သဘာဝနို့မှာပါဝင်တဲ့ လက်တို့စ်ကို ဖယ်ထုတ်ပြီး ထုတ်လုပ်ထားတဲ့ နို့အမျိုးအစားပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူများအနေနဲ့ ပုံမှန်နွားနို့ထဲကို လက်တေ့စ်အင်ဇိုင်းပေါင်းထည့်ပြီး လက်တို့စ်မပါတဲ့နွားနို့ကို ထုတ်လုပ်ပါတယ်။ လက်တေ့စ်အင်ဇိုင်းကနေ လက်တို့စ်သကြားဓာတ်ကို ချေဖျက်လိုက်ခြင်းအားဖြင့် ကိုယ်ခန္ဓာထဲမှာ လက်တို့စ်မချေဖျက်နိုင်တဲ့ ဝေဒနာတွေ ဖြစ်မလာစေတော့ပါဘူး။
ဒီနည်းနဲ့ထုတ်လုပ်လိုက်တဲ့ လက်တို့စ်မပါတဲ့ နွားနို့ဟာ ပုံမှန်နွားနို့အတိုင်း အနံ့အရသာ၊ အာဟာရဓာတ် တူညီပါတယ်။ ပုံမှန်နွားနို့တွေလိုပဲ သောက်သုံးနိုင်ပါတယ်။
လက်တို့စ်မပါတဲ့နွားနို့မှာ လက်တို့စ်ကိုချေဖျက်နိုင်ဖို့ လက်တေ့စ်ကို ထည့်သွင်းထားပေမယ့် တခြားအာဟာရဓာတ်တွေဟာ ပုံမှန်အတိုင်း ကြွယ်ဝပါတယ်။ ပရိုတိန်းဓာတ်လည်း များစွာကြွယ်ဝပြီး နွားနို့တစ်ခွက် (၂၄၀ မီလီလီတာ)မှာ ပရိုတိန်း ၈ ဂရမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ ဗီတာမင် B12၊ ဗီတာမင် B2 စတဲ့ တခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ နွားနို့အများစုမှာပါဝင်တဲ့ ဗီတာမင် D လည်း ကြွယ်ဝပြီး သွားနဲ့အရိုးများ သန်စွမ်းကြံ့ခိုင်စေဖို့၊ ကလေးများ ပုံမှန်ဖွံ့ဖြိုးကြီးထွားဖို့ အထောက်အကူ ပြုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။