backup og meta

နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

    နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ

    နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။

    နှင်းဆီကမျိုးစိတ်ပေါင်း ၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။

    ကိုယ်အလေးချိန်ကျစေနိုင်ခြင်း –နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။

    သဘာဝ ကာမအားတိုးဆေးတစ်ရပ် – နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်းဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာတော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။

    စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျမှုတွေကိုပြေလျော့စေခြင်း –ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမ်းတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။Paraíba-Caixa တက္ကသိုလ်Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်။ လို့တွေ့ရှိခဲ့ပါတယ်။

    လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်းလျော့ပါးစေပါတယ်။

    ဝက်ခြံပျောက်စေနိုင်ခြင်း –ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓါတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကိုသေစေနိုင်တဲ့phenyl ethanol ပါရှိမှုကြောင့်rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။

    နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း –နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

    နှလုံးရောဂါနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း –နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့Kaempferolဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။

    နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

    နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလိုသွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

    နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    သတိပြုဖွယ်ရာများ

    -နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။

    -ဆီးချို (သို့)သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။

    -ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်းဆေးဝါးတွေနဲ့ ဓါတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာသောက်သုံးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement