၂) အသက် ဝဝ ကို အကြာကြီးရှူပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။
၃) မျက်လုံးတွေကို မှိတ်လိုက်ပါ။
၄) ပုံမှန်အသက်ရှူခြင်းကို ၁၀ ခါပြုလုပ်ပြီး အကြိမ်တိုင်းမှာ ၁ ကနေ ၁၀ အထိရေပါ။
၅) ဒီအချိန်မှာတော့ သင်ဟာ အသက်ကို သက်တောင့်သက်သာ ရှူပြီး မေးရိုး၊ နဖူး၊ ဝမ်းဗိုက် တွေမှာ ရှိတဲ့ ဖိအားကို သတိထားပါ။ ဒီဖိအားတွေ လျော့ကျနေပြီလို့အာရုံပြုပါ။
၆) ၁ ပြန်ရောက်တဲ့အခါ မျက်စိကို ဖွင့်လိုက်ပါ။
ဒီနည်းလမ်းကို စိတ်သက်သာအောင် ရေတွက်ခြင်းလို့ ခေါ်ပါတယ်။ သူဟာ စိတ်တည်ငြိမ်အောင် အသက်ရှူခြင်းထက် အကျိုးကျေးဇူး နှစ်ခု ပိုရှိပါတယ်။ ပထမဦးစွာ သူဟာ ပြီးဆုံးဖို့ ပိုကြာမြင့်ပါတယ်။ ၃၀ စက္ကန့်အစား ၉၀ စက္ကန့်ကြာပါတယ်။ ဒီအချိန်အတွင်းမှာ သင်ဟာ စိတ်ပူပန်နေတဲ့ အတွေးတွေကိုသာ အာရုံပြုနေမှာ ဖြစ်ပါတယ်။
ကြောက်စရာ ကောင်းတဲ့အတွေးတွေကို လေးနက်စွာ အာရုံမစိုက်ပဲ ဖြတ်ကျော်နိုင်တယ်ဆိုရင် သင်ဟာ သင့်အတွေးတွေကို ပိုမို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဒီနည်းလမ်းဟာ ပုံမှန်အတိုင်းအသက်ရှူနည်းနဲ့ စိတ်တည်ငြိမ်အောင် အသက်ရှူနည်းလိုပဲ စိတ်တည်ငြိမ်စေပါတယ်။ ဒါက သင်ဟာ သင့်ကိုယ်ခန္ဓါကို တည်ငြိမ်စေဖို့ စက္ကန့် ၉၀ ပေးခြင်းဖြစ်ပါတယ်။ ပြီးရင်တော့ ဒီအချိန်ကို ကျော်သွားရင် အရင်ထက်ပိုပြီး စိတ်ပူမှု နည်းပါးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။