backup og meta

လုပ်ငန်းခွင်မှာ ယုံကြည်မှုမြှင့်တင်နိုင်စေမယ့်အချက် ၅ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင်မှာ ယုံကြည်မှုမြှင့်တင်နိုင်စေမယ့်အချက် ၅ ချက်

    ယုံကြည်မှုဆိုတာက အမျိုးသမီးတွေကို ကိုယ်ပိုင်လုပ်ငန်းတစ်ခုမစတင်အောင်ဟန့်တားတဲ့ အချက်တစ်ချက်ဖြစ်သလို လုပ်ငန်းလုပ်ဆောင်မှုတွေကိုလည်းဟန့်တားနေတဲ့အချက်လည်းဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာကမွေးကတည်းပါလာတဲ့ အရည်အသွေးတစ်ရပ်မဟုတ်ပါဘူး။ ယုံကြည်မှုကို တိုးတက်အောင် လုပ်ဆောင်နိုင်သလို မွေးမြူတည်ဆောက်လို့လည်းရပါတယ်။

    ယုံကြည်မှုကိုဘယ်လိုမြှင့်တင်မလဲ…….

    ၁။ ယုံကြည်မှုရှိအောင်ပြင်ဆင်ပါ

    အချိန်ယူပြီး တွေ့ကြုံရတဲ့အခြေအနေတိုင်းအတွက်လိုအပ်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်တာတွေ၊ အစီအစဉ် ရေးဆွဲတာမျိုးတွေ လုပ်ကြည့်ပါ။ သည်လိုလုပ်ဆောင်တာကသင့်ကို ယုံကြည်မှုရှိလာစေဖို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေမှာဖြစ်သလို အသုံးဝင်စေမှာလည်းဖြစ်ပါတယ်။ ချိန်းထားတဲ့နေရာကို အချိန်မီ ရောက်အောင်သွားတာ၊ သပ်သပ်ရပ်ရပ်ဝတ်စားတာနဲ့ ယူဆောင်သွားရမယ့်အရာတွေကို ကြိုတင်ပြင်ဆင်တာတွေ ကိုလုပ်ကြည့်ပါ။ သည်အချက်တွေက သင့်ကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင်လုပ်ဆောင်ပေးမယ့် အကောင်းဆုံးသောအစပျိုးမှုတွေပဲဖြစ်ပါတယ်။

    ၂။ ပင်ကိုအစွမ်းအစကို သိရှိပါစေ

    ကြိုတင်အစီအစဉ်ရေးဆွဲမှုက ယုံကြည်မှုကိုမြှင့်တင်ပေးတဲ့အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုအစွမ်းအစကို အမှန်တကယ်သိနားလည်မှုကနေဖြစ်ပေါ်လာတဲ့ ယုံကြည်မှုရှိတဲ့ခံစားချက်ကိုဘယ်အရာနဲ့မှ အစားမထိုးနိုင်ပါဘူး။

    အချက်အလက်အကြောင်းအရာတွေကို အမှန်တကယ်တတ်မြောက်သိရှိထားမှုက စွမ်းအင်တစ်မျိုးဖြစ်ပြီး သည်စွမ်းအင်ဟာ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ယုံကြည်မှုကိုတည်ဆောက်တဲ့အခါမှာအထောက်အပံ့ပေးပြီး ကိုယ်ကျွမ်းကျင်ရာနယ်ပယ်ကိုတိုးတက်အောင်ဆောင်ရွက်နိုင်စေမယ့် အခွင့်အရေးတိုင်းကိုရယူနိုင်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သင့်ရဲ့အယူအဆ၊အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတို့ကို ယုံကြည်မှုရှိရှိနဲ့ မျှဝေနိုင်မှာဖြစ်ပါတယ်။

    ၃။ အကြောက်တရားကြောင့်လုပ်ဆောင်နေတာတွေကိုမရပ်တန့်စေပါနဲ့

    ကျွန်မအနေနဲ့သင့်ကို အဆုံးစွန်ထိစွန့်စားလုပ်ဆောင်ကြည့်ပြီး လုပ်ဆောင်နေတဲ့အလုပ်ဆုံးရှုံးသွားတဲ့အခါ မှာလည်းစိတ်ပျက်ဝမ်းနည်းမနေဘဲပျော်ပျော်နေလိုက်ပါလို့တော့မတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် အောင်မြင်ကျော်ကြားနေတဲ့စွန့်ဦးတီထွင်သူတွေနဲ့လုပ်ငန်းရှင်အချို့ဟာလည်း သူတို့ရဲ့ကြိုးစားလာတဲ့လမ်းတလျှောက်မှာ ဆိုးရွားတဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ကျဆုံးမှုတွေနဲ့တွေ့ကြုံခဲ့ရတယ်လို့တော့ သိထားစေချင်ပါတယ်။ အခုလက်ရှိမှာ အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံတန်တဲ့ the Queen of US daytime TV ပိုင်ရှင် Oprah Winfrey ဟာ Baltimore သတင်းစာတိုက်မှာသတင်းထောက်အဖြစ်အလုပ်လုပ်တုန်းက အလုပ်ဖြုတ်ခံခဲ့ရဖူးတယ်ဆိုတာကိုသိထားဖို့ လိုပါတယ်။

    ၄။ အကောင်းမြင်တတ်တဲ့အလေ့အထကိုမွေးမြူပါ

    အကောင်းမြင်တတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်သည်အချက်က ကိုယ်တိုင်အပေါ် မှာရောအခြားသူတွေအပေါ်မှာပါ ထူးခြားကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေပါတယ်။ အကောင်းမြင်တတ်တဲ့အလေ့အထက သင့်ကိုအခြားအကောင်းမြင်သဘောထားရှိသူတွေနဲ့ တွေ့ဆုံရင်းနှီးမှုရစေဖို့အတွက်အရေးပါတဲ့အချက်လည်းဖြစ်ပါတယ်။

    ၅။ ကိုယ့်ကိုကိုယ်ယုံကြည်ပါ

    သင့်ရဲ့အောင်မြင်လိုစိတ်အပေါ်မှာယုံကြည်မှုထားပါ။ အလုပ်ကိုကြိုးစားလုပ်ကိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ပါ။ သင့်မှာယုံကြည်မှုရှိလာပြီဆိုရင်သည်အချက်တွေကိုလုပ်ဆောင်တဲ့နေရာမှာ ပိုမိုလွယ်ကူလာမယ်၊လို့ထင်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီးအဆင့်တွေအမြောက်အမြားကိုဆက်လက်လုပ်ဆောင်ဖို့လိုအပ်သလို ရှေ့တိုးလုပ်ဆောင် တာတွေကိုလုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။ သည်လိုလုပ်ဆောင်ခြင်းအားဖြင့် နောက်ဖြစ်လာမယ့်တိုးတက်မှုနဲ့ ပတ်သက်ပြီး သိသိသာခံစားသိရှိလာပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement