backup og meta

အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

    သင်က စူပါဟီးရိုးမဟုတ်ပါဘူး။ ဒါကြောင့် အိပ်စက်ချိန်လိုအပ်မှာပါ။ အလုပ်အရမ်းများလို့ ရံဖန်ရံခါအိပ်ချိန်နောက်ကျတာက ကိစ္စမရှိပေမယ့်နေ့တိုင်းနောက်ကျနေတာကတော့မကောင်းပါဘူး။ ခန္ဓါကိုယ်မှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိတဲ့ အိပ်စက်ချိန်လေးမှာပြည့်ပြည့်ဝဝအိပ်စက်ပြီး အိပ်ရေးမဝတာ။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အကြောင်း ပြောပြပေးပါရစေနော်။

    အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

    အိပ်မပျော်သူတွေအတွက်အသုံးတည့်မယ့် ယောဂပို့စ်များ ကတော့

    နံရံကပ်ပြီးခြေထောက်နှစ်ဖက်စလုံးမြှောက်မယ်

    • အရင်ဆုံးနံရံကို မျက်နှာမူပြီးထိုင်လိုက်ပါ
    • နံရံနဲ့ ၆ လက်မခွာထားပါမယ်
    • ပြီးရင်လှဲချလိုက်ပါ
    • ခြေထောက်ကို နံရံမှီရင်း အပေါ်ကိုဆန့်ထုတ်ပေးပါ
    • လက်တွေကိုဘေးဘက်မှာ လက်ဖဝါးဖြန့်ရက်အနေအထားနဲ့ သက်တောင့်သက်သာလေးချထားပါ
    • အသက်ကိုဖြည်းဖြည်းချင်းရှုပေးပါ
    • အကြောတွေပြေလျော့လာပါလိမ့်မယ်
    • ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။

    ခါးလှည့်အကြောလျှော့မယ်

    • ခြေထောက်ကို တင်ပျဉ်ခွေထိုင်လိုက်ပါ။
    • ညာလက်ကို ဘယ်ဘက်ဒူးခေါင်းပေါ်မှာထားပြီး ဘယ်ဘက်လက်ကို ခါးနောက်ဘက်မှာထားပေးပါ
    • အသက်ရှုထုတ်ရင်း ခါးကိုဖြည်းဖြည်းချင်းအကြောလျှော့ပြီးလျည်ေ့ပးပါ။ခေါင်းကိုပါလိုက်လှည့်ပေးပါ
    • လက်တင်ထားတဲ့ ဒူးရှိရာဘက်ကို မျက်နှာမူပြီး ပခုံးကိုကျော်ကြည့်ပါ။ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပေးပါ
    • ပြီးရင်ခန္ဓါကိုယ်ကို တည့်တည့်ပြန်နေပါ
    • နောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပေးပါ
    • ဒီလေ့ကျင့်ခန်းကို တစ်မိနစ်ကြာလုပ်ပေးပါ။

    ခြေလက်အကြောတွေလျှော့မယ်

  • အရင်ဆုံး အိပ်ရာပေါ်မှာ သက်တောင့်သက်သာ လှဲလိုက်ပါ
  • ပြီးရင် ခြေဖဝါးနှစ်ခုကို ထိကပ်တဲ့ပုံစံနဲ့ ဒူးကွေးလိုက်ပါ
  • လက်ဖဝါးဖြန့်ရက် ပုံစံနဲ့ လက်တွေကို ဖြေလျှော့ ဆန့်တန်းထားပါ
  • တကယ်လို့များ ဒူးထဲက နာနေမယ်ဆိုရင် ဒူးအောက်ဘက်မှာ ခေါင်းအုံး ခပ်ပါးပါးလေး ခံထားပေးပါ
  • ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။
  • ကလေးလေးလို နေပြီး အကြောလျှော့မယ်

    • ခြေဖနောင့်ပေါ်မှာ သက်တောင့်သက်သာလေး ထိုင်ပေးပါ။ မြင်သာအောင် ပြောပြရရင် ကိုရီးယားကားထဲမှာ ဒူးတုတ်ထိုင်သလိုပေါ့။
    • ပြီးရင် ခန္ဓါကိုယ်ကို အရှေ့ဘက်ကို ကိုင်းလိုက်ပါ။ နဖူးကို အိပ်ရာနဲ့ ထိတဲ့အထိပေါ့
    • ရင်ဘတ်ကို ဒူးနဲ့ထိတဲ့အထိ ခန္ဓါကိုယ်ကို ချိုးချထားပါ။ သက်တောင့်သက်သာ ဖြစ်နေပါစေနာ်။
    • လက်မောင်းတွေကိုလည်း ရှေ့ဘက်ကို ဆန့်ထုတ်ထားပါ။
    • အခု ပြောခဲ့တဲ့ ပုံစံအတိုင်း သက်တောင့်သက်သာလေး နေပြီး အသက်မှန်မှန်လေး ရှုပေးပါ
    • ဒီ လေ့ကျင့်ခန်းကို ၂ မိနစ်ကြာအောင် လုပ်ပေးပါ။

    ဒူးတွေကို ပိုက်ပြီးအကြောလျှော့မယ်

    • ပက်လက်လှဲလိုက်ပါ။
    • ဒူးကွေးပြီး ဒူးနှစ်ဖက်စလုံးကို ရင်ဘတ်နဲ့ထိကပ်နေအောင် ပိုက်လိုက်ပါ
    • ခြေမျက်စိနားကနေ ဒူးနှစ်ဖက်စလုံးကို သိုင်းဖက်ထားပေးပါ
    • ဒူးကိုပိုက်ပြီး အသက်ရှုသွင်းရင်းနဲ့ ထထိုင်ပါ။ အသက်ရှုထုတ်ရင်းနဲ့ပြန်လှဲချပါ
    • တစ်မိနစ်ကြာအောင်လုပ်ပေးပါ။

    ပြီးရင်တော့ လက်တွေခြေထောက်တွေကို သက်တောင့်သက်သာ ဆန့်ထားပြီး ဝင်သက်ထွက်သက် မှတ်ပေးပါ။ဖြည်းဖြည်းချင်း အိပ်ပျော်သွားပြီး နိုးလာချိန်မှာလည်း အိပ်ရေးဝပြီး လန်းဆန်းနေပါလိမ့်မယ်။

    ညတိုင်းအိပ်ရေးဝလို့ လန်းဆန်းတက်ကြွစွာနိုးထနိုင်ကြပါစေကြောင်း……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement