ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 3, 2020 . 3 mins read
Share now

(ကာကွယ်ဆေးထိုးဖို့ကြောက်နေသူတွေ၊ ကာကွယ်ဆေးထိုးဖို့မလိုအပ်ဖူးလို့ထင်နေသူတွေ ဖတ်ကြည့်သင့် တယ်နော်)

ကူးစက်ရောဂါ တွေကိုကာကွယ်တဲ့နေရာမှာ ကာကွယ်ဆေးတွေကအဓိကအကျဆုံးနေရာက ပါဝင်နေပါတယ်။ ကာကွယ်ဆေးကြောင့်နှစ်တိုင်းလူသန်းနဲ့ချီအသက်ရှင်ခွင့်ရနေပေမဲ့ ဒီဆေးတွေကိုမလိုအပ်ဖူးလို့ ယူဆသူတွေ ရှိနေဆဲပါပဲ။ ဒါ့ကြောင့်အခုတစ်ခေါက်မှာကာကွယ်ဆေးနဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ရှင်းပြပေးချင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှုပိုအားကောင်းလာတာကြောင့် ကာကွယ်ဆေးမပေါ်ခင်ကတည်းကရောဂါတွေ ပျောက်ကင်းကုန်ပြီ

ကာကွယ်ဆေးကိုဆန့်ကျင်တဲ့သူတွေအတွက်ဒီလိုစကားမျိုးတွေကသဘောကျစရာပါပဲ။ ဟိုးအရင်ကထက် လူနေမှုစနစ်အများကြီးတိုးတက်လာ၊သန့်ရှင်းလာလို့ကာကွယ်ဆေးထိုးပြီးရောဂါတွေကာကွယ်စရာမလိုတော့ ဘူးလို့ထင်ရင်မှားသွားပါလိမ့်မယ်။ တိုးတက်ပြီးအသန့်ကြိုက်လှပါတယ်ဆိုတဲ့ နိုင်ငံ ၂ နိုင်ငံရဲ့အဖြစ်အပျက်နဲ့ပဲ သက်သေပြပါမယ်။

ဗြိတိန်နိုင်ငံနဲ့ဆွီဒင်နိုင်ငံမှာ (၁၉၇၄)ခုနှစ်တဝိုက်က ကာကွယ်ဆေးမထိုးချင်လို့ဆန္ဒပြမှုတွေ ကြောင့်ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေးထိုးနှံမှုရပ်တန့်ခဲ့ဖူးပါတယ်။ နောက်၄-၅နှစ်အကြာမှာတော့ ၂ နိုင်ငံလုံးမှာကြက်ညှာချောင်းဆိုး ဖြစ်ပွားသူ သိန်း၊သောင်းချီခဲ့ပြီး လူရာနဲ့ချီသေဆုံးခဲ့ပါတယ်။ ဒါ့ကြောင့်ပြောရ မယ်ဆို ရောဂါတွေပျောက်ကင်းဖို့ အတွက်လူနေမှုစနစ်တစ်ခုတည်းကို အားကိုးလို့မရပါဘူး။

ကာကွယ်ဆေးလည်း လိုအပ်ပါတယ်။ နောက်ပြီးကာကွယ်ဆေးကိုအမြဲထိုးနေမှလည်းရောဂါကိုတားဆီးနိုင်မှာပါ၊ ထိုးနှံမှုရပ်လိုက်တာ နဲ့ရောဂါတွေပြန်ထကြွလာနိုင်တာကိုသိထားရပါမယ်။

ကာကွယ်ဆေးထိုးထားလည်း ရောဂါဖြစ်မှာပဲ

ကာကွယ်ဆေးအပါအဝင်ဘယ်ဆေးမှ ၁၀၀% အလုပ်မလုပ်ပါဘူး။ ဒါပေမဲ့လက်ရှိလူထုကြားထိုးနှံနေတဲ့ကာကွယ်ဆေးအားလုံးကအဆင့်ဆင့်စမ်းသပ်စစ်ဆေးမှုတွေဖြတ်ကျော်လာပြီးထိရောက်မှုရှိလို့သာ ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။ ကလေးတွေမှာလက်ရှိထိုးနေတဲ့ကာကွယ်ဆေးတွေဆို ထိရောက်မှုက ၈၅%ကနေ ၉၅%အထိ ရှိပါတယ်။

ဒါပေမဲ့လူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကလည်း ကာကွယ်ဆေးရဲ့ထိရောက်မှုအပေါ် သက်ရောက်ပါတယ်။ ဒါ့ကြောင့်ကာကွယ်ဆေးထိုးရင် ၁၀၀% ကာကွယ်ပေးနိုင်တယ်လို့မပြောချင်ပေမဲ့ လုံးဝမထိုးထားတာထက်တော့ပိုကောင်းပါတယ်။

ထုတ်လုပ်ထားတဲ့ကာကွယ်ဆေးထဲမှာ ဘေးထွက်ဆိုးကျိုးပိုပြင်းထန်ပြီးအသက်အန္တရာယ်ရှိတဲ့ ကာကွယ်ဆေးအလုံးတွေပါနေတဲ့အတွက် ဒီကာကွယ်ဆေးတွေကိုရှောင်ပြီးထိုးသင့်တယ်

ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ဖို့အတွက် လေ့လာစမ်းသပ်တဲ့အဆင့်ကနေ တကယ်ထုတ်လုပ်တဲ့အဆင့်ထိ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်လိုက်တဲ့ကာကွယ်ဆေးတွေ အကုန်လုံးတပြေးညီအရည်အသွေးရှိမှရောင်းချနိုင်တာပါ။ ဒီလိုမျိုးတချို့ကာကွယ်ဆေးတွေကပိုကောင်းတယ်၊ တချို့ဟာတွေကအန္တရာယ်ရှိတယ်ဆိုတဲ့မှားယွင်းတဲ့အယူအဆက အချက် (၂) ချက်ကြောင့်ပေါ်လာတာဖြစ် နိုင်ပါတယ်။

ပထမအချက်ကတော့ ကာကွယ်ဆေးတိုင်းမှာဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဒါပေမဲ့ကာကွယ်ဆေး အထိုးခံမယ့်သူမှာပြင်းထန်တဲ့နာတာရှည်ရောဂါ တစ်ခုခုရှိနေခဲ့ရင်တော့ဘေးထွက်ဆိုးကျိုး တွေပိုပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့်ဆေးထိုးပြီးလူနာမှာဖြစ်ပျက်သမျှတိုင်းက ကာကွယ်ဆေးကြောင့်ချည်းမဟုတ်ဘူး ဆိုတာသိသင့်ပါတယ်။

နောက်တစ်ချက်ကတော့ ကာကွယ်ဆေးတွေကို ပို့ဆောင်သယ်ယူတဲ့အချိန်မှာ သတ်မှတ်ထားတဲ့အပူချိန်၊ သိုလှောင်ရမယ့်ဗူးစတဲ့သတ်မှတ်ချက်တွေအအတိုင်း လိုက်နာရပါတယ်။ ဈေးကွက်ထဲ က ကာကွယ်ဆေးတိုင်းကဒီလိုစည်းမျဉ်းတွေအတိုင်း အတိအကျသိမ်းဆည်း ထားခြင်းရှိချင်မှရှိမှပါ။ ဒါ့ကြောင့် ဆေးထိုးချိန်မှာ ဆေးအာနိသင်အပြည့်အဝမရတော့တာတွေရှိနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် ဘေးထွက်ဆိုးကျိုးမျိုးစုံခံရတယ်၊ နောက်ဆုံးအသက်သေတဲ့အထိတောင်ဖြစ်နိုင်တယ်

တကယ်တော့လူအများထင်နေသလိုမဟုတ်ဘဲကာကွယ်ဆေးတွေကအရမ်းကိုစိတ်ချရပါတယ်။ ဆေးထိုးပြီး ခံစားရတဲ့ဘေးထွက်ဆိုးကျိုးအများစုက ဖျားနာတာ၊ယားယံတာ၊ ကြွက်သားနာကျင်တာတွေလို သာမန် လောက်ပါပဲ။ အနာသက်သာဆေး၊ အဖျားသက်သာဆေးလေးသောက်လိုက်ရင် သက်သာသွားတတ်ပါတယ်။

ကာကွယ်ဆေးကြောင့်အသက်သေဆုံးတယ်ဆိုတာတော့အရမ်း (အရမ်း)ကိုရှားပါးပါတယ်။ လူတစ်သန်းမှာမှ တစ်ယောက်တောင်ဖြစ်ခဲပါတယ်။ လူသေဆုံးခဲ့ရင်လည်း ကာကွယ်ဆေးကြောင့်လား၊ တခြား ကျန်းမာရေး အခြေအနေကြောင့်လားဆိုတာ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေကလိုက်စုံစမ်းလေ့ရှိပါ တယ်။ ကာကွယ်ဆေးမထိုးရင်ဝင်လာမယ့်ရောဂါတွေနဲ့ ဆေးထိုးပြီးခံစားရမယ့်ဘေးထွက်ဆိုးကျိုးတွေကို နှိုင်းယှဉ်ကြည့်ရင် ကာကွယ်ဆေးထိုးတာက အများကြီးအားသာပါတယ်။

ကာကွယ်ဆေးထိုးပြီးကာကွယ်ရတဲ့ရောဂါတွေက ငါတို့နိုင်ငံမှာပပျောက်သွားပြီလို့ သိထားတယ်၊ ဒါ့ကြောင့် ကာကွယ်ဆေးထိုးစရာမလိုတော့ဘူး

ကာကွယ်ဆေးထိုးအစီအစဉ်တွေစနစ်တကျလုပ်ဆောင်မှုကြောင့်တချို့ရောဂါတွေ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမဲ့ ကိုယ်မသိနိုင်တဲ့နည်းလမ်းတွေနဲ့ဒီရောဂါတွေကနိုင်ငံထဲမှာပြန်ဖြစ်လာနိုင်ပါတယ်။ ဥပမာ-ပြောရမယ်ဆို နိုင်ငံထဲကိုလာရောက်လည်ပတ်နေထိုင်တဲ့ တခြားနိုင်ငံသားတွေကတစ်ဆင့်ကူးစက်ဖြစ်ပွားတာမျိုးဖြစ်ပါတယ်။

ဒ့ါကြောင့်ရောဂါလုံးဝပျောက်သွားပြီအထင်နဲ့ကာကွယ်ဆေးမထိုးသူတွေများလာရင် တချိန်ကပျောက်ကင်းပြီလို့ ထင်ထားတဲ့ရောဂါတွေပြန်ဖြစ်ပွားလာမှာပါ။ ဒါ့ကြောင့် ကိုယ့်ကျန်းမာရေးအတွက်ကော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကာကွယ်တဲ့အနေနဲ့ကာကွယ်ဆေးကိုစနစ်တကျဆက်ပြီးထိုးနှံရပါမယ်။

ဒီလိုလုပ်ခြင်းကကာကွယ်ဆေးနဲ့ဓာတ် မတည့်လို့မထိုးနိုင်သူတွေရော ရောဂါအခံရှိလို့ကာကွယ်ဆေးမထိုးနိုင်သူတွေကိုပါကာကွယ်ပေးရာရောက် ပါတယ်။

ကလေးတွေကို တစ်ခါတည်းကာကွယ်ဆေးအများကြီးထိုးပေးတာက ကလေးရဲ့ကိုယ်ခံအားကို ထိခိုက်စေတယ်

ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ဆေးပညာမှာသုတေသနတွေပြုလုပ်ထားပြီး ကလေးတွေကိုကာကွယ်ဆေး မျိုးစုံတစ်ကြိမ်တည်းမှာပေါင်းထိုးခြင်းက ကလေးရဲ့ကိုယ်ခံအားအပေါ်ထိခိုက်မှုမဖြစ်စေတာကို သက်သေပြ ထားပြီးပါပြီ။ ကာကွယ်ဆေးထဲမှာပါတဲ့ antigen တွေကိုဆေးတစ်ခုတည်းမှာစုပေါင်းပြီးထိုးလိုက်တဲ့အတွက် ကလေးလည်းဆေးရုံခဏခဏလာစရာမလိုတော့ပါဘူး။

နောက်ပြီးကလေးငယ်တွေစားသုံးတဲ့အစားအသောက် တွေနဲ့ ရှူသွင်းလိုက်တဲ့လေထုထဲကနေလည်း ရောဂါပိုးantigen တွေပါဝင်ပြီးသားဖြစ်နေတဲ့အတွက် ကလေးရဲ့ ကိုယ်ခံအားက ကျင့်သားရပြီးသားဖြစ်နေပါတယ်။ ဒါ့ကြောင့်ကာကွယ်ဆေးထိုးလို့ ကိုယ်ခံအားထိခိုက်သွားမှာ ကိုစိတ်ပူစရာမလိုဘူးလို့ပြောချင်ပါတယ်။

ဒါတွေကတော့ ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီးအတွေ့ရများတဲ့အယူအဆအလွဲတွေပါ။ များသောအားဖြင့် အစိုးရိမ်လွန်မှု၊ ကြောက်ရွံ့မှု၊ နားမလည်မှုတွေကြောင့် ကာကွယ်ဆေးကိုငြင်းဆန်ကြသူတွေများပါတယ်။ အခု ဒီဆောင်းပါးကိုဖတ်ပြီး ကာကွယ်ဆေးထိုးတယ်ဆိုတာကြောက်စရာကိစ္စတစ်ခုမဟုတ်မှန်းသိသွားမယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကော ပတ်ဝန်းကျင်ကသူတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေကို အားလုံးစနစ်တကျထိုးနှံကြဖို့ ထပ်မံတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အခြေစိုက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

Favipiravir ကို မြန်မာနိုင်ငံမှာ စတင်ထုတ်နိုင်ပြီလို့ ဆိုပါတယ်။ ဒါဟာ ကိုဗစ်ကို ကုသနိုင်မှာလား။ လူတိုင်း သုံးလို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆေးထိုးရင် နာမှာကြောက်သူတွေအတွက် နည်းလမ်းလေးတွေ

တစ်ချို့တွေက ဆေးထိုးရမှာ သိပ်ကြောက်တတ်ကြပါတယ်။ အဓိကအားဖြင့်တော့ နာမှာကြောက်တာကြောင့်ပါ။ နာကျင်မှုလျော့ပါးအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read
သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါ (Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read