backup og meta

ရောဂါတွေကိုတိုက်ဖျက်ပေးမယ့် အစားအစာတွေကဘာတွေများလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါတွေကိုတိုက်ဖျက်ပေးမယ့် အစားအစာတွေကဘာတွေများလဲ

    သက်ရှိတိုင်းမှာ ခန္ဓါကိုယ်ဆိုတာရှိနေတော့ဝေဒနာကမကင်းဘူးလေ။ အသက်လေးရလာလေလေ ခန္ဓါကိုယ်မှာ ခံစားရတဲ့ဝေဒနာတွေက များလာလေလေပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုပေမယ့် မကာကွယ်နိုင်လိုက်တဲ့အခြေအနေမျိုးမှာတော့ အကောင်းဆုံးခုခံရမှာပေါ့။ တိုက်စစ်မရရင်ခံစစ်နဲ့တော့ရအောင်ကစားရမှာပဲလေနော်။ ဒီတော့ရောဂါတွေကို အစားအစာတွေနဲ့ ခုခံရအောင်လား။

    ရောဂါတွေကို တိုက်ထုတ်ပေးနိုင်မယ့် အစားအစာတွေက ဘာတွေများလဲ

    ရောဂါတွေကိုတိုက်ထုတ်ပေးမယ်ဆိုလို့ ဘယ်လိုအစားအစာတွေများလဲလို့ အကြီးကြီးတွေးနေပြီလား။နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာပါနေတဲ့ စားအစာတွေပါပဲနော်။

    ပန်းသီး

    ပန်းသီး

    ပန်းသီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်တစ်မျိုးဖြစ်တဲ့ pectin ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်သလိုသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ အယမကြီးကင်ဆာဖြစ်နိုင်ခြေ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိလျော့ကျစေနိုင်ပြီး ဆီးချိုရောဂါကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်နော်။

    ချင်း (ဂျင်း)

    ချင်း

    မီးဖိုချောင်ထဲကဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပေါ့။ နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။သွေးကျဲစေနိုင်တယ်။သွေးကျဲဆေးေသာက်နေရသူတွေအတွက် သဘာဝဆေးလေးတစ်မျိုးပေါ့။

    ရွှေဖရုံသီး

    ရွှေဖရုံသီး

    ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်ခုပါ။beta-carotene နဲ့ beta-cryptoxanthin ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ စားစရာတစ်ခုပါ။

    ဘယ်ရီသီးတွေ

    ဘယ်ရီသီး

    ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ free radicalsတွေကြောင့် ခန္ဓါကိုယ်မှာ နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကင်ဆာ၊နှလုံးရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေအတွက် အထူးသင့်တော်ပါတယ်။

    နို့ထွက်ပစ္စည်းတွေ

    ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ အပါအဝင် ဗီတာမင် များစွာပါဝင်နေပါတယ်။ ပရိုတင်း နဲ့ သတ္တုဓါတ်တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်နော်။ ဆီးချိုသမားတွေမှာသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်ပါတယ်။

    အဆီများတဲ့ ငါး

    အဆီများတဲ့ငါး

    Omega-3 fatty acids ကြွယ်ဝစွာပါဝင်တဲ့ ဆယ်လ်မွန်၊ တူနာလိုမျိုး ငါးတွေကသွေးတွင်းအဆီဓါတ်ကို ကျဆင်းစေနိုင်သလို နှလုံးရောဂါကြောင့်သွေးခဲတာကို ကာကွယ်ပေးနိုင်ပါတယ်။ နှလု့းသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းထုပ်၊ ဆလတ်ရွက်တို့လိုမျိုးအရွက်တွေမှာ ဗီတာမင်၊သတ္တုဓါတ်တွေ၊ ဘီတာကယ်လ်ရိုတင်း၊ဖောလိတ်၊ သံဓါတ်နဲ့မဂ္ဂနီဆီယမ် အပါအဝင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ အမျိုးအစား -၂ ဆီးချိုေရာဂါဖြစ်နိုင်ခြေကိုလျှော့ချပေးသလိုနောက်ဆကတွဲရောဂါတွေ ဝင်မလာအောင် ကာကွယ်ပေးပါတယ်နော်။

    ကန်စွန်းဥ

    ကန်စွန်းဥ

    ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ဖောလိတ်၊ ကယ်လ်ဆီယမ်၊ သွပ်ဓါတ်၊ သံဓါတ်နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကန်စွန်းဥမှာပါတဲ့ အမျှင်ဓါတ်က အစာခြေလမ်းကြောင်းကို ကျန်းမာစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါနဲ့ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီး

    အနီရောင်စိုစိုလေးနဲ့ စားချင်စဖွယ်ဖြစ်နေတဲ့ ခရမ်းချဉ်သီးလေးက အရသာရှိသလို ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ် တို့ပါဝင်နေတာကြောင့် စားသုံးပေးသင့်ပါတယ်နော်။

    ဥအမျိုးမျိုး

    ဥအမျိုးမျိုး

    ဥအမျိုးမျိုးမှာ ကာရိုတီးနွိုက်၊ လူတင်၊ ခိုလင်းတို့ပါဝင်နေတာကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လုံလောက်တဲ့ အာဟာရကိုပေးစွမ်းနိုင်ပါတယ်။ မျက်လုံးကျန်းမာစေဖို့ထိခိုက်တာကိုလည်း အာဟာရတွေထောက်ပံ့ပေးပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement