backup og meta

ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား

    ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား ……. နေအိမ်တိုင်းမှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်ပါတယ်။ မတော်တဆမှု ဆိုတာမျိုးက ကြိုမှန်းထားလို့မှ မရတာလေနော်။ ချက်ရင်းပြုတ်ရင်း ဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့ အနေအထားမျိုးမှာ အရေးပေါ် ထိခိုက်မိရင် သက်သာအောင် လုပ်ဖို့အတွက် ဆေးသေတ္တာ ရှိထားတာက မမှားတဲ့ အရာတစ်ခုလို့ပဲ အကြံပေးပါရစေ။

    အရေးပေါ်ဆေးသေတ္တာ ဆိုတာ ဘာအတွက် ထားတာလဲ။ ။

    အရေးပေါ်ဆေးသေတ္တာ ဆိုတာက မတော်တဆမှု တစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာ ရရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုကြောင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့ အခြေအနေကနေ သက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင် ထားတာပါ။ ဒီလို စောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံး လိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ နဲ့ အန္တရာယ် ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။

    ဆေးသေတ္တာမှာ ဘာတွေပါရမလဲ။ ။

    အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲ ဆိုတာလည်း အရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။

    ဆေးသေတ္တာကို ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင်

    ကလေးတွေ လက်လှမ်းမမီလောက်တဲ့၊ လူကြီးတွေ ယူရလွယ်လောက်တဲ့ နေရာမှာ ထားပါ။ ဆေးသေတ္တာကို ပုံမှန်စစ်ကြည့်ပါ။ ကုန်နေတာရှိရင် ဖြည့်ပါ။ သက်တမ်းရက်လွန်နေတာရှိရင် အသစ် လဲထည့်ပါ။

    အရေးပေါ်ဆေးသေတ္တာကို အသုံးပြုနိုင်မယ့်ရောဂါတွေကဘာတွေလဲ။ ။

    အရေးပေါ်ဆေးသေတ္တာကို ဝယ်ထားဆောင်ထားရုံနဲ့လည်း မပြီးသေးပါဘူး။ ကိုယ်တိုင် အသုံးပြုတတ်အောင်လည်း လေ့လာသင်ယူ တာတွေ လုပ်ရပါမယ်။ ကဲဒီလောက်ဆိုရင်တော့ အရေးပေါ်ဆေးသေတ္တာ ရဲ့ အရေးပါပုံကို သိလောက်ပြီးလို့ ထင်ပါတယ်။ ခုလို ပစ္စည်းတွေ စုံစုံလင်လင် ထည့်ထားတဲ့ အရေးပေါ်ဆေးသေတ္တာ လေးတစ်ခု ကိုယ့်အိမ်မှာ ဆောင်ထားရင် မိသားစုရဲ့ ကျန်းမာရေးကို သင်က ဆရာဝန် မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကနေ တာဝန်ယူနိုင်မှာပါ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement