backup og meta

မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ် သတ္တုဓါတ် ။ ။

ရှင်သန်နေထိုင်နေတဲ့ လူတိုင်းအတွက် ကယ်လ်ဆီယမ် က မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုပါ။ ကိုယ်ခန္ဓါတစ်ခု ကျန်းမာသန်စွမ်းဖို့၊ အရိုးတွေ ကြံ့ခိုင်စေဖို့၊ အတွက် ကယ်ဆီယမ်က မရှိမဖြစ်လေ။ ဒီလို အရေးကြီးတဲ့ ကယ်လ်ဆီယမ်ကို ကိုယ်နေ့စဉ်စားတဲ့အစားအသောက်တွေကလည်း ရနိုင်တဲ့အပြင် ကယ်လ်ဆီယမ် ဓါတ် ချို့တဲ့တဲ့သူတွေ အတွက် ဖြည့်စွက်သောက်လို့ရတဲ့ သောက်ဆေးပြားတွေ အနေနဲ့ လည်း ရနိုင်ပါတယ်။ ။

ဘာကြောင့် ကယ်လ်ဆီယမ် လုံလုံလောက်လောက်ရှိနေဖို့ လိုအပ်တာလဲ ။ ။

ဘာကြောင့် နေ့တိုင်း လုံလောက်တဲ့ ကယ်လ်ဆီယမ် ပမာဏ ရဖို့လိုတာလဲ ။ ။

ကယ်လ်ဆီယမ်ဟာ

  • အရိုးသန်မာဖို့အတွက် ၊ အရိုးတည်ဆောက်ဖို့အတွက် မရှိမဖြစ်ပါ။ – လူ့ကိုယ်ခန္ဓါရဲ့ အရိုးတွေ နဲ့ သွားတွေမှာ ကယ်လ်ဆီယမ် ၉၉ ရာခိုင်နှုန်း လောက်ကို တွေ့ရှိရပါတယ်။ ဒါဟာ အရိုးနဲ့သွားတွေ ဖွံ့ဖြိုးဖို့၊ သန်မာဖို့ နဲ့ ကြံ့ခိုင်ဖို့အတွက် ကယ်လ်ဆီယမ် မရှိလို့ မဖြစ်ဘူးဆိုတာကို ပြတာပါ။ အသက် ၂၅ နောက်ပိုင်းဆို အရိုး့ရဲ့ သိပ်သည်းဆတွေဟာ တဖြည်းဖြည်းလျော့ကျလာပါတယ်။ ဒီလိုလျော့ကျလာတဲ့အချိန်မှာ ကယ်လ်ဆီယမ်ရှိနေမှ အရိုးသန်မာဖို့အတွက် သူက ဆက်ပြီးထိန်းထားနိုင်မှာပါ။ ဒါကြောင့် အသက် ၂၅ မတိုင်ခင်တည်းက လုံလောက်တဲ့ ကယ်လ်ဆီယမ်တွေ မစားထားဘူးဆိုရင်တော့ သင့်အသက်အရွယ်ကြီးလာတဲ့အချိန်မှာ အရိုးကြံ့ခိုင်မှု သူများတွေထက်နည်းနေပါလိမ့်မယ်။

  • ကြွက်သားတွေနဲ့ ညှစ်နိုင်စွမ်းအားကလည်း ကယ်လ်ဆီယမ် ပေါ်မှာ မူတည်နေတာပါ။ ဒီတော့ နှလုံးကြွက်သားတွေရဲ့ ညှစ်နိုင်စွမ်းအားကလည်း သူ့အပေါ်မှာမူတည်နေတာပေါ့။ အာရုံကြောတစ်ခုကနေ ကြွက်သားကိုညှစ်ဖို့ ခိုင်းလိုက်ပြီဆိုတာနဲ့ ကယ်လ်ဆီယမ်တွေကထွက်လာပြီး ကြွက်သားညှစ်နိုင်အောင်လို့ ကြွက်သားအတွင်းက ပရိုတင်းတွေကို လှုံဆော်ရပါတယ်။

  • ထိခိုက် ဒဏ်ရာရလို့ သွေးထွက်လာရင် သွေးတိတ်ဖို့အတွက် ကိုယ်တွင်းက အစိတ်အပိုင်တွေ၊ သတ္တုဓါတ်တွေ တော်တော်များများ အလုပ်ရှုပ်ရပါတယ်။ ဒီအထဲမှာ ကယ်လ်ဆီယမ် လည်း အပါအဝင်ပါ။

  • သွေးကြော လေးတွေ တင်းမနေဘဲ ပြေလျော့စေဖို့အတွက် ကယ်လ်ဆီယမ် ရှိမှ ရတာပါ။

အရေးအကြီးဆုံးတစ်ခုကတော့ ဗီတာမင် D မရှိဘဲ ကယ်လ်ဆီယမ် ကို လွယ်လွယ်ကူကူ မစုပ်ယူနိုင်ဘူးဆိုတာပါပဲ။

ဒါဆို တစ်နေ့ကို ကယ်လ်ဆီယမ် ဘယ်လောက်စားပေးရမှာလဲ ။ ။

  • အသက် ၁ – ၃ နှစ် – တစ်နေ့ကို ၇၀၀ မီလီဂရမ်
  • အသက် ၄ – ၈ နှစ် – တစ်နေ့ကို ၁၀၀၀ မီလီဂရမ်
  • အသက် ၉ – ၁၈ နှစ် – တစ်နေ့ကို ၁၃၀၀ မီလီဂရမ်
  • အသက် ၁၉ – ၅၀ နှစ် – တစ်နေ့ကို ၁၀၀၀ မီလီဂရမ်
  • နို့တိုက်နေတဲ့ မိခင်တွေနဲ့ဆယ်ကျော်သက် ကိုယ်ဝန်သည်တွေ – တစ်နေ့ကို ၁၀၀၀ မီလီဂရမ်
  • အသက် ၅၁ – ၇၀ နှစ် ( အမျိုးသား) – တစ်နေ့ကို ၁၀၀၀ မီလီဂရမ်
  • အသက် ၅၁ – ၇၀ နှစ် ( အမျိုးသမီး) – တစ်နေ့ကို ၁၂၀၀ မီလီဂရမ်
  • အသက် ၇၁ နှစ်နှင့် အထက် – တစ်နေ့ကို ၁၂၀၀ မီလီဂရမ်

ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။

  • နို့၊နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ
  • ပဲ အမျိုးမျိုး
  • ရေညှိ
  • သစ်အယ်သီး၊ ဗန်ဒါစေါ၊ နှမ်းစေ့
  • ကတွတ်သီး
  • ပန်းဂေါ်ဖီစိမ်း၊ တို့ဖူး
  • ခေါင်းတစ်ရာသားနဲ့
  • အရိုးပြုတ်ရည် တို့ဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေပါ။

အချုပ်အနေနဲ့ ပြန်ပြောရရင် ကယ်လ်ဆီယမ်ဟာ

  • အရိုးသန်မာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
  • ကိုယ်ခန္ဓါကနေ ကယ်လ်ဆီယမ် စုပ်ယူဖို့အတွက် ဗီတာမင် D က အကူအညီပေးပါတယ်။
  • နို့၊ တို့ဖူ းနဲ့ ပန်းဂေါ်ဖီစိမ်းတို့ဟာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တွေပါ။
  • ကယ်ဆီယမ် သောက်ဆေးပြားတွေဟာ လေထခြင်းနဲ့ လေအောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။
  • oxalic acid ပါဝင်မှုများတဲ့ တစ်ချို့ အစိမ်းရောင် အသီးအရွက်တွေဟာ ကယ်လ်ဆီယမ် စုပ်ယူမှုကို လျော့ကျစေပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/248958.php Accessed Date 15.1.2019

https://www.webmd.com/drugs/2/drug-59939/calcium-with-minerals-oral/detailsAccessed Date 15.1.2019

ယခုပုံစံ

18/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

ကလေးရဲ့သွား ကျန်းမာကြံ့ခိုင်စေမယ့် အာဟာရ (၆) မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement