backup og meta

အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

    စားမယ် သောက်မယ် အစားတလိုင်းတို့တွေ စုမိကြပြီ ဆိုရင် ဒီပြဿနာတော့ အမြဲ ကြုံရမှာပဲ။ ဒါ့ကြောင့် တချို့ဆို အစာကြေဆေးတောင် အိတ်ထဲ ဆောင်ထားကြတယ်။ အစားများပြီး ဗိုက်ကားနေမယ်၊ အရသာ ပြင်းတာတွေ စားမိလို့ သွေးတိုးမယ်၊ အဆီများတာတွေ စားမိလို့ အဆီတက်မယ်၊ အီလည်လည်နဲ့ရယ်။ ဒါ့ကြောင့် အစား များသွားတဲ့အခါ ဘာလေးတွေနဲ့ ဖြေလို့ရလဲ ဆိုတာ အစားတလိုင်းလေးတွေကို အကြံပေးလိုက်မယ်နော်။ ကဲ …… အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ အကြောင်းကို ကြည့်လိုက်ရအောင်နော်။

    အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

    အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ ကတော့

    • ဒိန်ချဉ်

    ဒိန်ချဉ်ရဲ့ အကျိုးပြုဘက်တီးရီးယား အစွမ်းကြောင့် အစားအစာကြောင့် ဒါမှမဟုတ် အစားများလို့ ဖြစ်လာတဲ့ ဗိုက်ပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ lactobacillus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့် အူတွင်းဘက်တီးရီးယားတွေကို ထိန်းညှိပေးနိုင်ပြီး ဝမ်းပြဿနာနဲ့ လေပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

    • ငှက်ပျောသီး

    အစားအသောက်တွေ စားပြီးတဲ့အခါ အာခေါင်ခြောက်၊ ရေငတ်ပြီး သွေးတိုးနေတာတွေ ကြုံဖူးတယ် မလား။ ဒါဆို ငှက်ပျောသီးလေးသာ စားလိုက်ပါ။ ငှက်ပျောသီးမှာ ပိုတက်စီယမ် ကြွယ်ဝလို့ အငန်များတဲ့ အစားအစာတွေရဲ့ သက်ရောက်မှုကို သက်သာစေပြီး သွေးဖိအားကို ကျစေပါတယ်။

    • လက်ဖက်စိမ်း

    လက်ဖက်စိမ်း ရေနွေးကြမ်း တစ်ဖန်ခွက်မှာ ကိုလက်စထရောကို ကျစေတဲ့ flavonoidsတွေ အပြည့်အဝ ပါဝင်ပါတယ်။ ဒါ့ကြောင့် စားပြီးရင် လက်ဖက်စိမ်း သောက်လိုက်တာနဲ့ အကျိုးမပြုတဲ့ သွေးတွင်းကိုလက်စထရော(LDL) ပမာဏကို လျော့ကျစေနိုင်တယ်။ သွေးဖိအားကိုလည်း ပုံမှန် ပြန်ဖြစ်စေပါတယ်။

    • အခွံမာသီး နဲ့ အစေ့အဆန်များ

    အစားများခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့အတွက် အခွံမာသီး နဲ့ အစေ့အဆန်လေး နည်းနည်းတော့ စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီး၊ မြေပဲနဲ့ တခြား အစေ့အဆန်တွေက အကျိုးပြုအဆီဓါတ် (omega-3 fatty acids)၊ မပြည့်ဝဆီတွေ နဲ့ ဗီတာမင် E တို့ကြွယ်ဝတဲ့အတွက် သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးကြောတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    • ဟင်းနုနွယ်

    အစား များများ စားပြီးတဲ့အခါ ခန္ဓါကိုယ်မှာ လုပ်ဆောင်စရာတွေ များပါတယ်။ ဟင်းနုနွယ်မှာ အဆီတွေ ချေဖျက်တဲ့ ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်စေနိုင်တဲ့ ဗီတာမင်B2 ကြွယ်ဝပါတယ်။ ဗီတာမင် B တွေက ရောဂါတွေကို တိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒီအရွက်ကို အပူပေးရုံ ပေးပြီး စားပေးတာ အကောင်းဆုံးပါ။ ကြာကြာပြုတ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါသွားနိုင်ပါတယ်။ ဥပမာ ဟော့ပေါ့ စားတယ် ဆိုရင် နောက်ဆုံး ပြီးခါနီးကျ အရွက်ကို ဖျောပြီး စားလိုက်ပါ။

    • ချင်း

    ချင်းက အစာခြေ လမ်းကြောင်း အတွင်းမှာ ရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး လေတွေ ဖယ်ရှားပေးပါတယ်။ အစာကြေ မြန်စေတယ်။ အားလုံး စားလို့ ပြီးတဲ့အချိန် ချင်းရေနွေးကြမ်း တစ်ခွက် သောက်လိုက်ရင် ကွက်တိပဲလေ။

    • လိမ္မော်သီး

    ဗီတာမင် C ကြွယ်ဝပြီး အရသာ ရှိတယ်၊ အအီပြေစေတဲ့ လိမ္မော်သီးလေးက ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီတွေကို ပိုပြီးချေဖျက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားလည်း ကောင်းစေတယ်။ လိမ္မော်သီး နဲ့ အချိုတည်း ဒါမှမဟုတ် လိမ္မော်ရည်လေး သောက်ပါ။ (အချိုများတဲ့ ပုလင်း အချိုရည်တွေထက် အသီး ဖျော်ရည်က ပိုကောင်းပါတယ်)

    • ရေသောက်ပါ

    ခန္ဓါကိုယ်ထဲ စားသောက်ထားသမျှကို ရေနဲ့ ဆေးချလိုက်ပါ။ ရေသောက်ခြင်းက အစာကြေ မြန်စေရုံမက ဝမ်းကို ပျော့စေပြီး အစာစွန့်စနစ်ကို လွယ်ကူစေပါတယ်။ အစားတလိုင်းလေးတွေ အဆင်ပြေပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement