backup og meta

ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း ပြေးလွှားတာက လုံခြုံမှုရှိရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း ပြေးလွှားတာက လုံခြုံမှုရှိရဲ့လား

    အခြားကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဘယ်လိုပြေးနေကြတယ်ဆိုတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပြေးသင့် သလား မပြေးသင့်ဘူးလားဆိုတာ ကို စဉ်းစားကြည့်ဖူးပါသလား? အလွန်လေးလံ တဲ့ ဝမ်းဗိုက်ကို သယ်ဆောင်ပြီးပြေးရတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ တကယ်တမ်းမှာလည်း ကိုယ်ဝန်ဆောင်နေစဉ် ပြေးတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါက လုံခြုံမှုရှိနိုင်ပါ့မလား?

    ပုံမှန်အားဖြင့် မိခင်နဲ့ကလေးရဲ့ ကျန်းမာရေး ကောင်းနေတယ် ဆိုရင်တော့ လုံခြုံမှုရှိပါတယ်။ ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကြောင့် ဘာလေ့ကျင့်ခန်းမှမလုပ်နိုင်တဲ့ အမျိုးသမီး တစ်ချို့လည်း ရှိပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်ဆောင်ရမှာက သင့်ရဲ့သားဖွားကျွမ်းကျင် ပညာရှင်နဲ့ စစ်ဆေးတိုင်ပင်ရပါမယ်။

    ပထမအဆင့်အနေနဲ့ သင့်ရဲ့ သားဖွားကျွမ်းကျင်ပညာရှင်က သင့်ကို ပြေးဖို့ခွင့်ပြုတယ်ဆိုရင် ဒုတိယ အဆင့်ကတော့ သင့် ခန္ဓါကိုယ် အခြေအနေကို သတိထားရပါမယ်။

    ပြေးလွှားခြင်းလုပ်ဆောင်နိုင်ပေမယ့် အဲလို လုပ်နိုင်တာဟာ နေ့တိုင်းပြေးရမယ်၊ အဝေးကြီးပြေးရမယ်၊ အခြားလေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်နိုင်တယ်၊ လုပ်ရမယ်လို့ မဆိုလိုပါဘူး။

    အဓိက အချက်က သင့်ကျန်းမာရေးကို ထိန်းသိမ်းရပါမယ်။ သင့်ခန္ဓါကိုယ်ကို ပင်ပန်းစေနိုင်လောက်တာတွေကို ရှောင်ရပါမယ်။ ပုံမှန်ပေါ့ပေါ့ပါးပါးလေးပဲ ပြေးပြီး သင့်ခန္ဓါကိုယ်ကို အလွန်အကျွံ ဖိအားပေးတာမျိုး မလုပ်သင့်ပါဘူး။

    အရင်တုန်းက သိပ်ပြေးလေ့မရှိပဲ ကိုယ်ဝန်ဆောင်ချိန်မှာ မှပြေးချင်တယ်ဆိုရင်တော့ စစချင်းမှာ ဖြေးဖြေးလေးစတင်ဖို့ လိုအပ်ပါတယ်။ အကြောလျှော့ခြင်း၊ လမ်းလျှောက်ခြင်း၊ ဖွဖွလေးပြေးခြင်း ကို သွေးပူလေ့ကျင့်ခန်းအနေနဲ့ ၁၀ မိနစ်လောက်လုပ်ဆောင်ပါ။

    အဲဒီနောက်မှာ သင့်ကိုယ်သင် နောက်ထပ် ၅မိနစ် ၁၀ မိနစ်လောက် လမ်းလျှောက်ရင်းအနားယူပါ။

    အဲဒီလိုတွေ လုပ်တာအားလုံးအတွက် သက်တောင့် သက်သာရှိနေပြီး အရှိန်မြှင့်လိုက်ခြင်းက သင့်ကို ဘာ အန္တရာယ်မှ မပေးနိုင်ဘူးလို့ ထင်ရင်တော့ စတင်ပြေးနိုင်ပါတယ်။

    ဒါပေမယ့် နှေးနှေးစပြေးရပါမယ်။ တစ်ဖြည်းဖြည်းနဲ့ တစ်ပတ်ချင်း တစ်ပတ်ချင်း ဖြေးဖြေးချင်း အရှိန်မြှင့်နိုင်ပြီး၊ အကွာအဝေးလည်း ဖြေးဖြေးချင်းတိုးနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ တစ်ခါပြေးရင် မိနစ်၂၀၊ ၃၀လောက်တော့ ပြေးသင့်ပါတယ်။

    စိတ်ထဲမှာ ဂရုတစိုက်ရှိသင့်တာကတော့ ရေဓါတ်ခမ်းခြောက်ခြင်းပါပဲ။ ကိုယ်ဝန်ဆောင်တယ်ဆိုတာနဲ့ ကိုယ်ဝန်ဆောင်ခြင်း လက္ခဏာတွေရှိတဲ့အတွက် အားအင်တွေ အတော်များများ ကုန်ခမ်းနေပြီး၊ ပြေးတဲ့အခါမှာလည်း ခန္ဓါကိုယ်အတွင်းရှိ အရည်တွေဟာ ချွေးအနေနဲ့ ဆုံးရှုံးသွားနိုင်ပါတယ်။

    ဒါ့ကြောင့် ခန္ဓါကိုယ်အတွင်းမှာရှိတဲ့ ရေဓါတ်ပမာဏကို ထိန်းထားနိုင်ဖို့ ကလည်း အလွန်အရေးကြီးပါတယ်။ ရေဓါတ်အရမ်းများသွားရင်လည်း ဖောရောင်တာ တွေ ဖြစ်နိုင်ပြီး အရမ်းနည်းသွားတဲ့ အခါ ရေဓါတ်ခမ်းခြောက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    နှစ်မျိုးစလုံးဟာ မကောင်းပါဘူး။ ရေကို အလွယ်တကူရနိုင်အောင် ဆောင်ထားပြီးအားအင်ပြန်ဖြည့်ဖို့ ခဏခဏ အနားယူပေးပါ။

    ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဟာ ယေဘုယျအားဖြင့်တော့ ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက သားအိမ်ကို အထောက်အပံ့ပေးနေတဲ့ ကြွက်သားတွေကို တောင့်တင်းခိုင်မာစေနိုင်တဲ့အပြင် ၊ ခါးနာတာ၊ ခြေကျင်းဝတ်ဖောယောင်တာ၊ မောပန်းလွယ်တာ တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးမွေးတဲ့အခါမှာလည်း တုံ့ပြန်မှုကောင်းပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ စိတ်ခံစားမှု အခြေအနေလည်းပိုကောင်းကြပါတယ်။

    မိခင်ရဲ့ စိတ်ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့ အတွက် စိတ်ကျန်းမာရေးလည်းပိုကောင်းပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။ မိခင်စိတ်ပျော်ရွှင်မှုရှိတဲ့ အတွက် ကလေးအတွက်လည်း ကောင်းမွန်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Khine Phoo Ngon မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement