မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

အစစ အရာရာ အမြန်အဆန်လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ်အတော်များများ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အတွက် အချိန်ပေးရတဲ့အတွက် မနက်စာလွတ်တတ်ကြပါတယ် ။ ညအိပ်ရာဝင်တာ နောက်ကျခြင်း ၊ ကားလမ်းပိတ်ခြင်းတွေကြောင့် စောစောကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ ။

လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရ‌ဓါတ်တွေကပဲ အဓိက ရယူပါတယ် ။  လူတွေကသာ ညဘက်အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။ ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် အာဟာရဓါတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓါတ်တွေ အထူးသဖြင့် သကြားဓါတ်တွေက နည်းနေပါတယ် ။

အဲ့ဒီအချိန်မှာ မနက်စာလွတ်တဲ့အတွက် အာဟာရမရရင် နဂိုကတည်းက အာဟာရဓါတ်နည်းနေတဲ့အချိန် ဖြစ်တဲ့အတွက် ပိုပြီးသိသာစေပါတယ် ။ ခန္ဓာကိုယ်အတွက် ဦးနှောက်က မော်တော်အင်ဂျင်တစ်လုံးလို့ တင်စားရရင် သကြားဓါတ်တွေက အားဖြည့်ပေးတဲ့ ဓါတ်ဆီလို့ ခေါ်နိုင်ပါတယ် ။ မနက်ခင်းမှာ အာဟာရမရှိတော့ ဦး‌နှောက်မကြည်တဲ့အတွက် အာရုံစိုက်တာ အားနည်းခြင်း ၊ ဒေါသထွက်လွယ်ခြင်း ၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း ၊ ချွေးစေးထွက်ခြင်း ၊ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေနဲ့ သကြားဓါတ် အရမ်းကျရင် သတိလစ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ် ။

မနက်စာမစားရတာ ရေရှည်ကြာလာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ပြောင်းလဲပြီး အဝလွန်ခြင်း ၊ဟော်မုန်းများ အပြောင်းအလဲဖြစ်ပြီးတော့ စိတ်တိုလွယ်ခြင်း တွေ ဖြစ်တတ်ပါတယ် ။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံးရောဂါ ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ဝေဒနာတွေလည်း ခံစားရနိုင်ပါတယ် ။

ဒီလိုမဖြစ်စေရအောင် တတ်နိုင်သမျှတော့ မနက်စာ စားသင့်ပါတယ်။ အာဟာရဖြစ်စေတဲ့ အစားအစာတွေ ၊ သစ်သီးဝလံတွေ စားတာက အားရှိစေတဲ့အပြင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် မနက်စာ စားဖို့ အကြံပြုလိုပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ

    အသားဆေး ပြည်တည် ဘက်တီးရီးယားပိုး ပိုးမသတ် စတီးရွိုက် ဆီးချို အဝလွန် ပိုးသတ်ဆေး ရေနွေးဝတ် တစ်ခါသုံးအပ် ခွဲစိတ်ကုသ ဆေးထိုးတဲ့နေရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    တာအိုးရွက် နဲ့ ကျန်းမာရေး

    ဟော့ပေါ့ ကျန်းမာရေး အာဟာရ ကယ်လ်လိုရီ အမျှင်ဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် ပရိုတင်း သံဓာတ် တာအိုးရွက် သကြားဓာတ် ကိုယ်အလေးချိန် ခန္ဓာကိုယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

    ဖရဲသီး ကျန်းမာရေး အာဟာရဓာတ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် A ပရိုတင်း သံဓာတ် ရေဓာတ် ခန္ဓာကိုယ် သွေးစီးဆင်းမှု ကိုယ်ခံအား ဗီတာမင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု

    ဖရဲသီး အသားအရေ ကျန်းမာရေး အကျိုးကျေးဇူး ရေဓာတ် အစိုဓာတ် ဝက်ခြံ ဆားဝက်ခြံ ခန္ဓာကိုယ် အဆီဂလင်း ဗီတာမင် A အရွယ်တင်စေ အဆီပြန်တာ ဗီတာမင် C အသားအရေကို ကြည်လင်စေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ထိုင်နေရင်း သေသွားကြသူများ

    ထိုင်နေရင်း သေသွားကြသူများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read
    အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

    အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read
    Contact lenses လို့ခေါ်တဲ့ မျက်ကပ်မှန် လေးတွေ တပ်မယ်ဆိုရင်

    Contact lenses လို့ခေါ်တဲ့ မျက်ကပ်မှန် လေးတွေ တပ်မယ်ဆိုရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read
    Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

    Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read