလုံးမှာ ကျင့်သုံးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် အရင်က မိခင်ရဲ့ လက်ငင်းအသက်အန္တရာယ်ကို ကယ်တင်ဖို့ ရည်ရွယ်ချက်တစ်ခုအတွက်ပဲ ကိုယ်ဝန်ဖျက်ချခွင့်ရှိပါတယ်။ နောက်ပိုင်းမှာ ကျန်းမာရေးအခြေအနေတွေမှာ ဖျက်ချခွင့်ပေးလာပါတယ်။ တစ်အိမ်ထောင် ကလေးတစ်ယာက်ပေါ်လစီပေါ်လာပြီးနောက်ပိုင်းမှာတော့ မိခင်ရဲ့ မေတ္တာရပ်ခံမှုနဲ့ ဖျက်ချလာတာကို တွေ့ရပါတယ်။ နောက်ပြဿနာတစ်ခုကတော့ sex-selective abortion လို့ခေါ်တဲ့ မွေးလာမယ့်ကလေးဟာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာအပေါ်မူတည်ပြီး ကိုယ်ဝန်ဖျက်ချခြင်း ဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ မိန်းကလေးကိုယ်ဝန်ဖျက်ချခံရမှု အများဆုံးလို့ စာရင်းဇယားတွေအရ သိရပါတယ်။

ဥရောပမှာတော့ ပိုလန်နိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ တော်တော်လေးလျှော့ပေါ့ထားပါတယ်။ တချို့နိုင်ငံတွေမှာ request နဲ့တောင် ခွင့်ပြုပေးထားတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံတွေမှာက Human rights ကို အဓိကထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မော်လ်တာနိုင်ငံနဲ့ ဗာတီကန်စီးတီးမှာ လုံးဝခွင့်မပြုထားပါဘူး။

အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ပုံမှာပြထားတဲ့အတိုင်း မြန်မာ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အရှေ့တီမော စတဲ့နိုင်ငံတွေမှာ မိခင်ရဲ့အသက်ကို ကယ်ဆယ်ဖို့လိုတဲ့အချိန်ကလွဲလို့ ကျန်တဲ့အကြောင်းပြချက်တွေအတွက် ခွင့်မပြုထားပါဘူး။ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ မိခင်ရဲ့မေတ္တာရပ်ခံချက်နဲ့ဆိုရင် ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် ခွင့်ပြုပေးထားတာကို တွေ့နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

ကျွမ်းကျင် ပညာရှင်များထံမှ Dr. Thant Zin

ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

အခုတလော ဆိုရှယ်မီဒီယာတွေမှာ ကိုယ်ဝန်ဖျက်ဆေးတွေ၊ ကိုယ်ဝန်ဖျက်နည်းတွေကို ပြောင်ပြောင်တင်းတင်းရေးသားလာကြတာကို ...

ရေးသားသူ Dr. Thant Zin
ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

ဖြစ်ရပ်နမူနာ (၁) မောင်မောင်ဟာ ပန်ကရိယကင်ဆာဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ သူ့ရောဂါအခြေအနေဟာ ...

ရေးသားသူ Dr. Thant Zin
လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်း

ဒီအကြောင်းအရာဟာ အမေရိကန်CSI ဇာတ်လမ်းတွဲပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ...

ရေးသားသူ Dr. Thant Zin
မှုခင်းဆေးပညာဆိုင်ရာ DNA စစ်ဆေးခြင်း

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ပြီးနောက် ဖြစ်တဲ့ လိပ်ခေါင်းကို ဘယ်လိုဖြေရှင်းမလဲ

ကိုယ်ဝန်ဆောင် လိပ်ခေါင်း အမျိုးသမီး မိခင် ကလေးမွေး ခါးနာ ဗိုက်ခွဲမွေး နာတာရှည် အိမ်တွင်းကုထုံး ဝမ်းသွား အမျှင်ဓာတ် အစာအာဟာရ စအို တင်ပါး ဝမ်းပျော့ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

sex education လိင်ပညာပေး လိင်ဆက်ဆံနည်း မုဒိန်းမှု လိင်ကတစ်ဆင့်မြီးကောင်ပေါက် အန္တရာယ်ကင်း ကွန်ဒုံး တားဆေး ကိုယ်ဝန် ကူးစက်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား……………..

ကလေး ကျန်းမာပျော်ရွှင်နေဖို့ အာဟာရဓာတ်ပြည့်ဝနေဖို့ ဖော်မြူလာနို့မှုန့် မိခင် မေမေ မိခင်နို့တိုက်ကျွေးတာ ကလေးနဲ့ မိခင်ကြား ထွေးပွေ့ကြင်နာမှု အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

ဘေဘီလေး မိခင် ချစ်ခြင်းမေတ္တာ မိခင်မေတ္တာ အကျိုးကျေးဇူးတွေ ဦးနှောက်ဖွံ့ဖြိုးမှု သင်ယူနိုင်စွမ်း တီထွင်ကြံဆမှု ဉာဏ်ရည်ထက်မြက် စိတ်ပိုင်းဆိုင်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read

Face Mask တပ်တဲ့အခါ လုပ်မိတတ်တဲ့ အမှားလေး တချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read
နေကြတ်တဲ့အခါ မျက်စိနဲ့ တိုက်ရိုက် မကြည့်သင့်ပါ။

နေကြတ်တဲ့အခါ မျက်စိနဲ့ တိုက်ရိုက် မကြည့်သင့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 22, 2020 . 2 mins read
နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020 . 2 mins read