လမ်းလျှောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မင်္ဂလာပါ

Hello ဆရာဝန်စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ဖော်ပြပေးမှာပါ ။ ဒီစာရေးနိုင်ဖို့အတွက် စာရေးသူလည်း တစ်နေ့ ခြေလှမ်း ၉ထောင် ကျော် goal လုပ်ပြီး လျှောက်ခဲ့ရတာ ဖြစ်တဲ့အတွက် အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြသွားမှာပါ ။

အားလုံးသိတဲ့အတိုင်းပဲ လမ်းလျှောက်တယ်ဆိုတာ အခမဲ့နဲ့ အကျိုးအရှိဆုံး အားကစားတစ်ခုဖြစ်ပါတယ် ။ အသက်အရွယ်မရွေး လူတိုင်းပြုလုပ်နိုင်တဲ့ အားကစားပါ ။ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့

ကယ်လိုရီ အဆီများ လောင်ကျွမ်းစေခြင်း

ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေ ကုန်ဆုံးစေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းနေချင်နေတဲ့လူတွေအတွက် သင့်တော်ပါတယ် ။ စာရေးသူကိုယ်တိုင်လည်း ဗိုက်အဆီကျသွားတာကို လက်တွေ့ခံစားရတဲ့အတွက် ပျော်မိပါတယ် ။ ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတာ လမ်းလျှောက်တဲ့ အရှိန် ၊ အကွာအဝေး ၊ နဂိုကိုယ်အလေးချိန်တွေ ပေါ်မူတည်ပြီး ကွာခြားပါတယ်။

နှလုံးကို ကြံ့ခိုင်စေပါတယ်

စစ်တမ်းတွေအရ တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ် ၅ရက်ခန့် လမ်းလျှောက်ခြင်းက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေကို ၁၉ ရာခိုင်နှုန်းအထိ ချပေးပါတယ် ။ လမ်းများများလျှောက်နိုင်လေလေ နှလုံးကျန်းမာရေး ပိုကောင်းလေပါ ။

ဆီးချို ကျစေပါတယ်

ဆီးချိုသမားတွေအတွက် သတင်းကောင်းတစ်ခုပါ ။ အစာစားပြီးချိန်မှာ လမ်းလျှောက်ခြင်းက သွေးတွင်းအချိုဓါတ်ကို ကျစေပါတယ် ။ ဆီးချို‌ဝေဒနာရှင်တွေအတွက် တစ်နေ့ ၄၅မိနစ် တစ်ခါတည်း လမ်းလျှောက်တာထက် မနက်စာ ၊ နေ့လည်စာနဲ့ ညစာ စားပြီး ၁၅မိနစ်ဆီ လမ်းလျှောက်တာက ပိုပြီး သင့်တော်ပါလိမ့်မယ်။

အဆစ်အမြစ်ကိုက်ခဲတာ သက်သာခြင်း

လမ်းလျှောက်တဲ့အခါမှာ ကြွက်သားတွေ သန်မာလာတဲ့အတွက် ဆက်စပ်နေတဲ့ အရိုးတွေပါ အားကောင်းလာပါတယ် ။ ဒါ့အပြင် ချောဆီသဘောမျိုး ဆောင်တဲ့အတွက် အဆစ်အမြစ်တွေကိုက်ခဲနေတဲ့ ဝေဒနာရှင်တွေအတွက် လမ်းလျှောက်ခြင်းက ကုထုံးတမျိုးဖြစ်မှာပါ ။

ခုခံအားတက်စေပါတယ်

ဝူဟန်ဗိုင်းရပ်စ်လိုမျိုး ရောဂါပိုးတွေ ပျံ့နှံ့နေချိန်မှာ ကိုယ်က ခုခံအားကောင်းထားဖို့ လိုအပ်ပါတယ် ။ ‌သုတေသနပြုလုပ်ချက်တွေအရ လမ်းပုံမှန်လျှောက်နေကျ လူတွေဟာ တခြားသူတွေထက် ဖျားနာခြင်းနည်းသလို တကယ်လို့ဖျား‌နာခဲ့ရင်လည်း ရောဂါလက္ခဏာ မြန်မြန်သက်သာစေပါတယ် ။

နောက်ထပ်တစ်ခုကတော့ သင့်စိတ်ပျော်ရွှင်စေတာပါ။ စာရေးသူကိုယ်တိုင်လည်း လမ်းမလျှောက်ခင်က ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် စိတ်မပျော်မရွှင်ဖြစ်ခဲ့တာပါ ။ လမ်းလျှောက်တဲ့အခါမှာတော့ ခုနက စိတ်ညစ်နေတဲ့ ကိစ္စတွေကို မေ့ထားနိုင်တဲ့အတွက် စိတ်‌ပေါ့ပါးသွားသလို စိတ်ဓါတ်ကျခြင်းကိုလည်း သက်သာစေနိုင်ပါတယ် ။

ဒါ့ကြောင့်လည်း လမ်းလျှောက်လို့ ချွေးလေးစို့အပြီးမှာ စိတ်ကြည်လာတဲ့အတွက် ကိုယ်ဘက်က ဘာတွေလိုအပ်နေလဲ ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တွေ့မြင်လာနိုင်တဲ့ ကျိုးကြောင်းဆီလျော်စဉ်းစားနိုင်စွမ်းကိုပါ ရမှာ အသေအချာပါပဲ ။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးတစ်ချက်ကတော့ အသက်ကိုပိုရှည်စေတာပါပဲ ။ ကျန်းမာရေးကောင်းကျိုးတွေ များလှတဲ့အတွက် သင့်ကျန်းမာရေး အထူးသဖြင့် နှလုံး‌သွေးကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။ ကျွန်တော်ကိုယ်တိုင်လည်း အရင်ကထက် အမောပိုခံလာ ၊ သက်လုံပိုကောင်းပြီး ကျန်းမာလာတာ ဖြစ်တဲ့အတွက် စာဖတ်ပရိသတ်များကို ဝေမျှ လိုက်ရပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ

ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့တိုက်မိခင် ရင်သွေး အကျိုးကျေးဇူး မိခင်နို့ရည် ရာသီစက်ဝန်း nipple shield ကိုယ်အလေးချိန် နို့ဘူး ရင်သား နို့ရည် နို့ထွက်အောင် ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အရက်ဖြတ်လိုက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလာရနိုင်သလဲ

မတော်တဆမှုတွေ နှလုံး အသည်း ကိုယ်အလေးချိန် အချစ်ရေး လိင်မှုကိစ္စတွေ ကင်ဆာ မကြာခဏဖျားနာတာ သွေးပေါင်ချိန် ဦးနှောက်စွမ်းရည် အရက်အလွန်အကျွံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အာလူး နဲ့ ကျန်းမာရေး

ကျန်းမာရေး ကယ်လ်လိုရီ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အမျှင်ဓာတ် အာလူး အရိုး အရိုးပွ ကော်လာဂျင် ကျန်းမာရေး ပြဿနာ သွေးပေါင် သွေးစီးဆင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကျန်းမာရေး အမျိုးသား အစားအသောက် ပျော်ရွှင်စွာ ကျန်းမာတဲ့စားသောက်မှုပုံစံ သစ်သီး ဟင်းသီးဟင်းရွက် အမျှင်ဓာတ် ဆန်လုံးညို ထမင်း အူမကြီးကင်ဆာ အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
ကလေးများ နို့အန် တဲ့အခါ

ကလေးများ နို့အန် တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020