backup og meta

ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား

    ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား ဆိုတာကို အဖြေထုတ် ကြည့်လိုက်ရအောင်နော်။

    တိုးတက်လာတဲ့ခေတ်စနစ်အရ အလုပ်ခွင်တိုင်းမှာ ကွန်ပျူတာအသုံးပြုရတာတွေများလာသလို ဖုန်းမကိုင်တဲ့သူရယ်လို့လည်း သိပ်တောင်မရှိကြတော့ပါဘူး။တစ်နေ့တာရဲ့ အချိန်တော်တော်များများကိုလည်း ကွန်ပျူတာရှေ့မှာကုန်ဆုံးလာကြပါတယ်။ ကွန်ပျူတာတွေ၊ဖုန်းတွေသုံးတာများလာရင် မျက်လုံးကို ထိခိုက်လာနိုင်တယ်ဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ ဒီနေရာမှာပြောချင်တာက ကွန်ပျူတာ၊ ဖုန်းနဲ့ တီဗွီဖန်သားပြင်တွေက ထွက်လာတဲ့ အလင်းရောင်တွေက မျက်လုံးကိုပဲထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ အသားအရေကိုပါထိခိုက်စေနိုင်သေးတယ် ဆိုတာပါ။

    ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား

    အသားအရေကို ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ထိတွေ့မှုကြောင့်ပဲ ထိခိုက်ပျက်စီးနိုင်တာမဟုတ်ပါဘူး။ ကိုယ်တိုင်တောင်ထင်မထားတဲ့ အချို့အရာတွေကြောင့်လည်း အသားအရေထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

    ” Computer face” ဆိုတာ

    ကွန်ပျူတာ မျက်နှာပြင်က ထွက်လာတဲ့ အလင်းရောင်တွေကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်တာကိုဆိုလိုတာပါ။ Destok ကွန်ပျူတာ မျက်နှာပြင်တွေက မျက်နှာမှာ အရေးအကြောင်းတွေ၊ အသားအရေတွန့်တာနဲ့ အရေပြားထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ထုတ်လွှတ်ပါတယ်။ ကံကောင်းတာတစ်ခုက အခုနောက်ပိုင်းထွက်ရှိလာတဲ့ LCD နဲ့ LED မျက်နှာပြင်တွေကတော့ အရေပြားကို မထိခိုက်စေပါဘူး။

    အလင်းပြန်တာကြောင့် အသားအရေပျက်စီးတာပါ

    လက်တော့ပ်၊ tablet နဲ့ ဖုန်း မျက်နှာပြင်တွေက သူတို့ဘာသာတော့ ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်နိုင်ခြေနည်းပါတယ်။ သူတို့ရဲ့ မျက်နှာပြင်ပေါ်ကိုနေရောင်ထိတွေ့တဲ့အခါပြန်ထွက်လာတဲ့အလင်းရောင်က အရေပြားကိုထိခိုက်စေတာပါ။ ဒီပြန်ထွက်လာတဲ့ အလင်းရောင်က အရေပြားကင်ဆာ ခံစားရနိုင်ခြေကိုတိုးစေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာနဲ့ အခြားအရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ဖြစ်နိုင်ရင်တော့ နေရောင်ထဲမှာ ဖုန်းတွေ iPad မသုံးကြဖို့ပြောပါရစေ။ ဒီပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေတဆင့်ပြန်လာတဲ့နေရောင်က အသားအရေကို အတွင်းပိုင်းအထိထိခိုက်စေနိုင်တာကြောင့်ပါ။

    ဒါ့ပြင် လက်တော့ပ်၊ ဖုန်းနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေကနေထွက်လာတဲ့ high energy visible (HEV) က အရေပြားကို ထိခိုက်စေနိုင်သလို အသားအရေကိုလည်း အိုမင်းရင့်ရော်စေနိုင်ပါတယ်။တော်တော်များများကတော့ ဒီရောင်ခြည်ကို blue light လို့သိထားကြပါတယ်။

    တီဗွီတွေ၊ဖုန်းတွေနဲ့ ကွန်ပျူတာတွေက နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့ အရာတွေလိုတောင် ဖြစ်လာနေတဲ့အခါမှာတော့ မထိတွေ့ချင်ရင်တောင်မှာ ဒီရောင်ခြည်တွေကို တစ်နေကုန်နီးပါးလောက်ထိတွေ့နေရတာပါ။ အလုပ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လိုအပ်လို့ပဲဖြစ်ဖြစ်ပေါ့။

    HEVကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်တဲ့ပြဿနာတွေကနေကင်းဝေးချင်ရင်

    HEVကြောင့် အသားအရေ ထိခိုက်တာကနေ မကာကွယ်နိုင်တာတော့ မဟုတ်ပါဘူး။ ကာကွယ်လို့ရပါတယ်။ ဒီလိုကာကွယ်ဖို့ အရင်ဆုံးလုပ်ရမှာက –

  • အသုံးပြုနေတဲ့ ကွန်ပျူတာက Destok အမျိုးအစားဆိုရင် LCD ဒါမှမဟုတ် LED နဲ့ပြောင်းသုံးလိုက်ပါ။
  • Destok ကိုမှ ကြိုက်နှစ်သက်တယ် ဆိုရင်တော့ anti-glare screen ကို ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ တပ်ဆင် အသုံးပြုပေးပါ။
  • SPF ပါတဲ့နေလောင်ကာခရင်မ် လူးပေးပါ။
  • တစ်ချိန်လုံးကွန်ပျူတာ နဲ့ ဖုန်းမျက်နှာပြင်တွေကို စိုက်ကြည့်မနေဘဲ နာရီဝက် တစ်ခါလောက်လောက် ကွန်ပျူတာ မျက်နှာပြင်ပေါ်ကနေ အကြည့် လွှဲလိုက်ပါ။ ကွန်ပျူတာရှေ့ကနေ ထပြီး လမ်းလျှောက်တာမျိုး အကြောဆန့်တာမျိုး လုပ်ပေးရင်လည်းရပါတယ်။
  • ဖုန်းတွေမှာလည်း Blue Light Saver ကပ်ပြီး အသုံးပြုတာမျိုး လုပ်ပါ။
  • အသားအရေကို အစိုဓာတ်ထိန်းခရင်မ် လူးပြီး ရေဓာတ် ဖြည့်ပေးပါ။
  • တစ်ချိန်လုံး တီဗွီကြည့်တာ၊ ဖုန်းသုံးတာ၊ ကွန်ပျူတာ သုံးတာတွေပဲ မလုပ်ပါနဲ့။
  • နေ့စဉ် လုပ်ဆောင်နေရတဲ့ အလုပ်တွေကြောင့် ကိုယ့်ရဲ့ လှပပျိုမျစ်မှုတွေ မဆုံးရှုံးကြစေဖို့အတွက် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပြီး အခုပြောပြခဲ့တဲ့ နည်းလေးတွေ အတိုင်း လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 25/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement