သွေးလည်ပတ်မှုကောင်းအောင်လုပ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ယုံရခက်ပေမဲ့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေအားလုံးကိုဆက်သွယ်လိုက်ရင် စုစုပေါင်းအရှည်မိုင် ၆ သောင်းကျော်တောင်ရှိတယ်ဗျ။ ဒီလောက်ရှုပ်ထွေးတဲ့ သွေးကြောစနစ်ကြီးကို အဓိကထောက်ပံ့ပေးထားတာကတော့ လက်သီးဆုပ်အရွယ်ရှိတဲ့နှလုံးနဲ့ ကြွက်သားတချို့ပါ။  သွေးကြောတွေက ခန္ဒာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကိုသယ်ပြီး တစ်ကိုယ်လုံးနေရာအနှံ့ကို ပို့ပေးတယ်ပေါ့ဗျာ။ ပြီးရင်သက်ဆိုင်ရာ အစိတ်အပိုင်းအသီးသီးက ရတဲ့အောက်ဆီဂျင်ကိုသုံးစွဲတယ်ပေါ့။ အဲ….ဒါပေမဲ့ သွေးလည်ပတ်မှုမကောင်းရင်တော့ အန္တရာယ်ရှိတယ်နော်။ သွေးကြောကျဉ်းလို့ဖြစ်ဖြစ်၊ ပိတ်လို့ဖြစ်ဖြစ် ပို့ရမယ့်နေရာကိုသွေးမရောက်လို့ကတော့ ဒီပြဿနာတွေဖြစ်လာနိုင်တယ်ဗျ

– ခြေ၊လက်တွေမှာသွေးကောင်းကောင်းမလျှောက်တော့ရင် ခြေလက်တွေအေးစက်လာမယ်၊ ထုံလာမယ်

– အကယ်၍ အသားဖြူတဲ့သူဆို ခြေထောက်မှာသွေးသိပ်မရောက်တော့ရင် ခြေထောက်ကပြာတာတာအရောင်ဖြစ်လာပါမယ်

– အရေပြားတွေခြောက်သွေ့လာပါမယ်

-ဆံပင်တွေကျွတ်မယ်၊ နောက်ပြီး ခြေသည်း၊လက်သည်းတွေ ကြွပ်ဆတ်ပြီး ကြေမွလွယ်လာပါလိမ့်မယ်

– အမျိုးသားတွေဆို လိင်အင်္ဂါမထောင်မတ်နိုင်တော့တဲ့ပြဿနာမျိုးကြုံရမယ်

– အကယ်၍ ဆီးချိုရောဂါရှိသူဆို အနာကျက်တာအရမ်းနှေးသွားပါမယ်

ကဲ…အခုသွေးလည်ပတ်မှုမကောင်းရင်ဖြစ်လာမယ့် ပြဿနာတွေသိပြီဆိုတော့ ဒီပြဿနာမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာဆက်ပြောပြမယ်ဗျာ။

၁. ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ထဲပါတဲ့နီကိုတင်းဓာတ်က ခင်ဗျားရဲ့သွေးကြောနံရံတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်နော်။ ဆေးလိပ်သောက်တာကြာလေ သွေးကြောနံရံတွေထူလာလေဖြစ်ပြီး ကြာရင်လုံးဝသွေးမလျှောက်တော့တဲ့အထိကို ဝေဒနာက ဆိုးဝါးလွန်းပါတယ်ဗျာ။

၂. သွေးပေါင်ချိန်ကိုဂရုစိုက်ပါ

သွေးပေါင်ချိန်မြင့်လွန်းရင် သွေးလွှတ်ကြောတွေပိုမာကြောလာပြီး သွေးစီးဆင်းမှုကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သွေးပေါင်ချိန်မှန်မှန်တိုင်းပေးပါ။ ပုံမှန်သွေးပေါင်ချိန်က ၁၂၀/၈၀ ဆိုတာမှန်ပေမဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီး နည်းနည်းအပြောင်းအလဲရှိနိုင်ပါတယ်။ ကိုယ့်သွေးပေါင်ချိန်ဘယ်လောက်ရှိသင့်သလဲဆိုတာသေချာသိအောင် ဆရာဝန်နဲ့ပြသတိုင်ပင်ကြည့်ပါ။

၃. ရေသောက်ပါ

သွေးဆိုတာ ရေတစ်ဝက်လောက်နဲ့ဖွဲ့စည်းထားတာပါ။ အဲ့ဒါကြောင့်လည်း ရေအသက် တစ်မနက်ဆိုတဲ့ စကားဖြစ်လာတာထင်ပါရဲ့ဗျာ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ရေဓာတ်ရဖို့ တစ်ရက်ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးပါ။ ဒါပေမဲ့ရာသီဥတုပူတဲ့အချိန်၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့အချိန်ဆိုရင် ချွေးထွက်များတာမို့ ရေပိုသောက်ပေးရမယ်နော်။

၄. ကိုယ်လက်လှုပ်ရှားမို့မမေ့ပါနဲ့

အလုပ်နဲ့အိမ်နီးနီးလေးဆိုရင် ကားမသုံးဘဲ လမ်းလျှောက်သွားလိုက်ပါ။ အလုပ်မှာလည်း (အဆင်ပြေရင်) စာဖတ်တာ၊ ကွန်ပြူတာသုံးတာကို မတ်တပ်ရပ်ရင်းလုပ်ကြည့်ပါ။အထိုင်များရင်၊ မလှုပ်မရှား နေတာများရင် ခြေထောက်ကသွေးညှစ်ကြွက်သားတွေကိုအားနည်းစေပြီး သွေးလည်ပတ်မှုနှေးကွေးလာစေပါတယ်။ ဒါကနေတစ်ဆင့် သွေးခဲဖြစ်ပေါ်လာရင်တော့ ပိုအန္တရာယ်များလာပါပြီ။

၅. အားကစားလုပ်ပါ

သွေးလည်ပတ်မှုကောင်းစေမယ့် အေရိုးဗစ်လေ့ကျင့်ခန်းဖြစ်ဖြစ်၊ ယောဂလေ့ကျင့်တာဖြစ်ဖြစ် မှန်မှန်လေးလုပ်ကြည့်ပါ။ ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းမှာ ဆဲလ်တွေထဲအောက်ဆီဂျင်ရောက်ရှိပြီး ကိုယ်တွင်းအစိတ်အပိုင်းတွေဆီ သွေးပိုရောက်ရှိတာကြောင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမဖြစ်မနေလုပ်သင့်ပါတယ်။

၆. အသားတွေလျှော့ပြီး ဟင်းသီးဟင်းရွက်များများစားပေးပါ

သင့်တင့်မျှတစွာစားသောက်ခြင်းက ကျန်းမာရေးအတွက်ကောင်းကျိုးအများကြီးရှိပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေများများသာစားပေးပါ။ အမဲသား၊ဝက်သားလို အနီရောင်အသားတွေ၊ ကြက်သား၊ ချိစ် စတာတွေလို ပြည့်ဝဆီပါတဲ့အစားအစာတွေကိုဝေးဝေးရှောင်ပါ။ နောက်ပြီးအငံလည်း လျှော့စားပါ။ အစားအသောက်မျှတအောင်စားပေးရင် ကိုယ်အလေးချိန်ကရှိသင့်တဲ့ပမာဏအတွင်းပဲရှိမှာဖြစ်တာကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေရန်ကပါ ကာကွယ်ပြီးသားဖြစ်သွားတာပေါ့ဗျာ။

ရေးသားသူ – Dr. Htoo Tint Ko Ko

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

    ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မကောင်းသလို ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာကလည်း မကောင်းပါဘူး။  သင့်တင့်နေဖို့ လိုပါမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

    လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ

    အသံတွေကြားဖို့၊ အနံ့တွေရဖို့ နားနဲ့ နှာခေါင်းမှာရှိတဲ့ အစိတ်အပိုင်းတွေသာမကဘဲ ဦးနှောက်ထဲက အာရုံကြောတွေပါ စုပေါင်းပြီး တာဝန်ယူပေးရပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    အသားအရေကို ဂရုစိုက်ပါ။

    အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

    အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
    ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

    ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
    ကိုဗစ်ကပ်ဘေးနဲ့ ကင်းဝေးနေဆဲ တိုင်းပြည်များအကြောင်း

    ကိုဗစ်ကပ်ဘေးနဲ့ ကင်းဝေးနေဆဲ တိုင်းပြည်များအကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
    COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

    COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read