backup og meta

ကွမ်းစားခြင်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွမ်းစားခြင်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ

    ကွမ်းစားခြင်းက အာရှကနေရာတော်တော်များများမှာရော နိုင်ငံတကာမှာတော်တော်းလေးပြန့်နှံ့နေပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာဆိုရင် အသင့်ထုတ်ပိုးထားတဲ့ ကွမ်းထုတ်လေးတွေက ဥရောပ၊ အနောက်အမေရိကနဲ့ တစ်ကမ္ဘာလုံးနီးပါးမှာပြန့်နှံ့နေပြီဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ပြောရမယ်ဆိုရင် ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာဟာ ကွမ်းစားတဲ့အလေ့အထကိုတော်တော်လေးအကျင့်ဖြစ်နေကြပြီဖြစ်ပါတယ်။ ကဖင်း၊အရက်နဲ့နီကိုတင်းပြီးရင် ကွမ်းက စတုတ္ထမြောက်အစွဲလန်းစေဆုံးသောအရာအဖြစ်ရပ်တည်နေပါတယ်။

    ကွမ်းစားတယ်ဆိုတဲ့နေရာမှာလည်း ကွမ်းရွက်ကြောင့်ထက် ကွမ်းသီးကြောင့်ဘေးထွက်ဆိုးကျိုးတွေခံစားရတာကပိုများပါတယ်။ ကွမ်းသီးကို အာရှနိုင်ငံတော်တော်များများမျာ စားသုံးကြပြီး ဆယ်ကျော်သက်တွေမှာပါကွမ်းသီးစားတဲ့နှုန်းတိုးလာနေပါတယ်။

    ကွမ်းသီးမှာဆေးဘက်ဝင်တဲ့အာနိသင်အချို့လည်းရှိပါတယ်။ ကွမ်းသီးကို ကွမ်းသီးချည်းပဲ သီးသန့်စားသုံးနိုင်သလိုဆေးရွက်ကြီး၊ အခြားရောစပ်ထားတဲ့ဆေးမှုန့်တွေ၊ကွမ်းသီးစိတ်တွေကို ကွမ်းရွက်ထဲထည့်ပြီးတော့စားသုံးတာမျိုးလည်းရှိပါတယ်။

    ကွမ်းသီးကို schizophrenia လို့ခေါ်တဲ့ စိတ်ဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်သလိုglaucoma လို့ခေါ်တဲ့ မျက်စိဝေဒနာကို ကုသရာမျာလည်းအသုံးပြုနိုင်ပါတယ်။ ကွမ်းသီးက အစာချေဖျက်မှုကိုလည်းကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အချို့ကွမ်းသီးကို ပင်မအာရုံကြောစနစ် (CNS) ကိုတက်ကြွစေဖို့အတွက် အပန်းဖြေတဲ့ဆေးဝါးတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။

    ဘာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ။

    ကွမ်းသီးမှာပါတဲ့ ဓါတုဗေဒဓါတ်တွေက ဦးနှောက်နဲ့ ပင်မအာရုံကြောရဲ့ အခြားအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။

  • မြင်သာတဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတစ်ခုက သွားတွေကို အရောင်ပြောင်းစေတာနဲ့ ကွမ်းသီးကြောင့် လက်တွေမှာ အရောင်စွန်းတာတွေဖြစ်ပါတယ်။
  • ကွမ်းစားတာကဆေးရွက်ကြီးတွေ မဂ္ဂနီဆီယမ်တွေမပါဝင်ရင်တောင်မှ အစာရေမြိုကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ ကွမ်းသီးမှာပါတဲ့alkaloids နဲ့ polyphenols တို့ကကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။
  • ကွမ်းစားပါများတဲ့အခါ ခရိုမိုဆုန်းတွေ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်နိုင်ခြေများလာပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြကိုပုံမှန်ထက်ပိုများစေပါတယ်။ ကွမ်းစားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ထုံးနဲ့ကွမ်းသီးတို့ပေါင်းစုသွားတဲ့အခါမှာလည်း ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို တိုးလာစေပါတယ်။
  • ကွမ်းစားတဲ့အခါမှာပါတဲ့ ကွမ်းသီးကသွားဖုံးတွေကို ထိခိုက်စေပြီး ခံတွင်းအနာတွေကိုဖြစ်စေပါတယ်။ ကွမ်းသီးက သွားဖုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။
  • ကွမ်းသီးမှာပါတဲ့ စိတ်တက်ကြွစေတဲ့ဓါတ်က ကဖင်းနဲ့နီကိုတင်းတို့မှာပါတဲ့ဓါတ်တွေနဲ့ တူပြီးစွဲလမ်းစေတတ်ပါတယ်။ ကွမ်းသီးစားလိုက်တဲ့အခါ စိတ်တက်ကြွမှုနဲ့စွမ်းအင်ပြည့်ဝသွားသလိုမျိုးခံစားလိုက့်ပြီး ထပ်ကာထပ်ကာစားချင်စိတ်ဖြစ်လာနိုင်ပါတယ်။
  • ကွမ်းစားတာကြောင့် စကားပြောဆိုရာမှာအခက်ကြုံတာ၊ အပူဒဏ်၊အအေးဒဏ်နဲ့ အရသာပြင်းတာတွေကို ခံနိုင်စွမ်းလျေ့ကျတာ၊သွေးတိုးတာ၊ စိတ်ဂနာမငြိမ်တာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးတာ၊ အာရုံစိုက်နိုင်စွမ်းလျော့နည်းလာတာ။ကောင်းကောင်းအိပ်မပျော်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ဆေးလိပ်ဖြတ်တဲ့အခါမှာအသုံးပြုတဲ့ဆေးတွေကို ကွမ်းနဲ့ကွမ်းသီးစားသုံးတာကိုဖြတ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။
  • ကွမ်းစားတာကြောင့် ကျန်မးာရေးကိုထိခိုက်စေတဲ့အချက်တွေအများကြီးရှိပေမယ့်လည်း ကွမ်းဝါးတာကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးလေးတစ်ခုကိုလည်းဖော်ပြပေးလိုက်ပါတယ်။ ခံတွင်းခြောက်နေမယ်ဆိုရင် ကွမ်းဝါးလိုက်ပါ။ ကွမ်းမှာပါတဲ့ ကွမ်းသီးက တံတွေးထွက်စေနိုင်တာကြောင့် ဆီးချိုကြောင့်ဖြစ်တဲ့ခံတွင်းခြောက်တာကိုလည်းသက်သာစေပါတယ်။ တစ်ပတ်ကိုတစ်ကြိမ်လောက်ပဲစားပေးသင့်ပါတယ်။
  • ကွမ်းကိုအကြာကြီးငုံထားတာမျိုး၊ အများကြီးစားတာမျိုးက မကောင်းပါဘူး။ ကွမ်းသီးမှာပါတဲ့ ဓါတုဓါတ်အချို့က ကင်ဆာဖြစ်စေနိုင်ပြီး အချို့ အဆိပ်ဖြစ်စေပါတယ်။
  • ကွမ်းသီး ၈ ဂရမ် ကနေ ၃၀ ဂရမ်အထိစားသုံးမယ်ဆိုရင်သေစေနိုင်ပါတယ်။ ကွမ်းဝါးတာက ပါးစပ်၊နှုတ်ခမ်းတွေကို နီစေတဲ့အပြင် ဝမ်းတွေကိုလည်းအနီရောင်ပြောင်းစေပါတယ်။ ကွမ်းစားရာမှာပါတဲ့ ကွမ်းသီးကအော့အန်တာ၊ဝမ်းလျှောတာ၊သွားဖုံးတွေမှာရောဂါဖြစ်တာ၊ တံတွေးအထွက်များတာ၊ ရင်ဘတ်အောင့်တာ၊နှလုံးခုန်မမှန်တာ၊သွေးပေါင်ကျတာ၊အသက်ရှုနှုန်းနှေးတာ၊ အသက်ရှုနှုန်းမြန်တာ၊ရုတ်တရက် နှလုံးရပ်တာ၊ကိုမာ ဝင်တာနဲ့သေဆုံးတဲ့အထိဖြစ်တာမျိုးတွေကိုဖြစ်ပေါ်စေပါတယ်။
  • ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကွမ်းနဲ့ကွမ်းသီးစားတာမျိုးတွေမလုပ်သင့်ပါဘူး။ ကင်ဆာဖြစ်တာနဲ့ အဆိပ်အတောက်ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ကွမ်းသီးက ပင်မအာရုံကြောစနစ်ကိုထိခိုက်စေပြီး ကိုယ်ဝန်ဆောင်တွေကို အန္တရာယ်ရှိစေနိုင်ပါတယ်။ ကွမ်းသီးမှာပါတဲ့ ဓါတုဓါတ်တွေက နို့ကနေတဆင့် ကလေးဆီကိုရောက်သွားနိုင်ပြီး ကလေးကိုထိခိုက်စေနိုင်ပါတယ်။
  • ကွမ်းစားတာက ပန်းနာရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။
  • ကွမ်းယာမှာပါတဲ့ ကွမ်းသီးက နှလုံးခုန်နှုန်းကိုနှေးစေနိုင်တာကြောင့် နှလုံးခုန်နှုန်းနှေးတဲ့ အခံရှိသူတွေမှာ ပိုမိုဆိုးရွားစေပါတယ်။
  • အူလမ်းကြောင်းတွေကို ပိတ်ဆို့စေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
  • အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာ အနာတွေဖြစ်စေနိုင်ပြီး ရှိပြီးသားအနာတွေကိုလည်းပိုဆိုးစေနိုင်ပါတယ်။
  • ကွမ်းစားတာက အဆုတ်ထဲမှာရေတွေစုစေပါတယ်။
  • ကွမ်းသီးက အတက်ရောဂါကို ပိုဆိုးစေပါတယ်။
  • ကွမ်းစားတာက ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း (Urinary tract obstruction) ကိုဖြစ်စေပါတယ်။
  • ကွမ်းစားတာက ဆီးချိုနဲ့နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။
  • ကွမ်းစားတာကြောင့် ဆဲလ်တွေထဲက ဒီအန်အေကို ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ ကွမ်းစားတဲ့ အချိန်ကာလအတိုင်းအတာနဲ့ စားသုံးတဲ့ပမာဏပေါ်မူတည်ပြီး ခံတွင်း၊ လည်ချောင်းနဲ့ အစာရေမြိုကင်ဆာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
  • ကွမ်းနဲ့ကွမ်းသီးက အတန်အသင့်ပမာဏလောက်စားသူံးရင် ကျန်းမာရေးအတွက်ကောင်းကျိုးရနိုင်တယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ပြင်းထန်တဲ့ဆိုးကျိုးတွေကိုဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကွမ်းယာနဲ့ကွမ်းသီးကိုစားသုံးရတာနှစ်သက်သူတွေအနေနဲ့လည်း ချင့်ချိန်စားသုံးနိုင်စေလိုပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement