backup og meta

ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ ။ ။

    ခုဆို ရာသီဥတုကြီးက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူပြင်းခြောက်သွေ့လာနေပါပြီ။ နေ့ခင်းဘက်လေး အပြင်မထွက်လိုက်နဲ့။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံထားရသလို အပူရှိန်က ဆကဲ ပြင်းထန်ပါတယ်။ ရာသီဥတု ကလည်းပူ၊ ချွေးတွေလည်း အထွက်လွန် ရေကလည်း ရှားနဲ့ နွေရာသီ ဆိုတာ အင်မတန်မှ နေလို့ မကောင်းတဲ့ ရာသီတစ်ခုပါ၊ ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် သက်သောင့်သက်သာ မရှိတဲ့အပြင် နွေရာသီဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှု အများဆုံးပေးတဲ့ ရာသီတစ်ခုပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ

    ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများကတော့ –

    နေလောင်တာ – နွေရာသီ နဲ့  ့နေလောင်တဲ့ အသားအရေက ခွဲခြားလို့မရပါဘူး။ ရာသီဥတုကပူ နေကလည်းပြင်း၊ ခရမ်းလွန်ရောင်ခြည်တွေကလည်း များနဲ့ အပြင်ထွက်လိုက်ပြီဆို အသားအရေရဲ့ ရန်သူတွေ ပတ်လည်ကို ဝိုင်းလို့။ ပြင်းပြတဲ့နေရာင်ခြည်က နေလောင်ခြင်းကို ဖြစ်စေတဲ့အပြင် အသားအရောင်ကိုလည်း ရင့်လာစေပြီး အရေပြားမှာ ပူစပ်စပ် ဖြစ်တတ်ပါတယ်။

    ချွေးထွက်များမယ် – ပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်သက်ရောက်မှုကို ပြန်လည်ပြေလျှော့ဖို့အတွက် ကိုယ်ခန္ဓာက ချွေးထွက်ပေးရပါတယ်။ ရာသီဥတုပူလေလေ ချွေးထွက်များလေလေဖြစ်လို့ ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေ ချွေးနဲ့အတူ ပါသွားတတ်ပါတယ်။ ဒါကြောင့် ပူပြင်းပြီး ချွေးထွက်များတဲ့နွေရာသီမှာ ဓာတ်ဆားဖြည့် အချိုရည်တွေ သောက်ပေးဖို့လိုတာပါ။

    ရေဓာတ်ခန်းခြောက် – ရာသီဥတု ပူတာကြောင့် ချွေးထွက်များတာက တစ်ကြောင်း၊ ရာသီဥတုကြောင့် ရေတွေပူနေလို့ သောက်လို့မကောင်းတာကတစ်ကြောင်း ၊ နွေရာသီဆို ရေတွေ ခန်းခြောက်တာကတစ်ကြောင်းနဲ့ ရေတွေမသောက်ဖြစ်ကြလို့ ရေဓာတ်ခန်းခြောက်ခြင်း နဲ့ နွေရာသီနဲ့က ခွဲခြားလို့ မရပါဘူး။

    ဝမ်းလျှောခြင်း – နွေရာသီဆို ဖုန်ထူတတ်တာ ဓမ္မတာပါ။ ဒါ့ကြောင့် ဖုန်တွေများများကပ်နေနိုင်တဲ့လမ်းဘေးစာတွေ၊ သန့်ရှင်းမှု အားနည်းတဲ့ လက်သုပ်စာတွေ ကို မဆင်မခြင် စားမိလိုက်တဲ့အခါ ဝမ်းလျှောဖို့ ကျိန်းသေပါတယ်။

    ခေါင်းကိုက် – ပူပြင်းတဲ့အပူရှိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်တာကြောင့် တစ်နေကုန်နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ သတိထားစရာ အချက်တစ်ခုပါ။

    မိတ်ပေါက်ခြင်း – နွေရဲ့ အပူချိန်ရယ် ဝတ်ထားတဲ့ အဝတ်အစားကြောင့် ရယ် ချွေးထွက်များတာရယ်ကြောင့် နွေရာသီဆို မိတ်ပေါက်တတ်ကြတာလူတိုင်းပါ။

    စိတ်တိုလွယ်နေတတ်ပါတယ် – ရာသီဥတုက ပူတော့ အလိုလိုနေရင်း စိတ်တိုလွယ်နေတာတွေ ၊ စိတ်မရှည်သလိုမျိုးတွေ ဖြစ်နေတတ်ပါတယ်။

    အပူလျှပ်ခြင်း အပူငုပ်ခြင်း– ဒါက ပူပြင်းတဲ့ နွေရာသီရဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်လို့ ဆိုရပါမယ်။ ရာသီဥတု ပူရဲ့သားနဲ့ ချွေးမထွက်ဘဲ ချွေးငုပ်နေခဲ့မယ်၊ ခေါင်းကိုက် ခေါင်းမူးတာတွေ ဖြစ်နေခဲ့မယ်ဆိုရင် ဒါ အပူလျှပ်တာဖြစ်နိုင်ပါတယ်။

    ဒီ ပြဿနာတွေဟာ လူတိုင်းဖြစ်ကြတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အခန့်မသင့်ရင် ဖြစ်သွားနိုင်တာကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ ပျက်စီးမသွားစေဖို့ ဆင်ခြင်စရာရှိတာ ဆင်ခြင်ရအောင်၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် သိထားတော့ မမှားဘူးပေါ့။ သတိဆိုတာ ပိုသည်မရှိဘူးလေနော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement