backup og meta

ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပါ


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပါ

    မေမေဖေဖေက ကိုယ့်ကို လူသားတစ်ယောက်အဖြစ်မွေးဖွားပေးလိုက်ပြီးရင် အရွယ်ရောက်လာတာနဲ့အမျှနေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ အသက်ရှည်ကျန်းမာပျော်ရွှင်စွာနေထိုင်လိုတဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်နိုင်စေဖို့ လိုက်နာသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလေးတွေအကြောင်းဆွေးနွေးချင်ပါတယ်။

    နေအိမ်မှာပဲပြုလုပ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလေးတွေကဘာတွေများလဲ…….

    နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်သင့်သလို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးဖို့လည်း လိုပါမယ်။

    အယ်လ်ကိုဟော – အယ်ကိုဟောကိုဖြစ်နိုင်ရင် မသောက်တာအကောင်းဆုံးဆိုပေမယ့် အယ်လ်ကိုဟောကိုအရမ်းသဘောကျတယ်ဆိုရင် တစ်ပတ်ကို ၂ ရက်လောက်တော့alcohol-free dayလေးထားလိုက်ပါ။

    သွားနဲ့ခံတွင်းကို ဂရုစိုက်ပါ – သွားနဲ့ခံတွင်းကျန်းမာရေးက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါပါတယ်။နေပတိုင်းတစ်နေ့နှစ်ကြိမ်သွားတိုက်တာ၊ အချိုများတဲ့အစားအစာတွေရှောင်တာက သွားပိုးစားတာ၊ သွားဖုံးပြဿနာတွေကို ကာကွယ်ရာရောက်ပြီး သွားဆုံးရှုံးတာတွေမဖြစ်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။ သွားနဲ့ခံတွင်းရောဂါကင်းတာကလည်း အသက်ရှည်စေတဲ့ အချက်တွေထဲကတစ်ခုပေါ့။

    အစားအသောက် ဂရုပြုပါ – ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံက ကျန်းမာနေစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်တာမှာ အနည်းဆုံး ၂ ရက်တော့ သစ်သီးတွေစားပေးပါ။ ဟင်းသီးဟင်းရွက်တွေကိုတော့ တစ်ပတ်တာလုံးမှာ နည်းနည်းစီစားပေးပါ။

    ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ -နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက နှလုံး၊ အရိုးတို့ကို ကျန်းမာစေနိုင်သလို ကိုယ်တွင်းကိုရောဂါတော်တော်များများဝင်ရောက်မလာနိုင်အောင် ကာကွယ်ရာရောက်ပါတယ်။ တစ်နေ့တာမှာပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေကို မိနစ် ၃၀လောက်လုပ်ပေးပါ။

    အရေပြားစစ်ဆေးပါ – အရေပြားမှာ ပုံမှန်မဟုတ်တဲ့ မှဲ့တွေ၊ တင်းတိပ်တွေ ပေါ်လာလား၊ အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်ရပ်ရှိနေလားဆိုတာကို ပုံမှန်စစ်ဆေးပါ။ တစ်ခုခုပုံမှန်မဟုတ်တာမျိုးတွေ့ခဲ့ရင် ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပါ။

    ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်သောက်တာက နှလုံးရောဂါ၊လေဖြတ်တာ၊အဆုတ်ရောဂါ နဲ့ အရိုးပါးတာအပါအဝင်ရောဂါများစွာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်ဆေးလိပ်ဖြတ်ပါ။ မဖြတ်နိုင်ရင်လျှော့သောက်ပါ။ဆေးလိပ်သောက်တာက ကိုယ့်သက်တမ်းကိုယ်လျှော့နေတာပါပဲ။

    ကိုယ်အလေးချိန်ထိန်းပါ – ကျန်းမာတဲ့ကိုယ်အလေးချိန်ဖြစ်နေစေဖို့ အမြဲဂရုစိုက်ပါ။ လူတစ်ယောက်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေရင်ဖြစ်ဖြစ်၊ နည်းနေရင်ဖြစ်ဖြစ်ရောဂါတွေကူးစက်ခံရနိုင်ခြေက်ပုံမှန်ထက်ပိုများနေပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်နေထိုင်မှုကို သတိပြုလို့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။ ကိုယ်အလေးချိန်ထိန်းညှိမှုကရေရှည်မှာ ဆီးချိုရောဂါနဲ့ အဆစ်ရောင်ရောဂါတွေဖြစ်မလာအောင် ကြိုတင်ကာကွယ်ရာလည်းရောက်ပါတယ်။

    အဖိုးအခလည်းမများဘဲနေအိမ်မှာတင် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလုပ်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ကြပါစေကြောင်း……….

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement