backup og meta

ဗီတာမင်အားဆေးတွေကနေ ဘယ်လို ကောင်းကျိုးတွေ ရနိုင်သလဲ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်အားဆေးတွေကနေ ဘယ်လို ကောင်းကျိုးတွေ ရနိုင်သလဲ ။

    ဒီစာကို ဖတ်နေတဲ့ ပရိတ်သတ်ကြီးထဲမှာ အားဆေးသောက်ဖူးတဲ့ သူတွေရှိကြမှာပါ။ အားဆေးမှာ ဘာကောင်းကျိုးတွေရှိလို့ သောက်ရတာလဲဆိုတဲ့ မေးခွန်းကို အားဆေးသောက်တိုင်း တွေးမိကြမှာပါ။ အားဆေးဆိုတော့ သောက်လိုက်ရင် အားရှိမှာတော့ သေချာတယ်လေ။ ဒီလို အားရှိစေတဲ့အပြင် အခြား ဘာကောင်းကျိုးတွေ အားဆေးကနေ ရနိုင်သေးလဲ ။ ။

    အားဆေးသောက်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ ။ ။

    အားအင်တွေကို ဖြည့်စွမ်းပေးပါတယ် – နေ့စဉ်လိုအပ်တဲ့ အာဟာရ တွေကို လုံလောက်အောင် မရတဲ့အခါ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို ညီမျှအောင်ထိန်းဖို့အတွက် ကိုယ်ခန္ဓါက လုပ်နေကျထက် ပိုပြီး အလုပ်လုပ်ရတဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေပိုဖြစ်လားပြီး အားနည်းနေတဲ့ ကိုယ်ခန္ဓါဆီ အခြားရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။ အားဆေးသောက်ထားတဲ့သူတွေမှာကျတော့ တစ်နေ့တာလိုအပ်တဲ့ အာဟာရ တွေအားလုံးကို အားဆေးကနေ အချိုးကျ ရတဲ့အတွက် ကျန်းမာရေးအားနည်းမှာအတွက် စိတ်ပူစရာလုံးဝကို မလိုတော့ပါဘူး။

    စိတ်ကိုကြည်လင်လန်းဆန်စေပါတယ် – အားဆေးထဲမှာ ဦးနှောက်နဲ့အာရုံကြောကို အားပေးတဲ့ ဗီတာမင်တွေ အစုံပါဝင်တာမို့ မောပန်းနေတဲ့သင့်စိတ်တွေကို အားဆေးကတစ်ဖန် ပြန်လည်လန်းဆန်းစေမှာ အသေအချာပါ။

    စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးပါတယ် – ြဖည့်စွက်အားဆေးတွေမှာပါတဲ့ ဗီတာမင် တွေ ( အထူးသဖြင့်) ဗီတာမင် B အုပ်စုနဲ့ ဗီတာမင် C တွေဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်စွမ်းရှိပြီး စိုးရိမ်ပူပန်မှုတွေကိုလည် း လျှော့ချပေးပါတယ်။

    မှတ်ညဏ်အားကို ကောင်းစေပါတယ် – ဗီတာမင်စုံ အားဆေးဆိုတော့ ဗီတာမင် B12 လည်း ပါမှာ ကျိန်းသေတာကြောင့် အားဆေးသောက်တဲ့သူတွေရဲ့ ရေတိုမှတ်ဉာဏ်က မသောက်တဲ့သူတွေထက် သာမှာတော့ အသေအချာပါ။

    ရုပ်ရည်ကို နုပျိုစေပါတယ် – အားဆေးမှာပါဝင်တဲ့ ဗီတာမင်တွေရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက ဆဲလ်တွေအသက်ကြီးခြင်းကို တားဆီးပေးတာကြောင့် သင့်ရဲ့ နုပျိုမှုတွေကို သူက ဆွဲဆန့်ထားပေးမှာပါ။

    နှလုံးကိုလည်း ကျန်းမာစေပါတယ် – အရည်အသွေးကောင်းတဲ့ ဖြည့်စွက်အားဆေး တွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

    ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ် – အားဆေးတွေမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် ကင်ဆာရောဂါဖြစ်နိုင်ချေကို သူကလျှော့ချပေးဦးမှာပါ။

    ဗီတာမင်တွေချို့တဲ့မှာကိုလည်း မပူရတော့ပါဘူး – အားဆေးတစ်လုံးတည်းမှာ ဗီတာမင်နဲ့ သတ္တုဓါတ်အစုံကို အချိုးကျတွက်ချက်ပြီး ထည့်ထားတဲ့အတွက်ကြောင့် အားဆေးသောက်တဲ့သူတိုင်းမှာ ဗီတာမင် ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ။

    ကဲ ဒီလောက်ဆို ဗီတာမင်နဲ့သတ္တုဓါတ်စုံ အားဆေးတွေ သောက်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုးတွေ သိပြီးပြီလောက်ပြီလို့ထင်ပါတယ်။ ဒီလို ကောင်းကျိုးအားလုံကို ရဖို့ဆို အရည်အသွေးကောင်းပြီး ယုံကြည်ရတဲ့အားဆေးကို သောက်ဖြစ်ဖို့ကလည်းအရေးကြီးပါတယ်နော်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement