စတီးရွိုက်ဆိုတာ ကိုင်ရတွယ်ရခက်တဲ့ဆေးထဲမှာ ပါပါတယ်။ သိပ်လည်း အစွမ်းထက်သလို မသုံးတတ်ရင် အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဉာဏ်နဲ့ ယှဉ်ပြီး သုံးရတဲ့ ဆေးဖြစ်တဲ့အတွက် သမားကိုင်ဆေး (prescription drugs)ထဲမှာ ထည့်ထားတာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
စတီးရွိုက်ဆိုတာ ကိုင်ရတွယ်ရခက်တဲ့ဆေးထဲမှာ ပါပါတယ်။ သိပ်လည်း အစွမ်းထက်သလို မသုံးတတ်ရင် အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဉာဏ်နဲ့ ယှဉ်ပြီး သုံးရတဲ့ ဆေးဖြစ်တဲ့အတွက် သမားကိုင်ဆေး (prescription drugs)ထဲမှာ ထည့်ထားတာပါ။
ဒါကြောင့် စတီးရွိုက်ကို သောက်ရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်သလို ရပ်မယ်ဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ရပ်သင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
စတီးရွိုက်တွေကို ရောဂါတော်တော်များများ ကုသတဲ့ နေရာမှာ သုံးလို့ရပါတယ်။
စတီးရွိုက်ကို ကော်တီစောဟော်မုန်းအနေနဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ စတီးရွိုက်က ခန္ဓာကိုယ်ရဲ့ အလုပ်တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ အပြင်ကနေ သောက်နေတဲ့ ဆေးတွေက လူလုပ်စတီးရွိုက်တွေပေါ့။
လူလုပ်စတီးရွိုက်တွေကို အချိန်ကြာမြင့်စွာ သောက်မယ် ဒါမှမဟုတ် ပမာဏအများကြီးသောက်မယ်ဆိုရင် လူလုပ်စတီးရွိုက်က ခန္ဓာကိုယ်ထဲက စတီးရွိုက်နေရာကို ဝင်ယူသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ထွက်တဲ့ ကော်တီစောဟော်မုန်းတွေ နည်းသွားပါတယ်။ အလုပ်လည်း သိပ်မလုပ်တော့ပါဘူး။
ဒီအချိန်မှာ အပြင်ကနေ သောက်နေတဲ့ လူလုပ်စတီးရွိုက်ကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင် ကိုယ်ထဲမှာ စတီးရွိုက်ချို့တဲ့သွားပြီး ခန္ဓာကိုယ်အနှံ့မှာ လက္ခဏာတွေ ပြလာမှာပါ။ ဒါကို Steroid withdrawl syndromeလို့ ခေါ်ပါတယ်။
ဆေးပြတ်သွားလို့ ဆက်မသောက်ဖြစ်တာ ဖြစ်နိုင်သလို၊ ရောဂါသက်သာသွားလို့ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရလို့ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဒီတိုင်းရပ်လိုက်တာမျိုးလည်း ရှိပါတယ်။
စပ်ဆေးတွေမှာ စတီးရွိုက်တွေ ပါပါတယ်။ အကိုက်အခဲသက်သာတယ်။ စားဝင်အိပ်ပျော်တယ်ဆိုပြီး သောက်ကြတာပါ။ တကယ်တော့ သောက်တဲ့သူက စတီးရွိုက်ပါမှန်းတောင် သိချင်မှ သိမှာပါ။ နေလို့ကောင်းတယ်ဆိုပြီး စပ်ဆေးတွေ စွဲသောက်၊ ပြီးတော့ ရုတ်တရက် ဖြတ်လိုက်တဲ့ အချိန်မှာ လက္ခဏာတွေ ခံစားရတာပါ။
ရုတ်တရက်ရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ စနစ်တော်တော်များများကို ထိခိုက်ပြီး
အကောင်းဆုံးကတော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ကုသမှုခံယူတာပါပဲ။ စတီးရွိုက်ကို ဒီလို ရုတ်တရက်ဖြတ်လို့ မရပါဘူး။ အထူးသဖြင့် ပမာဏများများ အချိန်ကြာကြာ သောက်ထားရင်ပေါ့။ တဖြည်းဖြည်းချင်း ပမာဏကို လျှော့၊ မျှင်းပြီး ဖြတ်ရတာပါ။ ဒါကို taperingလုပ်တယ်လို့ ခေါ်ပါတယ်။
ကြာချိန်ကတော့ ကိုယ်သောက်ထားတဲ့ ပမာဏပေါ်မူတည်ပြီး ရက်သတ္တပတ်နဲ့ ကြာနိုင်သလို၊ လနဲ့လည်း ချီနိုင်ပါတယ်။ လက္ခဏာတွေကတော့ တဖြည်းဖြည်း သက်သာသွားမှာပါ။ မျှင်းပြီး ဖြတ်တယ်ဆိုတာ ကိုယ်ထဲမှာသဘာဝအတိုင်း ကော်တီစောဟော်မုန်းတွေ ထွက်ဖို့ အချိန်ပြန်ပေးတာပါပဲ။
တစ်ဖက်က ဆေးကုနေတဲ့အချိန်မှာ တစ်ဖက်က ကော်တီစောဟော်မုန်းတွေ ထွက်လာအောင် လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒါတွေကတော့
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။