ဆွမ်းမွှေးရွက်က အစားစားချင်စိတ်ကို အားပေးလှုံ့ဆော်နိုင်စွမ်း ရှိတယ် ဆိုတော့ ဆွမ်းမွှေးရွက်ကို ကိုယ့်အစားအသောက်ထဲ ထည့်သွင်းသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ သူနဲ့ လုပ်တဲ့ အချိုပွဲ မုန့်လေးတွေ၊ အစားအသောက်တွေ၊ ရေနွေးကြမ်းတွေ စတဲ့ တစ်နည်းနည်းနဲ့ပေါ့။
သတိထားဖို့က –
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တတ်ပေမယ့် ပမာဏများများ သို့မဟုတ် နေ့စဉ်ရက်ဆက် စားသုံးလို့ မဖြစ်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် လွန်ပြီးဘေးမဖြစ်စေဖို့အတွက် နေ့စဉ်စားသုံးနေကျ အသီးအရွက်တွေက လွဲလို့ ဘယ်ဆေးဖက်ဝင်အသီးအရွက်ကို မဆို ဆင်ခြင်စားသုံးဖို့ သတိချပ်စေချင်ပါတယ်။
အခုချိန်ထိ မုန့်လုပ်တဲ့နေရာမှာ ထည့်သွင်းလေ့ရှိကြပေမယ့် ပမာဏ အနည်းငယ်သာ ထည့်သွင်းရတာ ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ ခတ်သောက်တဲ့ အလေ့ အာရှနိုင်ငံတချို့မှာ ရှိကြပေမယ့် ကိုယ့်မှာ ကျန်းမာရေးပြဿနာအခံ သို့မဟုတ် ရောဂါ တစ်ခုခု ရှိနေတယ်ဆို မသောက်သုံးဖို့ သတိပေးချင်ပါတယ်။ ဒီတော့ မုန့်တွေ စားတာလောက်က ဘေးမရှိပါဘူး၊ ရေနွေးကြမ်းလုပ်သောက်ဖို့တော့ ပမာဏများများ ဝင်နိုင်တာမို့ သတိထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။