ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
Share now

(ကာကွယ်ဆေးတွေဆိုတာ ပြင်းထန်တဲ့ရောဂါအန္တရာယ်တွေရန်က ကာကွယ်နိုင်အောင်ထိုးနှံကြတာဖြစ်ပေမဲ့ ကာကွယ်ဆေးထိုးတာကို လုံးဝလက်မခံတဲ့လူတစ်ခုလည်းရှိနေပါသေးတယ်)

ကာကွယ်ဆေးဆိုတာ ကူးစက်ရောဂါတွေရန်ကနေကာကွယ်နိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ အရင်တုန်းကလူသန်းပေါင်းများစွာကိုသေစေခဲ့တဲ့ရောဂါတချို့ ပပျောက်သွားအောင်တောင် ကာကွယ်ဆေးနဲ့ လုပ်နိုင်နေပါပြီ။ ဒါပေမဲ့အခုချိန်ထိ ကာကွယ်ဆေးထိုးဖို့ကိုလုံးဝလက်မခံတဲ့သူတွေရှိသေးတယ်လို့ပြောရင် ယုံလိုက်ပါ။ ဒီလူတွေကို anti-vaxxers (ကာကွယ်ဆေးထိုးခြင်းကိုဆန့်ကျင်သူများ) လို့ခေါ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတောင် လူသားတွေကျန်းမာရေးကိုအဓိကခြိမ်းခြောက်နေတဲ့ အကြောင်းရင်း (၁၀) ခုထဲမှာ ကာကွယ်ဆေးထိုးဖို့ဆန့်ကျင်သူတွေကို တစ်ချက်ထည့်သွင်းသတ်မှတ်ထားရတဲ့အထိ အန္တရာယ်ကြီး တာကြောင့် ဒီလူတွေအကြောင်းဗဟုသုတအဖြစ်ပြောပြချင်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ သူတို့ဆန့်ကျင်ရတဲ့အကြောင်းကလည်းအမျိုးမျိုးရှိပါတယ်။ ကာကွယ်ဆေးကို ဘာသာရေးအရမထိုးချင်တဲ့သူ၊ ဆေးအစွမ်းကိုမယုံတဲ့သူ၊ ဆေးထိုးဖို့မလိုဘူးလို့ယူဆတဲ့သူ၊ ဆေးကုမ္ပဏီတွေ အမြတ်ရအောင်တမင်ဖန်တီးထားတဲ့ပစ္စည်းလို့ထင်နေတဲ့သူ စတဲ့လူမျိုးစုံ အကြောင်းမျိုးစုံနဲ့ပါ။ ကာကွယ်ဆေး ထိုးဖို့အကြောက်အကန်ငြင်းဆန်နေသူအများစုက ကာကွယ်ဆေးဆိုတဲ့သဘောကို အပြည့်အဝနားမလည်သေး တာကိုလည်း တွေ့ရပါတယ်။ တချို့ကာကွယ်ဆေးတွေထဲမှာ မာကျူရီ၊ ဖော်မယ်လ်ဒီဟိုက်နဲ့ အလူမီနီယမ်လို ဓာတုဓာတ်တွေပါဝင်တာကြောင့် မထိုးချင်ဘူးဆိုတဲ့သူတွေကိုတစ်ခုပြောလိုတာက ကျွန်တော်တို့နေ့စဉ်စားသုံး နေတဲ့အသီးအနှံနဲ့ အသားငါးတွေထဲမှာလည်း ဒီဓာတုဓာတ်တွေပါဝင်နေတယ်ဆိုတာပါပဲ။ ကာကွယ်ဆေးထဲမှာ ဓာတုဓာတ်ပမာဏနည်းနည်းလေးဘဲပါဝင်တာဖြစ်ပြီး အသီးအနှံတွေ သားငါးတွေထဲမှာပါဝင်သလောက် တောင်မရှိတဲ့အတွက် ကျန်းမာရေးဆိုးကျိုးတွေမဖြစ်စေနိုင်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းက သူတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ယူဆတဲ့ ခပ်ကြောင်ကြောင်လူတစ်စုလည်း ရှိပါသေးတယ်။ ရောဂါမဖြစ်အောင်ကာကွယ်ဖို့ ဆေးထိုးခိုင်းတာကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ထင်နေတာကိုတော့ ရှင်းမပြတတ်တော့ပါဘူး။

တကယ်တော့ဒီလိုအူကြောင်ကြောင်အယူအဆတွေကိုင်ဆွဲပြီး ကာကွယ်ဆေးထိုးဖို့ငြင်းဆန်တဲ့သူတွေက အခုမှပေါ်လာတာမဟုတ်ပါဘူး။ (၁၈၀၀) ပြည့်နှစ်လောက်တုန်းက လူအများအပြားကိုကျောက်ရောဂါ ကာကွယ်ဆေးထိုးပေးဖို့လုပ်ကတည်းက ဆေးထိုးမခံတဲ့သူတွေရှိခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကျောက်ရောဂါ ကာကွယ်ဆေးက သိပ်မပြင်းထန်တဲ့ဗိုင်းရပ်စ်တစ်မျိုးကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်အရှင်ကနေပြုလုပ်ထားတာဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပိုးကြီးမှန်းသိသိနဲ့ ကိုယ့်ခန္ဓာကိုယ်ထဲအထိုး မခံနိုင်ဘူးဆိုပြီးငြင်းဆိုခဲ့ကြပါတယ်။ တချို့သူတွေကျတော့လည်းအပေါ်မှာပြောခဲ့သလို ဘာသာရေးနဲ့ နိုင်ငံရေးကိစ္စတွေကြောင့်ဆန့်ကျင်ကြပြန်ပါတယ်။

(၁၉၇၀) ခုနှစ်လောက်မှာလည်း ဆုံဆို့၊ကြက်ညှာမေးခိုင်ရောဂါ (၃) မျိုးစပ်ကာကွယ်ဆေးထိုးရင် အာရုံကြော တွေပျက်စီးစေတယ်ဆိုပြီး ကာကွယ်ဆေးထိုးတာကိုဆန့်ကျင်သူတွေရှိခဲ့ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေ အကြိမ်ကြိမ်လုပ်ပြီး ဒီလိုယူဆချက်တွေမှားယွင်းကြောင်းသက်သေပြခဲ့ပြီးပေမဲ့ ခေါင်းမာနေသူတွေရှိဆဲပါပဲ။

(၁၉၉၈) ခုနှစ်မှာတော့ အင်္ဂလိပ်သမားတော်တစ်ယောက်ဖြစ်တဲ့ အန်ဒရူး ဝိတ်ဖီးလ်က MMR ကာကွယ်ဆေးနဲ့ အော်တစ်ဇင်ရောဂါ ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီးရေးသားခဲ့တဲ့အတွက် သူ့နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ အကြီးအကျယ်ပြဿနာတက်သွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါမှာတော့ ဒီအဆိုပြုချက်ဟာ လွဲမှားနေတာကို တွေ့ရှိခဲ့ပြီး ရလဒ်တွေကလည်းလိုသလို ကောက်ချက်ဆွဲထားတာတွေဖြစ်နေတာကြောင့် ဆရာဝန်လိုင်စင်ပါအသိမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးရင် ကလေးတွေအော်တစ်ဇင်ဖြစ်နိုင် တယ်ဆိုတဲ့အယူအဆအမှားကြီး လူထုကြားထဲပျံ့နှံသွားခဲ့တာဝမ်းနည်းစရာပါပဲ။

ကာကွယ်ဆေးတွေတီထွင်လာနိုင်ခြင်းက ဆေးပညာနယ်ပယ်မှာအကြီးကျယ်ဆုံးအောင်မြင်မှုတွေထဲက တစ်ခုဆိုတာငြင်းစရာမလိုပါဘူး။ နှစ်ပေါင်း (၃၀၀၀) ကျော်ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းရာနဲ့ချီပြီးသေဆုံးခဲ့ရတဲ့ ကျောက်ရောဂါကိုလည်းကာကွယ်ဆေးနဲ့ တိုက်ထုတ်ခဲ့နိုင်ပါပြီ။ ဝက်သက်ရောဂါဆိုလည်း အလားတူပါပဲ။ ဝက်သက်ကာကွယ်ဆေးကို ကမ္ဘာမှာတရားဝင်အပြည့်အဝစတင်သုံးစွဲခဲ့တဲ့ (၁၉၆၃) ခုနှစ်တည်းက တစ်ကမ္ဘာလုံး မှာဝက်သက်ရောဂါဖြစ်ပွားနှုန်းကျဆင်းလာပြီးလက်ရှိအချိန်မှာပပျောက်သလောက် တောင်ဖြစ်နေပါပြီ။

ကာကွယ်ဆေးထိုးဖို့ဆန့်ကျင်တဲ့သူတွေက သူတို့ကျန်းမာရေးကိုပဲထိခိုက်စေတာမဟုတ်ပါဘူး၊ ပတ်ဝန်းကျင် ကသူတွေရဲ့ကျန်းမာရေးကိုပါထိခိုက်စေပါတယ်။ ဥပမာပြောရရင် ကာကွယ်ဆေးထိုးပြီးကာကွယ်နိုင်တဲ့ရောဂါ တစ်စုံတစ်ရာရှိနေသူတစ်ယောက်ကနေ ငွေရေးကြေးရေးအရသော်လည်းကောင်း၊ ဓာတ်မတည့်လို့သော်လည်းကောင်း ကာကွယ်ဆေးမထိုးနိုင်သေးတဲ့သူဆီ ရောဂါကူးစက်သွားနိုင်ပါတယ်။

ကိုယ်မထိုးသလို တခြားသူတွေကိုပါဆေး မထိုးဖို့တိုက်တွန်းနေရင် ကာကွယ်ဆေးမထိုးတဲ့သူတွေတဖြည်းဖြည်းပြန်များလာနိုင်ပါတယ်။ ကာကွယ်ဆေး မထိုးသူတွေများလာလေ ပျောက်ကင်းသွားပြီလို့ယူဆခဲ့တဲ့ရောဂါတွေပြန်ပေါ်လာနိုင်လေပါပဲ။ အမေရိကန်ပြည် ထောင်စုမှာ (၂၀၀၂) ခုနှစ်ကဝက်သက်ရောဂါပပျောက်သွားကြောင်းကြေညာခဲ့ပါတယ်။ ဒါပေမဲ့ (၂၀၁၄) ခုနှစ်မှာတော့ ဝက်သက်ရောဂါဖြစ်ပွားသူ (၆၀၀) ကျော်အထိရှိလာခဲ့ပါတယ်။

ဒါဟာမိဘတွေကကလေးငယ် တွေကို ဝက်သက်ကာကွယ်ဆေးထိုးပေးဖို့ ပျက်ကွက်ခဲ့တဲ့ရလဒ်ပါပဲ။ ဆေးထိုးပြီးကာကွယ်လို့ရနိုင်လျက်နဲ့ ဝေဒနာတွေခံစားရတာတကယ်စိတ်မကောင်းစရာပါ။ ကာကွယ်ဆေးပေါ်လာလို့ပပျောက်သွားတဲ့ရောဂါတွေ ဆိုတာလည်း တကယ်တော့လုံးဝအမြစ်ပြတ်ပပျောက်သွားတာမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာကာကွယ်ဆေး မထိုးတဲ့သူဦးရေက ကာကွယ်ဆေးထိုးထားတဲ့လူပမာဏထက်ကျော်လွန်သွားတာနဲ့ အရင်ကပျောက်သွားပြီ ထင်တဲ့ရောဂါတွေ ပြန်ဖြစ်လာနိုင်ပါတယ်။

ဘယ်ကာကွယ်ဆေးမှရောဂါကို ၁၀၀% ကာကွယ်မပေးနိုင်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ကာကွယ်ဆေး မထိုးထားရင် ရောဂါဖြစ်ဖို့ကတော့ ရာခိုင်နှုန်းအတော်များပါတယ်။ ဘယ်လိုကုသမှုပဲဖြစ်ဖြစ် ကောင်းကျိုးနဲ့ဆိုးကျိုးကိုမျှကြည့်ရတာပါပဲ။ ကာကွယ်ဆေးထိုးပြီးရင် အရေပြားယားယံတာ၊ ငွေ့ငွေ့ဖျားတာ၊ ခေါင်းကိုက်တာလို ဘေးထွက်ဆိုးကျိုးတွေခံစားရတတ်ပါတယ်။

ကာကွယ်ဆေးကြောင့် အသက်သေဆုံး ရတယ်ဆိုတာမျိုးကအရမ်းကိုရှားပါးပါတယ်။ ကာကွယ်ဆေးမှန်သမျှဆန့်ကျင်မယ်ဆိုတဲ့အုပ်စုထဲ မပါအောင် ကာကွယ်ဆေးထိုးလိုက်ရင် ရရှိမယ့် ကောင်းကျိုးနဲ့ ဆေးမထိုးလို့ခံစားရမယ့်ဆိုးကျိုးတွေကို ချင့်ချိန်စဉ်းစားပြီးဆုံးဖြတ် နိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

Favipiravir ကို မြန်မာနိုင်ငံမှာ စတင်ထုတ်နိုင်ပြီလို့ ဆိုပါတယ်။ ဒါဟာ ကိုဗစ်ကို ကုသနိုင်မှာလား။ လူတိုင်း သုံးလို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆေးထိုးရင် နာမှာကြောက်သူတွေအတွက် နည်းလမ်းလေးတွေ

တစ်ချို့တွေက ဆေးထိုးရမှာ သိပ်ကြောက်တတ်ကြပါတယ်။ အဓိကအားဖြင့်တော့ နာမှာကြောက်တာကြောင့်ပါ။ နာကျင်မှုလျော့ပါးအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးတွေကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးမယ့်အရာ

ကာကွယ်ဆေးက ကမ္ဘာပေါ်က ကြောင်စရာကေင်းတဲ့ ရောဂါတွေကို အပြီးတိုင် ပျောက်ကွယ်သွားအောင် သုတ်သင်ပေးနိုင်တဲ့ အစွမ်းထက် ဆေးဝါးတစ်မျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 7, 2021 . 3 mins read
ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 3 mins read
အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာ့ ကိုဗစ်ကာကွယ်ဆေးရရှိရေး မျှော်လင့်ချက် ထိခိုက်မလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read