backup og meta

အိပ်ချိန်ပုံမှန်မရှိသူတွေ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ


Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ချိန်ပုံမှန်မရှိသူတွေ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ

    အိပ်ချိန်အပြည့်အဝ မရတဲ့ သူတွေ တခြားသူတွေထက် ကျန်းမာရေး ချူချာနိုင်တယ် ဆိုတဲ့ အကြောင်းကို အရင်ကလည်း ခဏခဏ ပြောခဲ့ဖူးတာ သတိထားမိမှာပါ။ ဒီဘက်ခေတ်မှာဆိုရင် အိပ်ချိန်မမှန်တဲ့ ပြဿနာက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အလွန် အတွေ့များသလို လူကြီးပိုင်းတွေမှာလည်း ဖြစ်လာတတ်ကြပါတယ်။ အကြောင်းရင်း အမျိုးမျိုး ပြပြီး အိပ်ချိန် လျှော့ချပစ်လို့ ကိုယ့်အတွက် ဘာ အကျိုးကျေးဇူးမှလည်း မရနိုင်သလို နေ့လည် တစ်ရေးတစ်မော အိပ်လို့လည်း လွတ်သွားတဲ့ အိပ်ချိန်တွေကို အစားပြန်ထိုးလို့ မရနိုင်ပါဘူးနော်။

    အိပ်ချိန်မမှန်ဘူးဆိုတာ ဘာကို ပြောတာလဲ။

    လူတစ်ယောက်မှာ အစာစားချိန်၊ အိပ်ချိန်ဆိုတာ အချိန်တစ်ခု တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ ဒါမှပဲ ကျွန်တော်တို့ ခန္ဓာကိုယ်က ဒီအချိန်အတိုင်း အလုပ်လုပ်ပြီး သူ့အချိန်ရောက်ပြီ ဆိုတာနဲ့ ဗိုက်ဆာလာမယ်၊ အိပ်ချင်လာမယ်၊ အနားယူရမယ့် အချိန်ဆို လူက ပင်ပန်းလာမယ်၊ ဒါမျိုး အချက်တွေ ပြနိုင်မှာပေါ့။ အချိန်တွေကို သတ်မှတ်မထားဘဲ ကိုယ် စားချင်တဲ့အချိန် စား၊ အိပ်ချင်တဲ့အချိန် ထအိပ်ရင်တော့ ကြာရင် အဆင်မပြေနိုင်ဘူးနော်။

    အိပ်ချိန်မမှန်ဘူး ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အိပ်ဖို့အတွက် အချိန်ဇယား တစ်ခု သတ်မှတ်ထားခြင်း မရှိတာပေါ့။ ဒီနေ့တော့ ည ၁၀ စောစော အိပ်လိုက်တယ်၊ နောက်နေ့တော့ ညသန်းခေါင် ၁၂ ထိ နေတယ်၊ နောက်ရက်တွေမှာ မနက် ၂နာရီလောက်မှ အိပ်တာမျိုး၊ တချို့ကျတော့လည်း ညဆိုင်းသမားတွေဆိုတော့ ညဘက်တွေမှာ အလုပ်သွား၊ နေ့ဆိုင်း ပြန်ဆင်းရမယ့် နေ့ကျတော့ ညဘက်ကို ပြန်အိပ်၊ တချို့ကျတော့လည်း မနက်နဲ့ ည အိပ်ချိန် မှားနေတာမျိုး ဒါတွေ အကုန်လုံးကို အိပ်ချိန်မမှန်ဘူးလို့ ယူဆလို့ ရပါတယ်။

    အိပ်ချိန်မမှန်ခြင်းကြောင့် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    ညဘက် မအိပ်တဲ့ သူတွေ ဘာလုပ်နေကြလဲလို့ ကြည့်လိုက်ရင် ညလုံးပေါက် ရုပ်ရှင်ကြည့်တာ၊ စာထိုင်ကျက်နေတာ၊ ရေခဲသေတ္တာထဲမှာ ရှိတဲ့ မုန့်တွေ စားတာ၊ ဖုန်းထိုင်သုံးတာမျိုးတွေ အများဆုံး တွေ့ရပါတယ်။ အဲ့လို အမူအကျင့်တွေဟာ

    အဝလွန်ခြင်း

    • ကိုယ်ခန္ဓာ အဆီတက်မြန်ခြင်း

    • မောပန်းလွယ်ခြင်း

    မျက်စိ အာရုံပိုစိုက်ရခြင်း

    • မျက်စိ မှုန်လာခြင်း

    ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း

    • ဇီဝကမ္မ ဖြစ်ပျက်မှု နှေးကွေးခြင်း

    • ခန္ဓာကိုယ်တွင်း ကလီစာတွေ လုပ်ဆောင်အား ကျဆင်းခြင်း တွေ ဖြစ်လာနိုင်ပါတယ်။

    ဒီလို ဖြစ်ရာကနေ အခြေအနေ ဆိုးလာတဲ့အခါ ဆီးချို၊ သွေးတိုးရောဂါ အပြင် နှလုံးနဲ့ အာရုံကြောစနစ်ပါ ထိခိုက်လာနိုင်ပြီး နှလုံး အမောဖောက်တာ၊ တက်တာ၊ သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။

    အသက်ရှည် ကျန်းမာဖို့ အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ။

    လူတစ်ယောက်ရဲ့ တစ်နေ့တာ အိပ်ချိန်သည် အနည်းဆုံး ၇နာရီမှ ၈နာရီထိ ရှိဖို့ လိုအပ်ပါတယ်။ ညဘက်ကို စောနိုင်သလောက် စောစောအိပ်ပြီး မနက်ဘက်ကို စောစော ထနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်နေ့တာအတွက် အစာစားချိန်၊ ညအိပ်ချိန်ကို သတ်မှတ်ထားပြီး အဲ့အချိန်အတိုင်း နေ့တိုင်း လိုက်နာဖို့ ကြိုးစားပါ။ အစာအာဟာရ စုံလင်စွာ စားပါ။ ညအိပ်ချိန်နဲ့ အနည်းဆုံး ၂နာရီ ၃နာရီခန့် ခွာပြီး နောက်ဆုံး အစာစားထားပါ။ ကိုယ့်ရဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာ အမြဲတမ်း ရှိနေတယ်ဆိုတာ သတိထားပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement