backup og meta

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။  ။

    ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။

    ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။

    ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ

    • ဆီးလုံးဝ မပေါက်နိုင်တဲ့သူတွေ
    • ဆီးမထိန်းနိုင်တဲ့သူတွေ
    • ဆီးသွားရခက်နေတဲ့သူတွေ အတွက် ဆီးပိုက်သည့်သာ အကောင်းဆုံး ပြဿနာဖြေရှင်းနိုင်တဲ့ အရာတစ်ခုပါ။

    ဆီးပိုက်ထည့်ခြင်းကြောင့် ရနိုင်တဲ့ဆိုးကျိုးများ ။ ။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း – ဆီးပိုက်ထည့်တာကြောင့် ရလာနိုင်တဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခုပါ။ ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ လက္ခဏာတွေကတော့

  • ချမ်းတုန်ပြီဖျားမယ်
  • ခေါင်းကိုက်မယ်၊ ဆီးစပ်တစ်ဝိုက်မှာလည်း ကိုက်ခဲနေမယ်
  • ဆီးထဲမှာလည်း ပြည်တွေ သွေးတွေ ပါတတ်ပြီး
  • ဆီးပိုက်ကနေ မဟုတ်ဘဲ ဆီးတွေထွက်နေမယ်။ ဒါတွေကတော့ ဆီးပိုက်ကို သေချာ မသန့်ရှင်းတာ၊ ဆီးပိုက်ကို မှန်မှန်မလဲတာတွေကြောင့် ရလာတဲ့ ဆီးလမ်းကြောင့်ပိုးဝင်ခြင်းဆိုးကျိုးတွေ ဖြစ်ပါတယ်။
  • ဆီးပိုက်ထည့်ထားတာကြောင့် အခြားရနိုင်သေးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက

    • ဆီးပိုက်မှာသုံးထားတဲ့ latex ( ရော်ဘာ တစ်မျိုး) နဲ့ ဓါတ်မတည့်ခြင်း
    • ဆီးတွေအနည်ကျပြီး ဆီးကျောက်တည်ခြင်း
    • ဆီးပိုက်ထည့်တဲ့အချိန် ထိခိုက်မိသွားပြီး ဆီးထဲသွေးပါတာ
    • ကျောက်ကပ်ထဲကိုပါ ပိုးတွေဝင်သွားနိုင်ပြီး ကျောက်ကပ်ရောင်ခြင်း
    • ဆီးလမ်းကြောင်း ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်း တွေက ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပါတယ်။

    ဆီးပိုက်ကို ဘယ်လို ဂရုစိုက်ရမလဲ။ ။

    မထည့်လို့ကလည်းမရတော့ ဆီးပိုက်ထည့်လိုက်ရပြီ ဆိုပါတော့။ အပေါ်မှာ ပြောထားတဲ့ ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရအောင် ဆီးပိုက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။

    ဆီးပိုက်တွေမှာ တစ်ခါသုံး ဆီးပိုက်နဲ့ ပြန်ဆေးပြီး သုံးလို့ရတဲ့ ဆီးပိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။

    တစ်ခါသုံး ဆီးပိုက်တွေကတော့ ရှင်းပါတယ်။ သုံးပြီးတာနဲ့စွန့်ပစ်လိုက်ရုံပါပဲ။

    ပြန်ဆေးပြီးသုံးလို့ရတဲ့ ဆီးပိုက်ထည့်တဲ့ သူဆိုရင်တော့ ဆီးပိုက်ကို ရေတွေ၊ ဆပ်ပြာတွေနဲ့ သေချာသန့်စင်နေအောင် ဆေးဖို့ဆိုတာ တော်တော်လေးကို အရေးကြီးပါတယ်။ ဆီးပိုက်တင်မဟုတ်ပါဘူး။ ဆီးပိုက်ထည့်ခါနီးတိုင်း ဆီးခုံနားတစ်ဝိုက်ကိုလည်း သေချာ သန့်ရှင်းပေးဖို့လိုပါတယ်။ ဒါမှဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။

    ဆီးပိုက်နဲ့ဆက်ထားတဲ့ ဆီးအိတ်ကို ၈နာရီတစ်ခါ ဒါမှမဟုတ် ဆီးအိတ်ပြည့်သွားတိုင်း အထဲက ဆီးတွေကို ဖောက်ထုတ်ပေးပါ။ ရှာလကာရည် + ရေ ( ဒါမှမဟုတ်) အရောင်ချွတ်ဆေး + ရေ ရောပြီး ဆီးအိတ်ကို သန့်စင်ပေးလို့ရပါတယ်။

    နောက်တစ်ခုကတော့ ရေများများသောက်ဖို့ပါ။ ရေများများသောက်မှ ဆီးများများသွားြ့ပီး ဆီးအနည်ထိုင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ နည်းသွားမှာပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement