backup og meta

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူဒဏ် အန္တရာယ် ကာကွယ်ပါ

    ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြုမိမှာပါ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ် အန္တရာယ် တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။

    အပူဒဏ် အန္တရာယ် ကို ဘာကြောင့် ကာကွယ်ဖို့ လိုတာလဲ။

    အကြောင်းကတော့ အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့  ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက်  သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

    အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက

    • ကြွက်တက်ခြင်း
    • မူးဝေခြင်း
    • အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
    • ခေါင်းကိုက်ခြင်း
    • ဂနာမငြိမ်ဖြစ်ခြင်း
    • ရေအလွန်ငတ်ခြင်း
    • အသားအရည် ဖြူဆုတ်သွားခြင်း
    • ချွေးအထွက်လွန်ပြီး မေ့လဲခြင်းတွေ ဖြစ်တတ်ပါတယ် ။

    ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အပူကြောင့် သတိလစ်ခြင်းဖြစ်ရင်တော့ အပေါ်က လက္ခဏာတွေအပြင်

    • ကိုယ်ပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် တက်ခြင်း
    • ကယောင်ကတမ်းဖြစ်ခြင်း
    • သတိ‌မေ့မြောခြင်း
    • သွေးခုန်နှုန်း ကျသွားခြင်း
    • တက်ခြင်း
    • အရေပြား ခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ် ။

    ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ်။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး။  အဖျော်ယမကာ နဲ့ ကဖင်းဓာတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ်။

    အပူကြောင့် ကြွက်တက်သူတွေအနေနဲ့

    • အရိပ်ရတဲ့နေရာမှာ နေထိုင်ပါ
    • ကြွက်တက်နေတဲ့ နေရာကို အနည်းငယ်နှိပ်နယ်ပေးခြင်း ၊ ကြွက်သားဖြေလျှော့ခြင်းတွေ လုပ်ပါ
    • sport drink သို့မဟုတ် ရေအေးအေးကို ၁၅မိနစ် တစ်ကြိမ်ခန့်သောက်ပါ
    • စိတ်အေးအေးထားပါ။ ကြွက်တက်တဲ့နေရာကို အတင်းကျအောင် အားနဲ့ ဖိနှိပ်ညှစ်တာမျိုး မလုပ်ပါနဲ့။

    အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို

    • အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်စေခြင်း
    • အဝတ်အစား ချောင်ချိအောင် ပြုလုပ်ခြင်း
    • မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
    • ကိုယ်အေးအောင် ယပ်တောင်ခပ်ပေးခြင်း
    • ရေအေးအေးကို ၁၅မိနစ် တခါသောက်ပေးစေခြင်းတွေကို ပြုလုပ်သင့်ပါတယ် ။

    အပူကြောင့် သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ

    • လူနာကို အဝတ်အစား ချောင်ချိတာ ဝတ်စေခြင်း
    • ချွေးထွက်နေတဲ့ အဝတ်စိုမှန်သမျှ ဖယ်ခြင်း
    • မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
    • ချိုင်းကြား ပေါင်ကြားများ ရေဝတ်ကပ်ပေးခြင်း
    • ယပ်တောင် ခပ်ခြင်း
    • လူနာသတိရနေရင် ရေ‌အေးအေး တိုက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။

    အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်

    • အနားယူပါ
    • အဝတ်အစား အရောင်ဖျော့‌ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
    • နေပူထဲထွက်တာကို ရှောင်ပါ။
    • ရေများများသောက်ပြီး
    • အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ

    ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement