backup og meta

သံလွင်သီး စားဖြစ်လား


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံလွင်သီး စားဖြစ်လား
    သံလွင်သီး ကို ဒီမှာတော့ ဟင်းလျာထဲ ထည့်ချက်တာ သိပ်မရှိကြပါဘူး။ သံလွင်ဆီကိုတော့ အစားများကြပါတယ်။ ဒါပေမယ့် ပီဇာ စားတဲ့အခါမျိုးမှာတော့ သံလွင်သီးက ပါတတ်စမြဲပါ။ ဒီ သံလွင်သီးလေးက ဘာတွေများ ကောင်းကျိုးများလဲ ဆိုတာကို ​ကြည့်လိုက်ရအောင်လား။
    သံလွင်သီးက မြေထဲပင်လယ်ဒေသရဲ့ အစားအစာတစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုးအပြင် ကျန်းမာရေး အာနိသင်ပါကြွယ်ဝပါတယ်။ သံလွင်သီး စားသုံးပေးတာက နှလုံးကျန်းမာစေသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာအပြင် ဘယ်လိုများ ကျန်းမာရေး အကျိုးထူးတွေ ပေးစွမ်းသလဲဆိုတာကို ကြည့်လိုက်ရအောင်လား……….
    သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရော များတာ နဲ့ သွေးပေါင်ချိန်မြင့်တာက နှလုံးရောဂါဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ သံလွင်သီးမှာပါတဲ့ Oleic acid က သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) ပမာဏကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရကတော့ သံလွင်သီး က သွေးမတိုးစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

    အသက်အရွယ်ရလာတဲ့အခါ အရိုးပွလာတာက အရိုးသိပ်သည်းဆ နည်းလာတာကြောင့်ပါ။ ဒီလို သိပ်သည်းဆနည်းလာတာက အရိုးတွေကို ကျိုးလွယ်စေနိုင်ပါတယ်။ ဒီပြဿနာကင်းစေဖို့ဆိုရင် သံလွင်သီး ကို ပုံမှန် စားပေးသင့်ပါတယ်။

    လေ့လာမှုတွေအရ သံလွင်သီးမှာပါတဲ့ အပင်ဒြပ်ပေါင်းက အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးတယ်လို့ တွေ့ရပါတယ်။

    သံလွင်သီး စားသုံးတဲ့သူတွေ သံလွင်ဆီ စားသုံးသူတွေဟာ ကင်ဆာနဲ့ အခြား နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ နည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ ဖြစ်နိုင်တာက သံလွင်သီးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။

    သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ oleic acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ် ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနေပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်
  • သံလွင်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် E၊ ဆိုဒီယမ်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ် နဲ့phosphorus တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

  • သွေးအားနည်းရောဂါ ကာကွယ်ပေးတယ်
  • သံလွင်သီးမှာ သံဓာတ် ပြည့်ဝစွာပါဝင်နေတာကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    သံလွင်သီးကလည်း အမျှင်ဓာတ် ပြည့်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

    ဒါတွေအပြင် သံလွင်သီးက

    • သွေးကြောပိတ်ဆို့မှု ကင်းစေတယ်
    • အသားအရေကို လှပစေတယ်
    • ဆံသား ကျန်းမာစေတယ်
    • မှတ်ဉာဏ်ပြဿနာ ကင်းစေတယ်
    • ဆဲလ်တွေ ထိခိုက်ပျက်စီးမှုက ကာကွယ်ပေးတယ်
    • ဝိတ်ကျစေနိုင်တယ်
    • သွေးတိုး ကျစေတယ်
    • မျိုးအောင်စေနိုင်တယ်
    • အာဟာရ ပြည့်ဝစေတယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါသေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement