backup og meta

ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။

    You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

    ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက်

    အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေကတော့

    (၁ )ကလေးတွေက မေမေတို့ ဗိုက်ထဲမှာဆို ရေမြွှာ ရေတွေထဲ အမြဲ ကန်လိုက်၊ ခြေထောက်ဆန့်လိုက် နဲ့ ကူးနေကြတာမလား။ ။ ဒါပေမယ့် အပြင် ရောက်တော့ ခြေထောက်ကို အနှီးတွေနဲ့ထုတ်ထားတော့ ကန်တယ်ဆိုတာ ခြေထောက်ဆန့်တယ်ဆိုတာ ဘယ်လိုလဲဆိုတာ သူတို့မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ၆ လအရွယ်မှာ သူတို့ကို ရေကူးပြန်သင်ပေးလိုက်ရင် အသက်ကြီးမှ ရေကူးသင်တဲ့သူတွေထက်ပိုအတတ်မြန်ပါတယ်။

    (၂ )- ရေကန်ထဲမှာ ခေါင်းလေးပဲ ငြိမ်ပြီး အ ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေက လှုပ်ရှားနေရတဲ့အတွက် ကလေးရဲ့ ကြွက်သား၊ အဆုတ်နဲ့ နှလုံးတို့ သန်မာစေဖို့ သူက အကူအညီပေးပါတယ်။

    ( ၃ ) – ရေကူးခြင်းကြောင့် ကလေးရဲ့ စိတ်ပိုင်းနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း အခြားသူတွေထက် မြန်တာကြောင့် အခြားကလေးတွေထက် သင်္ချာစွမ်းရည်နဲ့ ဘာသာစကားပိုင်းဆိုင်ရာတွေမှာ ပိုပြီး တော်လေ့ရှိပါတယ်။

    ( ၄ ) – ရေကူးတယ်ဆိုတာ မိသားစုတစ်ခုလုံး ပါဝင်လို့ရတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ကလေးနဲ့ မိသားစုကြား ရင်းနှီးမှုတွေပိုလာမှာ ဖြစ်ပါတယ်။

    ( ၅ ) ေရကူးကန်ထဲမှာ ဟန်ချက်ညီအောင်ထိန်းရတာ မြေပြင်ပေါ်ခြေချရတာထက်ပိုခက်ပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲမှာ ဟန်ချက်ညီညီနဲ့ ကိုယ်ဖော့ပြီး မျောနေတတ်တဲ့ကလေးလေးတွေက အခြားရွယ်တူကလေးတွေထက် လမ်းလျှောက်ချိန် ဟန်ချက်ညီအောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။

    ( ၆ ) ကလေးကို ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လူကြီးတွေတောင် ရေကူပြီးပြန်လာရင် တစ်ကိုယ်လုံး ညောင်းပြီး အိပ်လို့အရမ်းကောင်းတာ တစ်ချိန်လုံး အိပ်ချင်နေတဲ့ကလေးတွေဆိုပိုဆိုးတာပေါ့။ ကလေးများ ကောင်းကောင်းမအိပ်လို့ကတော့ ရေကူးသာသင်ပေးလိုက်။

    ( ၇ ) အစားလည်းများများစားဝင်စေပါတယ် – ရေကူးချိန် ကယ်လိုရီ တွေ လောင်ကျွမ်းသွားတာကြောင့် ဘေဘီလေးတို့ ဗိုက်ဆာနေကြမှာ ကျိန်းသေပါတယ်။ အဆော့မက်ပြီး အစားကြေးများတဲ့ကလေးတွေကို ဘယ်လိုမှ အစာကျွေးလို့မရရင် ရေကူးသာ သင်ပေးလိုက်။ ကိုယ်ကျွေးသမျှ လုံးဝ ကြေးများတော့မှာ မဟုတ်တော့ဘူးနော်။

    ( ၈ ) ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို တိုးတက်စေပါတယ်။ – ကလေးတွေကို ထိန်းသင့်တဲ့ နေရာရှိပေမယ့် တစ်ချို့နေရာတွေမှာ သူတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီး လုပ်ခွင့်ပေးထားလို့ သူတို့လေးတွေ လုပ်နိုင်သွားတဲ့အခါ၊ တတ်မြောက်သွားတဲ့အခါ ရလာတဲ့ ကိုယ်ပိုင်ယုံကြည်မှုလောက် ဘယ်အရာမှ မချိုမြိန်ပါဘူး။

    ( ၉ ) လောကကြီးမှာ မမြင်နိုင်တဲ့ အရာတွေက အများကြီးလေ။ အခန့်မသင့်လို့ ရေဘေးနဲ့ ကြုံလာတဲ့အခါမျိုးတွေမှာ ကိုယ့်ကလေးက ငယ်ငယ်လေးထဲ ရေကူးတတ်နေတော့ သူတို့ အသက်အန္တရယ်ဘေးကနေ စိတ်ချလို့ရတာပေါ့။

    ဘေဘီလေးတွေ အရွယ်တည်းက ရေကူးသင်တာ ကောင်းတာတွေများတယ်ဆိုပေမယ့် ကလေးရေမွန်းအောင် ၊ ရေမနစ်အောင် ဘေးကနေ သေချာ ဂရုစိုက်ပေးဖို့ကလည် း အရေးကြီးပါသေးတယ် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement