Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read
Share now

ဒီဘက်ခေတ် ၂၀ ရာစုမှာတော့ Gym ကစားတာကို ထူးထူးဆန်းဆန်းအရာတစ်ခုလို မမြင်ကြတော့ပါဘူး။ အရင်တုန်းကတော့ Gym ကစားတယ်ဆိုတာကို ပိုက်ဆံဖြုန်းတယ်၊ မော်ဒယ်တွေ အနုပညာရှင်တွေမှ လုပ်သင့်တဲ့အရာ အစရှိသဖြင့် ပြောခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ လူအများစု Gym ကို တစိုက်မတ်မတ် ကစားလာကြတာကို တွေ့ရတာ ကျန်းမာရေးရှုထောင့်အရတော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။

ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ သိထား၊ နားလည်ထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိများ၊ လူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။

၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။

Gym ကစားခြင်းနဲ့ ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း မရှိပါဘူး။ ဝက်ခြံထွက်ရခြင်း အကြောင်းအများစုဟာ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်း၊ မျက်နှာမသစ်ခြင်း၊ အဆီပြန် အသားအရေရှိခြင်း၊ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း၊ အိပ်ရေးပျက်ခြင်း၊ အလှကုန်ပစ္စည်းများကို အလွန်အကျွံသုံးစွဲခြင်း စတာတွေကြောင့် ဖြစ်ရတာပါ။ Gym ကစားပြီး ရေချိုးသန့်စင်ခြင်းမပြုတာ၊ ပရိုတင်းမှုန့်တွေ သောက်တာကြောင့် ဝက်ခြံထွက်လာတာမျိုးတော့ ရှိနိုင်ပေမယ့် လူတိုင်းမဖြစ်တတ်ပါဘူး။

၂။ ဘော်ဒီလှဖို့ Gym တစ်ခုတည်း ကစားပေးရင် လုံလောက်တယ်။

ဒါကတော့ Gym စစချင်း ဆော့ကာစလူတော်တော်များများ အသိမှားထားတဲ့အချက်ပါ။ ကိုယ်က ကျန်းမာရေးအတွက် ဆော့တာမဟုတ်ဘဲ ကိုယ်အလေးချိန် ကျဖို့၊ တက်ဖို့၊ ကြွက်သားတွေနဲ့ ဖြစ်ဖို့၊ ဗိုက်အဆီတွေ ကျဖို့ အစရှိတဲ့ အလှအပရေးရာ ရည်ရွယ်ချက်ကြောင့် ဆော့တာဆိုရင် Gym နဲ့ စားသောက်နေထိုင်မှုပုံစံကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုးရအောင် Gym ကစားခြင်းက ၃၀ ရာခိုင်နှုန်းပံ့ပိုးပေးပြီး စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်းထိ ပံ့ပိုးပေးပါတယ်။ ညဘက်အိပ်ချိန်ကို အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပေးဖို့လည်း အရေးကြီးပါတယ်။

၃။ ဒီအတိုင်းနေရင် အကောင်း၊ Gym ကစားမှ ပိုဝ၊ ပိုပိန်သွားတတ်တယ်။

ဒါကတော့ အပေါ်မှာပြောထားတဲ့ Gym ကိုပဲ သေချာကစားပေးပြီး အစားမဆင်ခြင်တဲ့သူတွေမှာ အဖြစ်များတတ်တဲ့ ပြဿနာပါ။ ကိုယ်အလေးချိန် ချချင်တဲ့သူတွေက အဓိက စားပေးရမယ့်၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေဆိုတာ ရှိပါတယ်။ ဒါတွေကို ကိုယ့်ကို ထရိန်နင်ပေးနေတဲ့ နည်းပြဆရာနဲ့ တိုင်ပင်လို့ ရပါတယ်။ ပိန်တဲ့သူတွေဆိုရင်လည်း ဘယ်အာဟာရဓာတ်ပါတဲ့ အစာအုပ်စုကို အဓိကစားပေးသင့်လဲ၊ ဘယ်လောက်ပမာဏ စားပေးသင့်လဲစတာတွေကို အရင်ဆုံး မေးထားပြီး လမ်းညွှန်ပေးတဲ့အတိုင်း စားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပိန်ချင်တဲ့သူတွေက အဆီတွေ စွတ်စားတာ၊ ဝချင်တဲ့သူတွေက အစာနည်းနည်းပဲ စားတာဆိုရင်တော့ Gym ဘယ်လောက်ဆော့ဆော့ ပိုက်ဆံနဲ့ အချိန်ကုန်တာပဲ အဖတ်တင်ပြီး ထိရောက်မှာမဟုတ်ပါဘူးနော်။

၄။ ယောက်ျားလေးတွေ Gym ကစားရင် လိင်အင်္ဂါသေးသွားတတ်တယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်က ယောက်ျားလေးတွေသာမက မိန်းကလေးအများစုကပါ ဒီဂျင်းကို ယုံနေကြတာပါ။ Gym ကစားလို့ အလေးပိပြီး လိင်အင်္ဂါသေးတယ်ဆိုတာ လုံးဝဖြစ်နိုင်ခြေ မရှိတဲ့ ယုံတမ်းစကားဂျင်းသက်သက်ပါပဲ။ ကိုယ်ကသာ အသက်ငယ်သေးတဲ့သူဆိုရင် Gym မှန်မှန်ကစားပေးခြင်းဖြင့် ကျားဟော်မုန်းတွေ များများထုတ်လုပ်ပေးနိုင်ပြီး လိင်ပိုင်းဆိုင်ရာမှာတောင် ပိုပြီးသန်စွမ်းစေနိုင်ပါတယ်။ မွေးရာပါ လိင်အင်္ဂါသေးတဲ့သူတွေကတော့ Gym ဆော့ဆော့၊ မဆော့ဆော့ သေးမှာပါပဲ။ Gym ဆော့လို့ ပိုကြီးလာတာ၊ ပိုသေးတာမျိုးတော့ မရှိပါဘူး။

၅။ Gym ဆော့ရင် လိင်မှုကိစ္စတွေ ရပ်ဖို့လိုအပ်တယ်။

ဒါကတော့ အလေးအပင်များများမတဲ့ အမျိုးသားတော်တော်များများ ထင်ထားတတ်ကြတဲ့ အရာလေးတစ်ခုပါ။ တကယ်က Gym မကစားခင်ကို အားအင်ကုန်ခမ်းသွားစေလောက်မယ့် လက်နဲ့ အာသာဖြေတာမျိုး၊ လိင်ဆက်ဆံတာမျိုး မလုပ်သင့်ဘူး၊ အချိန်နည်းနည်း ခြားသင့်တယ်လို့သာ ဆိုလိုတာပါ။ လုံးဝ လိင်မှုကိစ္စကို ရပ်ဖို့ မလိုအပ်ပါဘူး။ လိင်ဆက်ဆံတာ၊ သုက်လွှတ်တာမျိုး လုပ်ရင် ကြွက်သားတွေ ကျသွားတယ်၊ အလေးမမနိုင်တော့ဘူးဆိုတာလည်း မဟုတ်ပါဘူး။

၆။ အကြိမ်ရေ များများဆော့မှ ကြွက်သားတက်တာမြန်မယ်။

ဒီနေရာမှာ အကြိမ်ရေများများဆော့တာထက် အလေးများများဆော့ဖို့၊ လေ့ကျင့်ခန်း လုပ်တဲ့ ပုံစံ၊ အနေအထား မှန်ကန်ဖို့၊ ကိုယ်ဆော့လိုတဲ့ ကြွက်သားကို သေချာအားစိုက်ပြီး ညှစ်ထုတ်ဖို့ အဓိကကျတာပါ။ အကြိမ်ရေ များများဆော့လို့ ကြွက်သားတက်တာ မြန်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် အလေးများများနဲ့ နိုင်သလောက် အကြိမ်ရေအတိုင်း လုပ်တာတော့ အကောင်းဆုံးပါပဲ။

ခုပြောပြပေးခဲ့တာကို သေချာဖတ်ကြည့်ပြီးတော့ ကိုယ်ဘယ်အချက်တွေ မှားယွင်းစွာသိထားလဲဆိုတာ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ တကယ်တော့ Gym ကစားတယ်ဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ အကျိုးများစွာ ရှိစေနိုင်ပါတယ်။ အကယ်လို့ Gym ကစားဖို့ အချိန်၊ ငွေကြေး မတတ်နိုင်ဘူးဆိုရင်တောင် အိမ်မှာ အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ တရားထိုင်တာ စတာတွေ အကုန်လုပ်လို့ ရပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းမယ့် ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ...

ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read