backup og meta

အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား

    အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝိတ်ကျနှုန်းပိုမြန်တယ်လို့ မကြာခဏ ကြားရမြင်ရဖူးတယ်။ ဒီလို ပြောဆိုနေကြတာတွေဟာ တကယ်ရောမှန်ကန်မှုရှိရဲ့လား။ တကယ်ပဲ အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား ……..

    အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား

    အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လူအတော်များများဟာ အမျိုးသားတွေဟာ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အမျိုးသမီးတွေထက်ပိုပြီး အားသာချက်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးဆိုတာဟာ ရယ်စရာမောစရာ ဟာသပုံပြင်သက်သက်လို့တောင်ဆိုလို့ရပါတယ်။ ယောက်ျားနဲ့ မိန်းမသဘာဝမတူညီတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ တူညီတဲ့နှုန်းမရှိတာမှန်ပေမယ့် ရည်မှန်းချက်အောင်မြင်မှုပိုင်းမှာတော့ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်မှာဖြစ်ပါတယ်။

    ကဲ ဘာကြောင့် အထက်ကလို ယောက်ျားတွေဟာ ဝိတ်ကျတာပိုမြန်တယ်ဆိုတဲ့ အယူအဆမျိုးကို လူတွေ ယုံကြည်နေကြတာလဲ။ လေ့လာကြည့်ရအောင်။

    အမျိုးသားတွေရဲ့ ကြွက်သား တစ်ရှူးအရွယ်အစားဟာ ပိုမိုကျစ်လျစ်လေ့ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းရာမှာ ပိုမိုလျင်မြန်ပါတယ်။ ဒါကြောင့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တူညီတဲ့ ကယ်လိုရီပမာဏကို ပြိုင်တူ လောင်ကျွမ်းမယ်ဆိုရင် အမျိုးသားတွေဟာ ပိုမိုလျင်မြန်စွာ ချေဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝိတ်ပိုကျနိုင်တယ်ဆိုတဲ့ ယူဆချက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

    ဒါပေမယ့် ဒီတစ်ချက်နဲ့တော့ ဝိတ်ချရာမှာ အမျိုးသားတွေက ပိုမိုလျင်မြန်စွာ ကိုယ်အလေးချိန်လျှော့ချနိုင်လိမ့်မယ်လို့ တစ်ထစ်ချ ဆိုလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထက်ပါယူဆချက် စတင်ပေါ်ထွက်လာတာက ဆေးသိပ္ပံနည်းပညာတွေ မဖွံ့ဖြိုးသေးခင်ကာလတွေတုန်းကဖြစ်ပါတယ်။

    ဒီဘက်ခေတ်မှာတော့ ပိုမိုဆန်းသစ်တဲ့ လေ့လာမှုတွေ လုပ်လာနိုင်နေကြပြီဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် အမျိုးသားတွေက အဆီတွေကို ပိုလျင်လျင်မြန်မြန် လောင်ကျွမ်းအောင် လုပ်နိုင်ကြပေမယ့် ရေရှည်ဝိတ်ချကြတဲ့အချိန်မှာတော့ ကွာဟချက်မရှိဘူးဆိုတာကို လေ့လာချက်တွေက သက်သေပြနိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန် လျှော့ချရေးပညာရှင်တွေကတော့ ဘယ်သူက အဆီတွေကို ပိုမြန်မြန်ချနိုင်လဲဆိုတာက အရေးမကြီးဘဲ ဘယ်လောက်ပမာဏကို ဘေးကင်းကင်းနဲ့ ချနိုင်လဲဆိုတာက ပိုအရေးကြီးတယ်လို့ ဆိုထားကြပါတယ်။

    Slim-Fast and Weight Watchers ရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အချိန်တူ လေ့ကျင့်ခန်းတူ ဝိတ်ချဖို့ စီစဉ်ပေးရာမှာ ပထမ ၂ လအတွင်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကိုယ်တွင်းအဆီပမာဏ ၃ ဆ အထိ ပိုမိုလျော့ကျအောင် လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၆ လ ကြာချိန်မှာတော့ ကျဆင်းသွားတဲ့ ကိုယ်အလေးချိန်ဟာ အတူတူပဲဖြစ်ပါတယ်။

    အရေးအကြီးဆုံးသိထားသင့်တဲ့ အချက်က အဆီဆိုတိုင်း လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာမဟုတ်ပါဘူး။ တချို့အဆီတွေဟာ လူတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် အဆီတွေကို လျှော့ချနိုင်တိုင်း ကိုယ်အလေးချိန်လျော့ကျတယ်လို့ မဆိုနိုင်ပါဘူး။ အမျိုးသမီးတွေဟာ သဘာဝအားဖြင့် အမျိုးသားတွေထက် အဆီပို ၁၁% ပိုများပါတယ်။ ဘယ်လောက် ခန္ဓာကိုယ်ကျစ်လျစ်တဲ့ အမျိုးသမီးဖြစ်နေပါစေ အမျိုးသားတွေထက် အဆီပို ၁၁% ပိုများနေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အမျိုးသားတွေထက် ၁၁% ပိုဝတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ သူတို့ဟာ ဒီအဆီတွေရှိနေပေမယ့်လည်း ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နေကြမှာဖြစ်သလို ကျန်းမာနေမှာလည်း ဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကယ်လိုရီပိုလိုအပ်ပါတယ်။ ဒါကြောင့် အဆီပိုတွေကို လျှော့ချနိုင်စွမ်းပိုများသလို တစ်ဖက်မှာလည်း ကယ်လိုရီပိုများများ လိုအပ်တာမို့ ဝိတ်အတက်အကျမြန်တဲ့ ပြဿနာရင်ဆိုင်ရလေ့ရှိပါတယ်။ နောက်ပြီး ယောကျ်ားတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်နာရီဝန်းကျင်လောက် လေ့ကျင့်ခန်းလုပ်ရုံသက်သက်နဲ့ အဝလွန်ခြင်းကို မလျှော့ချနိုင်ကြောင်းလည်း လေ့လာမှုတွေကြောင့် သိရှိလာရပြီဖြစ်ပါတယ်။

    ဒါကြောင့် ခုခေတ်မှာ ယောက်ျားတွေဟာ မိန်းမတွေထက် ဝိတ်မြန်မြန်ပိုချနိုင်တယ်ဆိုပြီး ယုံကြည်နေဖို့ မလိုအပ်ပါဘူး။ ယောကျ်ားတွေဟာ မိန်းမတွေထက် အဆီတွေကို ပိုမိုလောင်ကျွမ်းနိုင်တာသာဖြစ်ပြီး ပိုမိုလျှင်မြန်စွာ ကိုယ်အလေးချိန်ကို လျှော့ချနိုင်တာမျိုးတော့မဟုတ်ပါဘူး။

    တကယ်တော့ ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာဟာ လူတစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့သာ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမျိုးဖြစ်ပြီးတော့ မှန်ကန်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်အားထုတ်မယ်ဆိုရင် ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်အလေးချိန်ကို မှန်ကန်စွာ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဘယ်သူပိုမြန်လဲဆိုတာကို တွေးနေဖို့မလိုအပ်ပါဘူးနော်။ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန် ခန္ဓာကိုယ်အချိုးအစားမျိုးရဖို့သာ အဓိကဖြစ်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement