backup og meta

အပူအပုပ်များလို့ ဝမ်းချုပ်တာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူအပုပ်များလို့ ဝမ်းချုပ်တာလား

    ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေမှာ စားသုံးတဲ့ အစားအစာတွေထဲမှာ အပူအပုပ်များတာ၊ အမျှင်ဓာတ် အားနည်းတာ၊ ဝမ်းသွားချင်နေချိန်မှာ အောင့်ထားလိုက်တာ၊ ရေအလုံအလောက် မသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတို့ကိုပဲ လူသိများကြပါတယ်။ ဝမ်းချုပ်တိုင်း အပူအပုပ်များလို့ ဝမ်းချုပ်တာလား လို့ မထင်စေချင်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ် နိုင်ပါသေးတယ်။

    အပူအပုပ်များလို့ ဝမ်းချုပ်တာလား

    ဒါပေမဲ့ ကိုယ်သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အားဆေးတွေကြောင့်လိုမျိုး လူသိနည်းတဲ့ တခြားအကြောင်းရင်းတွေရှိနေသလို ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကတော့-

    အူရောဂါ

    အူရောဂါ (IBD)မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစား နှစ်ခုရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။

    လည်ပင်းကြီးရောဂါ

    လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် မကောင်းတာ မဟုတ်ပါဘူးလို့ ဘော့စတွန်မှ ပါမောက္ခ Carla H. Ginsburg က ပြောပါတယ်။

    အကိုက်အခဲပျောက်ဆေးများ

    အကိုက်အခဲပျောက်ဆေးတွေ၊ အထူးသဖြင့် narcotics တွေက ဝမ်းချုပ်စေတတ်ပါတယ်။

    ချောကလက်

    ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ် က လေ့လာမှုတစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ်ရတယ်လို့ ပြောလို့ရနိုင်ကြောင်းဖော်ပြခဲ့ပါတယ်။

    ဗီတာမင်အားဆေးများ

    အများအားဖြင့် ဗီတာမင် အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမယ့် ကယ်လ်စီယမ်နဲ့ သံဓာတ်လိုမျိုး ပါဝင်ဓာတ်ပစ္စည်း တချို့ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။

    ဝမ်းနုတ်ဆေး အသုံးများလွန်းတာ

    ဝမ်းနုတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံးသင့် ပါတယ်။ ကာလရှည်ကြာ သုံးစွဲမယ်ဆိုရင် ဝမ်းနုတ်ဆေးတွေကိုပဲ အားထားမှီခိုလာရတဲ့ အနေအထား ဖြစ်လာစေနိုင်ပါတယ်။

    နို့ထွက်ပစ္စည်းတွေ အစားများတာ

    ချိစ်နဲ့ တခြား အမျှင်ဓာတ် နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ(ဥနဲ့ အသားတို့လို)ဟာ အစာခြေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။

    စိတ်ကျဝေဒနာ

    စိတ်ကျဝေဒနာကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်း သက်ရောက်မှုရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။

    အစာအိမ် လေဆေးများ

    အစာအိမ် လေဆေးတွေဟာ ရင်ပူနာအတွက် ထိရောက်လှပေမဲ့ အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ် အလူမီနီယမ် ပါဝင်တဲ့ ဆေးတွေမှာ ဝမ်းချုပ်တာလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

    သွေးကျဆေးနဲ့ အလာ့ဂျီဆေးများ

    ဝမ်းချုပ်တာဟာ သွေးတိုးရောဂါ ကုသတဲ့ အသုံးများတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့် ဝေဒနာကို ကုသတဲ့ Antihistamines ဆေးတွေကလည်း ဝမ်းချုပ်စေနိုင်တယ်လို့ သိရပါတယ်။

    ဆီးချိုရောဂါနဲ့ အာရုံကြောရောဂါများ

    ဆီးချိုရောဂါဟာ လူတစ်ယောက်ရဲ့ အစာခြေစနစ်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေတာကြောင့် အစားအစာချေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

    ဆီးချိုရောဂါ အဆင့်မြင့်နေသူတွေ အများစုမှာ ဝမ်းချုပ်ခြင်းကို တွေ့ရတာကြောင့် အမြဲပုံမှန်ဝမ်း ချုပ်နေသူတွေဟာ သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်သင့်ပါတယ်။

    ပါကင်ဆန်ရောဂါ လိုမျိုး အာရုံကြောရောဂါတွေဟာလည်း ဝမ်းချုပ်စေနိုင်တယ်။

    ကဲ ….. ဝမ်းချုပ်တိုင်း အပူအပုပ်များလို့ ဝမ်းချုပ်တာလား လို့ မတွေးနဲ့တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement