backup og meta

ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

    တိုးတက်လာတဲ့ လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့ စားသောက်မှုအလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်းမြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food)တွေ စားသုံးလာကြတာပါ။ ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာ စဉ်းစားမိရဲ့လား။ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

    ပြုပြင်ထားတဲ့ အစားအစာတွေက တကယ်ပဲကျန်းမာရေးကိုထိခိုက်စေသလား

    ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သေပြနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင် ထည့်ထားတာတွေ၊ အရသာကောင်းအောင် ပြုပြင်ထားတာတွေ ပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတစ်လေကနေ အမြဲလိုလို စားနေမိနိုင်ပါတယ်နော်။

    ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တော်တော်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊ အငန်ဓာတ်နဲ့ ပြည့်ဝဆီတွေပါ။ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးတဲ့အခါ စားမိနိုင်သေးတာတွေက တာရှည်ခံဓာတုပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အချိုဓာတ်တွေပါ။ ဒီလောက်ဆိုရင်တော့ ကျန်းမာရေးအတွက် ကောင်းဖို့မရှိဘူးဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူးနော်။ အရသာရှိရှိလေးနဲ့ ဗိုက်ပြည့်စေပေမယ့် ရေရှည်မှာကျ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေခံစားလာရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဆီးချိုရောဂါခံစားရတာတွေ များလာတယ်။ အဝလွန်လာကြတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကျလာတယ်ဆိုတာရဲ့ အဓိက တရားခံတွေက အခြားမဟုတ်ပါဘူး။ ပြုပြင်ထားတဲ့ အစားအစာတွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးမိနေတာကြောင့်ပါ။

    ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ ပတ်သက်လို့ နောက်ထပ်ပြောစရာရှိတာတစ်ခုက အစားအစာတွေကို ထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ နဲ့ ဗူးတွေပါ။ ဒီထုပ်ပိုးတဲ့ပစ္စည်းတွေထဲမှာ BPA (bisphenol A) ပါဝင်နေပြီး ထုပ်ပိုးထားတဲ့အစားအစာတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ BPA က ဟော်မုန်းပမာဏကိုထိခိုက်စေပြီး အမျိုးသမီးတွေမှာ မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပါတယ်လို့ ၂၀၁၅ ခုနှစ်အောက်တိုဘာလက သဘာဝပတ်ဝန်းကျင်သုတေသနပြုရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဂျာနယ်မှာထုတ်ဝေခဲ့တဲ့လေ့လာမှုမှာပါရှိပါတယ်။

    ဒီလိုမျိုး အာဟာရနည်းပါးပြီး စွဲလမ်းစေတတ်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးပါဝင်နေတဲ့ အရာတွေပါ။ ဒီအစားအသောက်နဲ့ ပတ်သက်ပြီး လေ့လာမှုတစ်ရပ်လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း လူအယောက် ၄၄၅၅၁ ဦးကိုလေ့လာခဲ့ပါတယ်။လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၇၃ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။လေ့လာမှုမှာ ပါဝင်သူတွေထဲက ၃၄ ရာခိုင်နှုန်းက နေ့စဉ်ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးခဲ့ကြပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ကတော့ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးသူတွေက အခြားသူတွေနဲ့နှိုင်းစာရင် အသက်သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်းကျော်ပိုများနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ဘာတွေဖြစ်နိုင်လဲ

    အချို၊အငန်လွန်ကဲလွန်းတဲ့ ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ခန္ဓာကိုယ်မှာရောဂါတွေခံစားရနိုင်ပါတယ်။

    ဒီလို နာတာရှည်ရောဂါတွေ ခံစားရစေမှတော့ ပြုပြင်ထားတဲ့အစားအစာတွေက အသက်တိုစေတယ်ဆိုတာ တကယ်ကိုသေချာနေပြီလေ။ ဒီနေ့ခေတ်ထဲမှာ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ရခက်ပေမယ့် အပိုပါမလာတဲ့ အသက်တစ်ချောင်းကို နှမြောရင်တော့ ဆင်ခြင်ပါလို့ တိုက်တွန်းပါရစေနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement