လေ့ကျင့်ခန်း၊ အားကစားအပြင်းအထန်လုပ်တဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ် ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေက ပိုပြီးအလုပ်လုပ်ရတဲ့အတွက် အားအင်ကုန်ခမ်းပြီး ရေဓာတ်ဆုံးရှုံးမှုပိုများပါတယ်။ အဲ့လို ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ကိုယ်ခန္ဓာက ပုံမှန်ထက်ပိုပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
၇။ အရက်သောက်နေကျမို့လို့
ညဆိုရင် တစ်ခွက်တစ်ဖလား မော့ပြီးမှ အိပ်တတ်တဲ့အကျင့်ရှိသူတွေမှာ ပုံမှန်ထက် အစားပိုစားတတ်ပြီး စားပြီးတိုင်းလည်း ဗိုက်က ပြည့်ဝသွားတယ်ဆိုတဲ့ ခံစားချက်မျိုး မရဘဲ တစ်ခုမဟုတ်တစ်ခု ဗိုက်ထဲထည့်နေရမှ ကျေနပ်နေတတ်ပါတယ်။
၈။ စိတ်ဖိစီးမှုများနေလို့
အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေမှာ ခံတွင်းပျက်ပြီး ဘာမှမစားနိုင် မသောက်နိုင်တာမျိုးလည်း ရှိသလို မျက်စိထဲမြင်တာ အကုန်လျှောက်ရှာပြီး ပါးစပ်ထဲ ထည့်တတ်တဲ့အကျင့်တွေလည်း ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုကို ပြေလျော့သွားစေဖို့ စိတ်က အစားဘက်ကို အာရုံလွှဲပြောင်းပေးလိုက်တဲ့ သဘောပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။