backup og meta

ယာကွန် (Yacon)


Aye Thi Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယာကွန် (Yacon)

    ယာကွန် (Yacon)

    ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ယာကွန်ပင်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ယာကွန် မှာ ဖလက်ဗနွိုက် flavanoid၊ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructooligosaccharide နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တဲ့ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးအနေနဲ့သတ်မှတ်ထားပါတယ်။

    ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နဲ့မျိုးစိတ်တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီးအရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုးပန်းပွင့်လေးတွေပွင့်ကြပါတယ်။

    ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။

    ယာကွန် နဲ့ အာဟာရ

    ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဖော့စဖရိတ်ဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ခန့်လည်းပါဝင်နေပါတယ်။

    ယာကွန်ဥမှာပါတဲ့ အချိုဓါတ်က ဖရက်တိုအိုလီဂိုဆက်ခရိုက်fructoligosaccharide (oligofructose) ပမာဏများစွာကနေရရှိတာဖြစ်ပါတယ်။ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructoligosaccharide ကသကြားဓါတ်တစ်မျိုးဖြစ်ပြီး ဒီအချိုဓါတ်ကို ခန္ဓါကိုယ်က မချေဖျက်နိုင်တာကြောင့် ယာကွန်ဥဟာ ဆီးချိုရောဂါသည်တွေနဲ့ ကိုယ်အလေးချိန်ချချင်နေသူတွေအတွက်စားသုံးဖို့သင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။

    ယာကွန်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

    ယာကွန်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်သလို ကိုလက်စထရောပမဏကိုထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုတိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်းအထောက်အပံ့ပေးပါတယ်။ ယာကွန်ကတန်ဖိုးကြီးတဲ့တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုလည်းကျက်စေနိုင်တဲ့အစွမ်းသတ္တိလည်းရှိပါတယ်။ ယာကွန်က ရောဂါရှိသူတွေမှာကျန်းမာရေးအခြေအနေကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ရုံသာမက ကျန်းမာရေးကောင်းမွန်သူတွေကိုလည်း ကျန်းမာနေအောင်လုပ်ဆောင်ပေးပါတယ်။

    • ကိုယ်အလေးချိန်ကျဆင်းစေခြင်း – ယာကွန်ဥမှာ ကိုယ်အလေးချိန်ကျဆင်းစေနိုင်တဲ့ ပစ္စည်းတွေပါဝင်နေတာကြောင့် “Diet potato” ဒိုင်းရပ်ပိုတေတိုး လို့သိတောင်ခေါ်ဝေါ်ကြပါတယ်။ ယာကွန်ဥမှာ ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး အချိန်အတော်ကြာဗိုက်ပြည့်နေတယ်လို့ခံစားရစေတဲ့ ဖရက်တိုအိုလီဂိုဆက်ခရိုက်fructooligosacharide ဓါတ်တစ်မျိုးလည်းပါဝင်ပါတယ်။
    • အမျိုးအစား – ၂ ဆီးချိုရောဂါကိုထိန်းညှိပေးခြင်း – ယာကွန်ဥထဲမှာ ဖရက်တိုစ် fructose လို့ခေါ်တဲ့ အင်ဆူလင်ဓါတ် တစ်မျိုးပါဝင်နေပါတယ်။ ယာကွန်ဥက အမျိုးအစား – ၂ ဆီးချိုရောဂါလိုမျိုး အင်ဆူလင်အပေါ်မှာမှီခိုနေရတဲ့ ရောဂါတွေအတွက် သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအသုံးဝင်ပါတယ်၊လို့ သုတေသီအချို့က အခိုင် အမာဆိုထားပါတယ်။
    • သဘာဝအချိုဓါတ်တစ်ရပ်အနေနဲ့အသုံးပြုနိုင်ခြင်း – ယာကွန်ဥကို ဆီးချိုဝေဒနာသည်တွေအတွက် အချိုဓါတ်မပါတဲ့ သကြားအစားထိုးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် လုပ်ဆောင်လိုသူတွေအတွက်လည်း ယာကွန်ကိုအသုံးပြုနိုင်ပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်တွေထဲမှာ လည်းယာကွန်ကထုတ်တဲ့ sweetener ကိုထည့်သောက်လို့ရပါတယ်။
    • ကင်ဆာကာကွယ်နိုင်ခြင်း – ယာကွန်မှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိရှိနေပြီး ကင်ဆာဆဲလ်တွေ ကိုတိုက်ဖျက်ခြင်းအားဖြင့် ဆဲလ်တွေမျိုးဗီဇပြောင်းလဲမှုကိုစန့်တားပေးပါတယ်။ ယာကွန်မှာ အရေပြား ကင်ဆာ၊အူမကြီးကင်ဆာနဲ့သွေးကင်ဆာရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။
    • အသည်းအဆီမဖုံးအောင်ကာကွယ်ပေးနိုင်ခြင်း – ယာကွန်က ခန္ဓါကိုယ်ရဲ့အဆီတွေကိုထိန်းညှိပေးရာမှာ အရေးပါသလို ကိုလက်စထရောစုပုံမှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကိုလက်စထရောဇိဝဖြစ်စဉ်ကိုထောက်ပံ့ကူညီပေးခြင်းဖြင့် အသည်းရဲ့ လုပ်ငန်းစဉ်တွေကို ကာကွယ်ပေးပါတယ်။ ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကိုလည်း အထောက်အကူပြုပေးပါတယ်။
    • Triglycerides ကိုလျှော့ချပေးခြင်း – ယာကွန်မှာ ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရော (ထရိုင်ဂလစ်စထရိုက် Triglycerides)ကိုကျဆင်းစေနိုင်တဲ့ ဖရက်တိုအိုလီဂိုဆက်ခရိုက်fructooligosaccharide ပါဝင်နေပါတယ်။ ထရိုင်ဂလစ်စထရိုက် Triglycerides ကျဆင်းမှုက ရုတ်တရက်နှလုံးရပ်တာမျိုးတွေနဲ့ လေဖြတ်တာမျိုးတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။
    • အကျိုးပြုဘက်တီးရီးယားတွေတိုးပွားစေနိုင်ခြင်း – ယာကွန်က အူအတွင်းမှာ အကျိုးပြုဘက်တီးရီးယား တွေကိုတိုးပွားစေခြင်းဖြင့် အစာခြေစနစ်ကို စည်းချက်ညီအောင်လုပ်ဆောင်ပေးသလို အူမရောင်နာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
    • ဝမ်းမချုပ်အောင်ကာကွယ်ပေးခြင်း – ယာကွန်က အူတွေရဲ့လှုပ်ရှားမှုကိုတိုးတက်စေတာကြောင့် ဝမ်းမချုပ်အောင် ထောက်ပံ့ပေးပါတယ်။
    • ဓါတ်တိုးဆန့်ကျင်တဲ့အစွမ်းသတ္တိတွေရှိခြင်း – ဓါတုဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုတွေအရ ယာကွန်မှာ ခန္ဒါကိုယ်အနေနဲ့ ရောင်ရမ်းမှုနဲ့နာတာရှည်ရောဂါဝေဒနာတွေကိုကာကွယ်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင် အစွမ်းသတ္တိတွေပါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီအစွမ်းသတ္တိက ယာကွန်ဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေထဲက တစ်ရပ်ပါ။ ယာကွန်ရွက်တွေမှာလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကက်ဖစ် Caffeic အက်ဆစ်၊ ဖာရူလစ် Ferulic အက်ဆစ် နဲ့ ကလိုရိုဂျင်းနစ် Chlorogenic တို့ပါဝင်နေပါတယ်။ ယာကွန်ဥမှာ ဓါတ်တိုးဆန့်ကျင် အစွမ်းသတ္တိတွေကြွယ်ဝစွာပါဝင်တာကြောင့် ယာကွန်ဥကို ပုံမှန်စားသုံးတာက သဘာဝဓါတ်တိုးပစ္စည်းပျက်စီးခြင်း တွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
    • မှိုပိုးတွေကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း – ယာကွန်ရွက်မှာ မှိုပိုးတိုက်ဖျက်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။ ယာကွန်ရွက်ကို သဲဝဲစားတာလိုမျိုး မှိုပိုးကူးစက်ဝင်ရောက်တာတွေကို ကုသဖို့အတွက်အသုံးပြုနိုင်ပါတယ်။
    • ယာကွန်မှာ ရောင်ရမ်းမှုကိုသက်သာစေနိုင်စွမ်းရှိခြင်း – ယာကွန်မှာ ရောင်ရမ်းမှုကိုလျော့ပါးသက်သာ စေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် အဆစ်နာတာ၊ အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါတွေကြောင့် ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေပါတယ်။ ယာကွန်ရွက်မှာရော၊ ယာကွန်ဥမှာပါ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်၊ လို့လေ့လာမှုတွေမှာ အတည်ပြုထားပါတယ်။
    • ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း – လေ့လာမှုတွေအရ ယာကွန်မှာ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဓါတ်သတ္တု တွေပါဝင်နေပြီး ဖျားနာနိုင်ခြေ ကို လျှော့ချပေးနိုင်စွမ်းရှိတယ်။ လို့ တွေ့ရှိခဲ့ပါတယ်။
    • အရိုးတွေကို သန်မာစေခြင်း – အသက်ကြီးလာတာနဲ့အမျှ အရိုးသိပ်သည်းစကလည်း ကျဆင်းလာပါ တယ်။ ယာကွန်က ခန္ဓါကိုယ်က အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်အရေးပါတဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်လိုမျိုး သတ္တုဓါတ်တွေကိုရရှိမှုကို တိုးတက်စေခြင်းဖြင့် အရိုးသိပ်သည်းဆကို တိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ယာကွန်ကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အရိုးပွတာ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ scoliosis (ကျောရိုးစောင်းရောဂ) ဝေဒနာတို့ဖြစ်ပေါ်ခံစားရနိုင်ခြေကို ကာကွယ်ပေးပါတယ်။
    • ဆီးရွှင်စေခြင်း – ယာကွန်က ဆီးဖြစ်ပေါ်မှုကိုတိုးစေပီး မကြာခဏဆီးသွားစေတာလိုမျိုး ဆီးရွှင်တဲ့အစွမ်း သတ္တိတွေလည်းရှိပါတယ်။ ဆီးရွှင်စေတာကြောင့် အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ကျောက်ကပ် မှာကျောက်တည်တာနဲပ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေမဖြစ်အောင် ကာကွယ်ဟန့်တားပေးပါတယ်။
    • သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း – သံဓါတ်ချို့တဲ့မှုက သွေးအားနည်းရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို အောက်ဆီဂျင်တွေသယ်ဆောင်ပေးရတဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ယာကွန်မှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် မိမိစားသုံးမယ့် အစားအသောက်တွေထဲမှာ ယာကွန်ကို ထည့်သွင်းစားသုံးပေးခြင်းဖြင့် လိုအပ်တဲ့သံဓါတ်ကို ရရှိစေမှာ ဖြစ်ပါတယ်။
    • မျိုးအောင်နိုင်စွမ်းကို တိုးစေခြင်း – နောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုမှာ ယာကွန်ဥက ကြွက်တွေမှာ သုတ်ပိုးအရေအတွက်ကိုတိုးစေပြီး testosterone တက်စတိုစတီရုန်း ဟော်မုန်းအရေအတွက်ကိုလည်းတိုးစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တက်စတိုစတီရုန်း testosterone ဟော်မုန်းအရေအတွက် ကျဆင်းမှုက သုတ်ပိုးအရေအတွက် လျော့နည်းရတဲ့ အဓိကအကြေင်းအရင်းတစ်ရပ်ဖြစ်ပြီး မျိုးအောင်နိုင်စွမ်းကိုကျဆင်းစေတာဖြစ်ပါတယ်။ ယာကွန်က အမျိုးသားတွေမျိုးအောင်နိုင်စွမ်းအတွက် သုံးစွဲဖို့သင့်တော်တဲ့ သဘာဝ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    ယာကွန်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ အစွမ်းသတ္တိတွေရျိသလို ဘးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်။ ယာကွန်ရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

    • ဓါတ်မတည့်မှုဖြစ်စေခြင်း – ယာကွန်မှာပါတဲ့ ဓါတ်တွေနဲပ ဓါတ်မတည့်တာမျိုးလည်းရှိနိုင်ပါတယ်။
    • အူနာကျင်တာနဲ့ ဝမ်းမနိုင်တာ – တန်ဆေး လွန်ဘေးဆိုသလိုပဲ ယာကွန်ဥကိုလိုတာထက်ပိုမိုစားသုံး မယ်ဆိုရင်တော့ အူတွေနာကျင်တာနဲပ ဝမ်းမနိုင်တာမျိုးတွေခံစားရနိုင်ပါတယ်။
    • ကျောက်ကပ်ထိခိုက်စေနိုင်ခြင်း – ဆီးချိုဝေဒနာခံစားနေရတဲ့ ကြွက်တွေကို ရက်ပေါင်း ၉၀ ကြာ ယာကွန်ရွက်ကျွေးပြီးစမ်းသပ်ကြည့်ခဲ့ပါတယ်။ ကြွက်တွေမှာ ယာကွန်ရွက်ကို ရေရှည်အသုံးပြုတဲ့အခါ ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွေခံစားလာရတာကိုတွေ့ရှိရပါတယ်။

    သတိထားသင့်တဲ့အချက်တွေ

    ယာကွန်ဥကိုမသုံးစွဲခင်မှာအောက်ပါအချက်လေးတွေကို အရင်သိထားသင့်ပါတယ်။

    • ယာကွန်ဥကို ကုထုံးတစ်ရပ်အနေနဲ့ (သို့) ကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုမယ်ဆိုရင်ဘေးကင်း အောင်ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
    • ယာကွန်ဥနဲ့ ယာကွန်ရွက် သတ္တုရည်တွေမှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်နေ တာကြောင့် ဝမ်းလျှောစေနိုင်ပါတယ်။
    • ယာကွန်ဥက အချို့သူတွေမှာ ဓါတ်မတည့်မှုလက္ခဏာတွေဖြစ်ပေါ်ခံစားရစေပါတယ်။
    • ယာကွန်ဥ ရေနွေးကြမ်းက ဆီးချိုသမားတွေအတွက် သင့်တော်တယ်ဆိုပေမယ့် ကျောက်ကပ် ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်၊ လို့တွေ့ရှိချက်တွေရှိနေပါတယ်။
    • ယာကွန်ဥက ကလေးငယ်တွေ၊ကိုယ်ဝန်ဆေဆာင်တွေနဲ့နို့တိုက်မိခင်တွေအတွက် သင့်တော်ဘေးကင်းတယ်လို့ သုတေသနတွေက ဖော်ညွှန်းထားတာမျိုး အခုထိမရှိသေးပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement