backup og meta

စတော်ဘယ်ရီဖျော်ရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စတော်ဘယ်ရီဖျော်ရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

    စတော်ဘယ်ရီဖျော်ရည်က သောက်ရတာအရသာရှိသလို လန်းဆန်းစေနိုင်ပါတယ်။ အကြောင်းကတော့ စတော်ဘယ်ရီသီးမှာ အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအရသာရှိတဲ့ စတော်ဘယ်ရီဖျော်ရည်က ကျန်းမာရေးအတွက် အခုလို အထောက်အပံ့ပေးပါတယ်။

    စတော်ဘယ်ရီဖျော်ရည် ဆိုတာ

    စတော်ဘယ်ရီဖျော်ရည် ဆိုတာက စတော်ဘယ်ရီသီးလေးတွေကို ဖျော်ထားတဲ့ ဖျော်ရည်ကို ပြောတာပါ။ အသွင်အပြင်လေး လှသလို နီနီရဲရဲလေးနဲ့ ချိုတဲ့ စတော်ဘယ်ရီသီးလေးတွေကို ကြိတ်ခြေပြီး သကြားနဲ့ သောက်တာမျိုး ရှိသလို နို့စိမ်း၊ နို့ဆီ၊ နွားနို့တို့နဲ့ ရောပြီး ဖျော်ထားတဲ့ ဖျော်ရည်ကို ဆိုလိုတာပါ။

    စတော်ဘယ်ရီဖျော်ရည်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

    စတော်ဘယ်ရီဖျော်ရည်တစ်ခွက်မှာ

    • ဗီတာမင် C
    • ပိုတက်ဆီယမ်၊
    • ဖောလစ်အက်ဆစ်၊
    • မဂ္ဂနိ့စ်၊
    • ကော့ပါး၊
    • ဇင့်၊
    • ဗီတာမင် E
    • ကယ်လ်ဆီယမ်၊
    • ဗီတာမင် ဘီ နဲ့
    • သဘာဝအချိုဓာတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

    စတော်ဘယ်ရီဖျော်ရည် ကပေးတဲ့ ကျန်းမာရေး

    အရသာရှိတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို သောက်သုံးပေးတာကြောင့်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် C နဲ့ ဗီတာမင် Eပါဝင်မှုကြောင့် အရေးအကြောင်းတွေ၊ ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။ အသက်အရွယ်ကြီးတာကြောင့်ဖြစ်လာတဲ့ တင်းတိတ်နဲ့ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။

    မဂ္ဂနိ့၊ ကော့ပါး၊ သံဓာတ်၊ ဖောစဖရိတ်၊ ပိုတက်ဆီယမ် နဲ့ ဇင့်တို့ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ အရိုးမပါးအောင် အရိုးမပွအောင်ကာကွယ်ပေးနိုင်ပါတယ်။

    ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးတိုး ကျစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်၊ သွေးကြောတွေကို ပြေလျော့စေနိုင်တာကြောင့် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာနဲ့ နှလုံး သွေးကြောပိတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    စတော်ဘယ်ရီ မှာပါတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုသမားတွေ အတွက် သင့်တော်ပါတယ်။

    သံဓာတ် နဲ့ အခြား သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးလည်ပတ်မှု စနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

    • ကင်ဆာကာကွယ်ပေးတယ်

    ဗီတာမင် C၊ ellagic acid၊ phytonutrients နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် ကင်ဆာကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

    ဗီတာမင် C၊ ellagic acid နဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် အနာကျက်ဖြစ်စဉ် မြန်ဆန်အောင် လှုံ့ဆော်ပေးပါတယ်။ အဖျားကိုလည်း မြန်မြန် သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ၊ ခွဲစိတ်ထားတဲ့သူတွေ စားသုံးပေးသင့်ပါတယ်။

    စတော်ဘယ်ရီဖျော်ရည်ကို အရသာရှိရှိ​လေးသောက်ရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

    စတော်ဘယ်ရီဖျော်ရည် ကပေးတဲ့ ကျန်းမာရေး

    အရသာရှိတဲ့ စတော်ဘယ်ရီသီးဖျော်ရည်လေးကို သောက်သုံးပေးတာကြောင့်
    • အသားအရေကျန်းမာစေနိုင်တယ်
    • အရိုးတွေကြံ့ခိုင်စေနိုင်တယ်
    • သွေးတိုးကျစေနိုင်တယ်
    • ဆီးချိုထိန်းညှိပေးတယ်
    • သွေးလည်ပတ်မှုကောင်းစေတယ်
    • ကင်ဆာကာကွယ်ပေးတယ်
    • အနာကျက်မြန်စေနိုင်တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement