backup og meta

သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ

    သွေးလှူပြီး သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ခြင်းဟာ အလွန်တရာမှ မွန်မြတ်တဲ့အလုပ် ပါ။ ‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ သွေးလှူ တော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ပြန်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက သင်သွေးလှူရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်နော်။

    သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ

    သွေးလှူတော့မယ်ဆိုရင်

    သင်ကိုယ်တိုင်ရေဓာတ် ပြည့်ဝနေဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ သွေးမလှူခင် သုံးနာရီလောက်မှာ ဖန်ခွက်နဲ့ ရေ(၃) ခွက်လောက် သောက်ထားပေးသင့်ပါတယ်။ သွေးလှူဖို့ စောင့်ဆိုင်းနေချိန်မှာလည်း ရေ(၅၀၀)မီလီလီတာ (500mL) (ရေသန့်ဘူးကြီးတစ်ဝက်) လောက် သောက်ပေးပါ။ ရေများများသောက်ထားလေလေ သွေးလှူအပြီး မူးဝေခြင်းကို ခံစားရဖို့ ရာခိုင်နှုန်းနည်းလေလေပါပဲ။

    • ပုံမှန်အတိုင်း အစားစားထားပါ။

    ဗိုက်ထဲမှာ အစာမရှိဘဲ သွေးလှူခြင်းဟာမကောင်းပါဘူးနော်။  သွေးမလှူခင်မှာ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာအဖြစ် အရသာရှိတဲ့ အစားအစာတွေကို ပုံမှန်အတိုင်း စားထားပေးပါ။ အဆီအဆိမ့်ပါတာတွေတော့ ရှောင်ကြဉ်သင့်ပါတယ်။

    • သက်သောင့်သက်သာရှိမယ့် အဝတ်အစားတွေပဲ ဝတ်ဆင်ထားပါ။

    အထူးသဖြင့် သွေးလှူချိန် မှာ  တံတောင်ဆစ်နားက သွေးပြန်ကြောကနေ သွေးကိုထုတ်ယူပါတယ်။ ဒါကြောင့် လက်ရှည်ကြပ်ကြပ် ဝတ်ထားတာမျိုးကို ရှောင်ပါ။ အင်္ကျီလက်တိုဖြစ်စေ၊  ခေါက်နိုင်တဲ့ အင်္ကျီလက်ရှည်ဖြစ်စေ ဝတ်ဆင်ပါ။ သွေးလှူချိန်မှာ ခုတင်ပေါ်မှာ သင့်တော်တဲ့ အနေအထားနဲ့ လှဲလှောင်းနေရတာကြောင့် လွယ်လွယ်ကူကူလှုပ်ရှားနိုင်ဖို့ အဝတ်အစား ချောင်ချိနေဖို့လိုအပ်ပါတယ်။

    • အဖော်နဲ့လှူပါ။

    မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတူတကွသွေးလှူခြင်းဟာ ပျော်စရာ ကောင်းသလို စိတ်ဓာတ်ကိုလည်း ပိုမိုတက်ကြွစေနိုင်ပါတယ်။

    သင်ကိုယ်တိုင် နေမကောင်းတာမျိုး ဖျားနာနေတာမျိုး၊ သွေးပေါင်ကျနေတာမျိုးစတဲ့ အချိန် တွေမှာဆိုရင်တော့ သွေးလှူခြင်းကို မလုပ်ပါနဲ့ဦး။

    သွေးလှူပြီးချိန်မှာတော့

    • ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ သွေးလှူပြီးချိန်မှာ ချက်ချင်းထမထိုင်လိုက်ပါနဲ့။ အနည်းဆုံးတော့ (၃၀)မိနစ်လောက် အနားယူပြီးမှ ထပါ။
    • အရက်သောက်တတ်သူဆိုရင်တော့ သွေးလှူပြီး အနည်းဆုံးတစ်ရက်(၂၄)နာရီ စောင့်ဆိုင်း ပေးပါ။ တစ်ရက်အကျော်မှ ပြန်သောက်ပါ။
    • သွေးထုတ်ထားတဲ့ နေရာကနေ သွေးပြန်ထွက်လာနိုင်တဲ့အတွက် သွေးဖောက်ထားတဲ့နေရာကို ပိုးသတ်ထားသော ဂွမ်းစနဲ့ အနည်းဆုံး (၁၀)မိနစ် လောက် ညင်သာစွာ ဖိထားပေးပါ။
    • သွေးထုတ်ထားတဲ့နေရာမှာ ကပ်ထားတဲ့ ပတ်တီးစကို (၂)နာရီကြာမှ ခွာပါ။ ခွာပြီးရင်တော့ ‌ရေနဲ့ဆပ်ပြာကိုအသုံးပြုကာ ဆေးကြောသန့်စင်ပေးပါ။
    • သွေးလှူပြီး တစ်နာရီအကြာထိ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူများနဲ့လည်း ဝေးဝေးနေပါ။
    • ရေနဲ့ အစာကို ပုံမှန်အတိုင်း ပြည့်ပြည့်ဝဝပြန်စားပေးပါ။ သွေးလှူပြီး တစ်ရက်ကနေ နှစ်ရက် အတွင်းမှာ အာဟာရရှိတဲ့အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်။ သွေးလှူပြီး သုံးနာရီကြာအထိ ရေကို ဖန်ခွက်(၃)ခွက် အပြည့်သောက်ပေးသင့်သေးတယ်။
    • အလေးအပင်မတာမျိုး၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာမျိုးရှောင်ပါ။ မူးဝေမေ့လဲ့ တာမျိုးဖြစ်နိုင်လို့ပါ။
    • သင်ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကို ဝေမျှနိုင်ပါတယ်။ သင့်သွေးလှူခဲ့ကြောင်းကို Facebook တို့၊ Instagram တို့လို လူမှုကွန်ယက်တွေပေါ်မှာ တင်နိုင်ပါတယ်။ သင့်သူငယ်ချင်း၊ မိတ်ဆွေတွေလည်း သင့်ကိုအားကျပြီး သွေးလှူကာ လူ့အသက်ကယ်ချင်စိတ်တွေပေါ်ကောင်း ပေါ်လာနိုင်ပါတယ်။

    သင် သွေးလှူပြီးချိန်မှာ ချာချာလည်အောင် မူးဝေလာမယ်ဆို ဘာလုပ်သင့်သလဲ။

    • ကားမောင်းနေမယ်ဆိုရင်တော့ ကားကိုချက်ချင်းရပ်လိုက်ပါ။
    • အင်္ကျီကော်လံ၊ နက်တိုင်လိုအရာမျိုးကို ဝတ်ထားရင်တော့ ကော်လံကို ဖြေလျှော့လိုက်ပါ။
    • ဖြစ်နိုင်မယ်ဆိုရင် အေးတဲ့နေရာရှာပြီး ရေ၊ သစ်သီးဖျော်ရည် အစရှိတဲ့ အရည်တွေကို အဝ သောက်လိုက်ပါ။

    လက္ခဏာတွေဟာ ပိုမိုပြင်းထန်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့သာ သွားရောက်ပြသပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement