backup og meta

အစာလျှော့ပြီး ဝိတ်ချတာဟာ အဝလွန်တာထက် ပိုအန္တရာယ်များသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 10/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာလျှော့ပြီး ဝိတ်ချတာဟာ အဝလွန်တာထက် ပိုအန္တရာယ်များသလား

    ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလို့ တွေးကြည့်ဖူးပါသလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ တကယ်ညီညွတ်ရဲ့လား? ကျွမ်းကျင်သူတစ်ချို့ကတော့ ကိုယ်အလေးချိန် လျှော့ချမှုနဲ့ ပတ်သက်ပြီး သင်တို့ရဲ့ အပြုအမူတွေဟာ မှားယွင်းနေတယ်ဆိုတာကို ထောက်ပြနေကြပါတယ်။

    အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေတာထက် သင့်ရဲ့ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ ကယ်လိုရီ ပမာဏကို အလွန်အမင်းလျှော့ချပြီး အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာဟာ မှန်ကန်တဲ့ အပြုအမူတစ်ခုမဟုတ်ဘူးလို့ ဆိုပါတယ်။ အာဟာရဓာတ်ကို ပြည့်ဝအောင် မဖြည့်ဆည်းတဲ့အတွက် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    အစားအသောက်ကို အာဟာရမျှတစွာမစားပဲ ဝိတ်ချလို့ ဘယ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ …

  • ဝိတ်ချတာဟာ အစာချေဖျက်မှုစနစ်ကို ရှုပ်ထွေးစေပါတယ် – အစားအသောက်ကို လျှော့ချပြီး ဝိတ်ချတဲ့အခါမှာ အစာအိမ်တွင်းက အစာချေဖျက်မှုစနစ်ဟာ ထိခိုက်ရပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အနည်းဆုံး စွမ်းအင်ပမာဏကိုမရရှိတဲ့အခါ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေဟာ ရှုပ်ထွေးကုန်တတ်ပါတယ်။ လိုအပ်တဲ့ အဟာရဓာတ်မျိုးကို ပြည့်ဝစွာရရှိအောင် စားသောက်ဖို့သင့်ပါတယ်။
  • ဝိတ်ချတာဟာ အစာအိမ်ကျန်းမာရေးအတွက် အိပ်မက်ဆိုးဖြစ်ပါတယ် – လူတိုင်းဟာ အလုပ်တွေများနေချိန် ပင်ပန်းနေချိန်တွေမှာ ကိုယ်အလေးချိန်ကျ ဆင်းသွားတတ်ပြီး Weekend လို စားသောက်ပျော်ပါးဖြစ်တဲ့အချိန်မျိုးတွေမှာ ကိုယ်အလေးချိန် ပြန်တိုးလာတတ်ပါတယ်။ ဒါက လူတိုင်းပါပဲ။ ဒါကိုမှ အစာစားတဲ့ ပုံစံကို ပြောင်းလဲပြီး ဝိတ်လျှော့ဖို့ အတင်းအကျပ်ကြိုးပမ်းတဲ့အခါမှာ သွေးဖိအား၊ သွေးတွင်းသကြားပမာဏ၊ ကိုလက်စထရောတို့သာမက အစာအိမ်အတွင်းက အဏုဇီဝပိုးမွှားတွေအထိပါ သက်ရောက်လေ့ရှိပါတယ်။ ဒါဟာ အစာအိမ်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်စေဖို့ လမ်းစဖြစ်ပါတယ်။
  • ဝိတ်ချခြင်းဟာ လိုအပ်တဲ့ အဆီတွေကိုပါ ဒုက္ခတွေ့စေပါတယ် – ဝိတ်ချကြတယ်ဆိုတာဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချဖို့ဖြစ်ပါတယ်။ ခန္ဓကိုယ်အတွင်းမှာရှိတဲ့ အဆီတွေဟာ အားလုံး ညီတူမျှတူ ပိုလျှံနေကြတာမဟုတ်ပါဘူး။ အရေပြားအောက်မှာ အဆီရှိသလို အူ၊ အစာအိမ်တို့လို့ အစိတ်အပိုင်းတွေရဲ့ အတွင်းထဲမှာလည်း အဆီတွေရှိနေပါတယ်။ Visceral Fat လို့ခေါ်တဲ့ အဲဒီအဆီတွေဟာ အစာကြေချက်ဖို့ အတွက် အဓိကအရာတွေဖြစ်ပြီးတော့ ကိုယ်တွင်း ဟိုမုန်းတွေ ထုတ်လုပ်ပေးဖို့သာမက ခန္ဓာကိုယ်ယောင်ယမ်းမှုတွေ၊ သွေးတိုးနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကူညီပေးနေတဲ့ အရာတွေဖြစ်ပါတယ်။
  • ဝိတ်ချတာဟာ စိတ်ပိုင်းကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ် – ဝိတ်ချတယ်ဆိုတာ သက်သောင့်သက်သာ ကိစ္စတော့မဟုတ်ပါဘူး။ စားချင်တာကို မစားဖြစ်အောင် ထိမ်းချုပ်ပြီးနေရတဲ့ ပြင်းထန်တဲ့ ကျင့်စဉ်တစ်ခုလို့တောင်ဆိုလို့ရပါတယ်။ ဒီအတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာနိုင်သလို Serotonin ထုတ်လုပ်မှုပမာဏကိုလည်း လျော့နည်းစေတာမို့ အိပ်မပျော်တာ၊ အိပ်ချိန်မမှန်တာ၊ စိတ်ခံစားချက်မကောင်းတာ၊ စိတ်ဖိစီးမှုများတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
  • ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ဝိတ်ချရမလဲ

    စိတ်ရှည်ဖို့က အဓိကပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အာဟာရကို ပြည့်ဝအောင် စားသောက်ရပါမယ်။ အစားအသောက်ကို ခွဲစားတာမျိုးနဲ့ လေ့ကျင့်ခန်းကို သင့်တော်ရုံ မျှတအောင်လုပ်သင့်ပါတယ်။

    အထူးသဖြင့် အစာစားတဲ့ ပမာဏကို ထိန်းချုပ်နိုင်အောင် အရင်လုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းနဲ့ အမြောက်အများစားတာဟာ ဝိတ်တက်စေနိုင်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်ပြင်ဆင်ပြီး နည်းနည်းစီစားတာ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ရင်တောင်မှာ ပုံမှန် ကိုယ်စားနေကျပမာဏထက် ၁၀% လောက် လျှော့ချစားသောက်ရင်တောင်မှ သင့်အတွက် အကျိုးရှိလာတာမြင်ရပါလိမ့်မယ်။

    လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀-၂၀၀၀ ကြားစားပေးနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို မျှမျှတတလုပ်ပြီး အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားပေးမယ်ဆိုရင် လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဘေးအန္တရာယ်မရှိပဲ ရောက်ရှိနိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 10/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement